အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲစ်မြို့သို့ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပျံသန်း သွားသည့် အိန္ဒိယနိုင်ငံ Jet Airways လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် တူရကီနိုင်ငံ လေပိုင် နက်အတွင်း ရောက်ရှိစဉ် အမြင့်မီတာ ၁၅၀၀ ခန့် နိမ့်ဆင်းသွားသည်ကို မသိခဲ့သော လေယာဉ်မှူးနှစ်ဦး ကို သြဂုတ် ၁၄ ရက်တွင် တာဝန်မှ ရပ်ဆိုင်းထားကြောင်း သိရသည်။
ယင်းကဲ့သို့ လေယာဉ်နိမ့်ကျသွားစဉ်တွင် တွဲဘက်လေယာဉ်မှူးအမျိုးသမီးသည် Tablet ကွန်ပြူ တာကို အသုံးပြုနေခဲ့ရာ အန်ကာရာ မြို့ရှိ လေကြောင်း ထိန်းချုပ်ရေးဌာနမှ အရေး ပေါ်အချက်ပေးမှုကို မသိရှိ ခဲ့သောကြောင့် ပျံသန်းလာသည့် အခြားလေယာဉ်တစ်စင်းကို အမြင့်ပြောင်း လဲ ပျံသန်းစေခဲ့ရကြောင်း Time of India သတင်းစာတွင် ဖော်ပြခဲ့သည်။
အိန္ဒိယတွင် ဒုတိယအကြီးဆုံးဖြစ်သည့် Jet Airways လေကြောင်းလိုင်းကို အဘူဒါဘီအခြေစိုက် Etihad Airways လေကြောင်းလိုင်းက အစုရှယ်ယာ ၂၄ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။
Ref:AFP
Mizzima - News in Burmese

No comments:
Post a Comment