Wednesday, August 13, 2014

အစိုးရနှင့် အပစ်ရပ်စဲရေး လုပ်ဆောင်ထားသည့် တိုင်းရင်းသားအဖွဲ့များအကြား နှစ်ဖက်သဘောတူညီချက်များ အကောင်အထည်ဖော်ဆောင်ရာ၌ အားနည်းချက်များစွာ ရှိနေ


အစိုးရနှင့် အပစ်ရပ်စဲရေး လုပ်ဆောင်ထားသည့် တိုင်းရင်းသားအဖွဲ့များအကြား နှစ်ဖက်သဘောတူညီ ချက်များ အကောင်အထည်ဖော်ဆောင်ရာ၌ အားနည်းချက်များစွာ ရှိနေကြောင်း ဩဂုတ် ၁၁ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ကျင်းပခဲ့သည့် နိုင်ငံရေးပါတီများသို့ ငြိမ်းချမ်းရေးဖြစ်စဉ် များအား ရှင်းလင်းတင်ပြခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်း အခမ်းအနားတွင် Myanmar Peace Center မှ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအရ သိရသည်။

အပစ်ရပ်စဲပြီး အဖွဲ့များနှင့် နှစ်ဖက်သဘောတူညီချက်များအား အကောင်အထည်ဖော်ဆောင်မှု အခြေ အနေများတွင် နိုင်ငံရေးတွင် ရာခိုင်နှုန်း ၃ဝ ကျော်၊ စစ်ရေးတွင် ၁၇ ရာခိုင်နှုန်း၊ ဒေသဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာများတွင် ရာခိုင်နှုန်း ၂ဝ နီးပါးနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ အကူအညီ ထောက်ပံ့ရေး ဆိုင်ရာများတွင် ၁၄ ရာခိုင်နှုန်း လုပ်ဆောင်ထားနိုင်သော်လည်း လူအခွင့်အရေးနှင့် ပညာရေး၊ ယဉ်ကျေး မှုဆိုင်ရာများတွင် ၁၄ ရာခိုင်နှုန်း၊ မူးယစ်ဆေးဝါးကဏ္ဍတွင် လေးရာခိုင်နှုန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍတွင် တစ်ရာခိုင်နှုန်းသာ လုပ်ဆောင်ထားနိုင်ကြောင်း ရှင်းလင်းချက်များအရ သိရသည်။

နှစ်ဖက်သဘောတူညီချက်များ အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများမှာ သက်ဆိုင် ရာဌာနများအကြား ညှိနှိုင်းဆောင်ရွက်မှု အချိတ်အဆက် အားနည်းခြင်း၊ အချက်အလက် မျှဝေဖလှယ် ရာတွင် သတ်မှတ်ထားသော ပုံမှန်လမ်းကြောင်း မရှိခြင်း၊ ဘတ်ဂျက်အခက်အခဲနှင့် စာချုပ်များအပေါ် သဘောပေါက်နားလည်မှုတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ကို ဆွေးနွေးဖက်အဖြစ် သတ်မှတ်ကာ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ရာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့မှလွဲ၍ အဖွဲ့ ၁၄ ဖွဲ့နှင့် အပစ်ရပ်စဲရေး သဘောတူညီမှုများကို ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် လုပ်ဆောင်ထားနိုင်ခဲ့သည်။

လက်ရှိအစိုးရနှင့် KIO တို့သည် အပစ်ရပ်စဲရေး မဆောင်ရွက်နိုင်သေးသော် လည်း ပစ်ခတ်တိုက် ခိုက်မှုများ လျှော့ချနိုင်ရန်အတွက် နှစ်ဖက်လုံးမှ ကိုယ်စားလှယ်များ ပါဝင်သော ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ဖွဲ့ကာ ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိနေပြီး အစိုးရနှင့် TNLA အဖွဲ့တို့သည် ပြည်နယ်အဆင့် ဆွေးနွေးမှုတစ်ကြိမ် ပြုလုပ်ပြီးဖြစ်ကာ သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပေ။

လက်ရှိအစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆိုင်ရာများကို အလွတ်သဘောဆွေးနွေးမှု အကြိမ် ၂၅ဝ ခန့်နှင့် တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၅ဝ ကျော် ပြုလုပ်ထားပြီး ဖြစ်သည်။

ယခင် စစ်အစိုးရလက်ထက်တွင် အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့သည့် အဖွဲ့အစည်းပေါင်း ၄ဝ ရှိရာ နယ်ခြားစောင့်တပ်ဖွဲ့သို့ အသွင်ပြောင်းသွားသည့် အဖွဲ့အစည်းများ၊ ပြည်သူ့စစ်တပ်ဖွဲ့သို့ အသွင်ပြောင်း သည့် အဖွဲ့အစည်းများ ရှိခဲ့သည်။

လက်ရှိအစိုးရ၏ ဆွေးနွေးဖက်အဖြစ် သဘောတူထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့ (UWSA)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ ပအိုဝ့် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရှမ်းပြည်တိုး တက်ရေးပါတီ (SSPP/SSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းပြည်နယ် အရှေ့ပိုင်းအထူးဒေသ(၄) မိုင်းလားအဖွဲ့(NDAA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ် တပ်ဦး (ABSDF) နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) တို့ ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment

My Blog List