Tuesday, August 12, 2014

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် တို့သည် ဒေါ်အောင်ဆန်းစုကြည်နေ အိမ်တွင် တနင်္ဂနွေနေ့က မိနစ်၅၀ ကြာ တွေ့ ဆုံဆွေးနွေး ခဲ့ကြသည်။

၎င်းတို့နှစ်ဦးသည် ဩဂုတ် ၁၀ ရက် ည၈နာရီ ၃၅မိနစ်ခန့်တွင် တက္က သိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင် ဆန်းစုကြည်နေ အိမ်တွင် တွေ့ဆုံခဲ့ ခြင်းဖြစ်ပြီး ဆွေးနွေးသည့်အကြောင်း အရာများအား မီဒီယာများ အား ထုတ် ဖော်ပြောကြားခြင်းမရှိဘဲ ဝန်ကြီး ဂျွန်ကယ်ရီနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ နှစ်ဦး သားတွေ့ဆုံနှုတ်ဆက် သည့်ပုံများကို ဖိတ်ကြားထားသည့် မီဒီယာ များအား ရိုက်ယူခွင့်ပြုခဲ့ သည်။

အမေရိကန်နိုင်ငံခြားရေးဝန် ကြီးမစ္စတာဂျွန်ကယ်ရီသည် အာဆီ ယံဒေသတွင်း ဖိုရမ်အစည်းအဝေး တက်ရောက်ရန် အတွက် မြန်မာနိုင် ငံသို့ ၉ရက် တွင်ရောက်ရှိခဲ့ပြီး ရောက် ရှိချိန်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်း၊ အတိုက်အ ခံခေါင်းဆောင် ဒေါ် အောင် ဆန်းစုကြည် တို့နှင့် တွေ့ဆုံ ပြီး ဩဂုတ် ၁ဝရက် ည၁ဝနာရီဝန်း ကျင်ခန့်တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်အား သွားရောက်ဖူးမြော် ခဲ့သည်။

SYMZ
Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List