Thursday, August 14, 2014

၄၃၆ ပြင်ဆင်ရေးလက်မှတ် လွှတ်တော်သို့ အင်န်အယ်လ်ဒီပေးပို့


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း တို့၏ ပူးပေါင်းကော်မတီမှ ဦးဉာဏ်ဝင်းနှင့် ဦးကိုကိုကြီး တို့ လတ်မှတ်ရေးထိုးကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူငါးသန်းခန့် ရေးထိုးထားသော လက်မှတ်များကို သြဂုတ် ၁၃ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့လိုက်ပြီဖြစ်သည်။

“လွှတ်တော်ရဲ့ အထင်ကရ ဆောင်ပုဒ်များအရ၊ ပြည်ထောင်စုလွှတ်တော် နာယကကြီးများ မိန့်ကြားချက် အရ ပြည်သူလူထုအသံ၊ ပြည်သူလူထု ဆန္ဒကိုအလေးထားပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ကို လိုအပ်သလို ဆောင်ရွက်နိုင်ရန် တင်ပြပါသည်”ဟု ကော်မတီ၏ စာတွင် ရေးသားထားသည်။

အင်န်အယ်လ်ဒီနှင့် ၈၈ မျိုးဆက်ပူးပေါင်းကော်မတီက မေ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက်ထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့သော်လည်း ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ မြို့နယ်ပေါင်း ၂၉ မြို့နယ်များသို့ သွားရောက်ကောက်ယူနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ၃၀၁ မြို့နယ်မှ လက်မှတ် ၄,၉၅၃,၀၉၃ (လေးသန်းကိုးသိန်းကျော်) ရရှိခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List