Wednesday, August 13, 2014

၄၃၆ ပြင်ဆင်ရေးလက်မှတ်အရေအတွက် နည်းသွားခြင်းကို ဦးဇိုဇမ် နောင်တ စကားဆို


ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုးလှုပ်ရှားမှု လက်မှတ်များသည် ယခုထက်ပမာဏပိုရသင့်သည်ဟု ချင်းအမျိုးသား ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောကြားလိုက်သည်။ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလှုပ်ရှားမှုများကို လွန်ခဲ့သည့်နှစ်များကပင် ကြိုတင်မပြုလုပ်ခဲ့သည့်အတွက် နိုင်ငံရေးသမားများ၏ အမှားဟုသာထင်မြင်ကြောင်း ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ဦးဇိုဇမ်ကပြောကြားသည်။

‘‘လုပ်သင့်လုပ်ထိုက်တဲ့ကာလမှာ မလုပ်ခဲ့တဲ့အတွက် တော် တော်စိတ်မကောင်းဘူး။ အခုငါး သန်းတောင် မပြည့်ခဲ့ဘူး။ တကယ်ရသင့်တာက အနည်းဆုံး သန်း ၃၀လောက်ရသင့်တာပေါ့။ မိုးလွန်မှ ထွန်ချတဲ့ အတွက် ဒါသင်ခန်းစာပါပဲ’’ဟု ဦးဇိုဇမ်ကပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ် မ-၄၃၆ ပြင်ဆင်ရေး ဆန္ဒပြု လက်မှတ်ငါးသန်းခန့်သည် လွှတ်တော် တွင် ထိုက်သင့်သည့်အကျိုးသက် ရောက်မှုရှိနိုင်ကြောင်း ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေမန်းက သြဂုတ် ၁၂ ရက်တွင် ပြောကြားလိုက်သည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ပေးရန် ရက်ပေါင်း ၆၀ ကျော်ကြာ လှုပ်ရှားမှု ဆန္ဒပြုလက်မှတ်ပေါင်း လေးသန်း ကိုးသိန်းကျော်(ငါးသန်းခန့်)ရရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် မဲပေးပိုင်ခွင့်ရှိသူ သန်း ၂၀ခန့်ရှိမည်ဟု ခန့်မှန်းရာ အဆိုပါ လက်မှတ်အ ရေအတွက်ကို နည်းသည်ဟု မပြောနိုင်ကြောင်း အမျိုးသားဒီိမို ကရေစီအဖွဲ့ချုပ် ပါတီပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်းတို့ ပူးပေါင်းပြုလုပ်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုများမှ ရရှိသည့်အကျိုးအမြတ်မှာ ပြည်သူများ နိုင်ငံရေးနိုးကြားလာမှု၊ အခြေခံဥပဒေ၏အရေးပါမှု ကို သိရှိလာမှု၊ ဖွဲ့စည်းပုံပါပုဒ်မများအကြောင်း ရှင်းပြနိုင်မှုစသည့် အကျိုးအမြတ်များသာဖြစ်သည်ဟု လည်း သြဂုတ် ၆ ရက်တွင် ဦးကိုကိုကြီးက ပြောကြားထားသည်။

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးအကောင်အ ထည်ဖော်ရေး ကော်မတီသည် လာမည့်လွှတ်တော် အစည်းအ ဝေးတွင် အစီရင်ခံစာတင်သွင်း နိုင်ရန် ပြင်ဆင်နေပြီး ဆွေးနွေးရန် အခန်းများအားလုံးပြီးစီးလုနီးပါး ဖြစ်နေကြောင်း ကော်မတီအဖွဲ့ ၀င်တစ်ဦး ကပြောကြားသည်။

၂၀၁၅ မတိုင်မီအခြေခံဥပ ဒေကို အာဏာရပါတီ၏ ထောက် ခံမှုဖြင့် ပြင်ဆင်နိုင်မည်ဖြစ်သော် လည်း တိုင်းရင်းသားများနှင့် ဒီမိုကရေစီအင်အားစုများပြင်ဆင်လို သောအချက်များ ပြင်၊ မပြင်ကိုမူ မပြောနိုင် ကြောင်း တိုင်းရင်းသား နိုင်ငံရေးပါတီများက ပြောကြား ထားသည်။


7Day News Journal

No comments:

Post a Comment

My Blog List