Friday, August 15, 2014

ဓမ္မစေတီခေါင်းလောင်းဆယ်ယူမှု သတ္တမမြောက်နေ့၌တိမ်တိုက်များက ခေါင်းလောင်းပုံသဏ္ဌာန် ထူးခြားစွာ ဖွဲ့စည်းဖြစ်ပေါ်ခဲ့



ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူမှု သတ္တမ မြောက်နေ့တွင် ခေါင်းလောင်းကြီး ဆယ်ယူသည့် နေရာအထက် မိုး ကောင်းကင်ပေါ်တွင် တိမ်တိုက်များက ခေါင်းလောင်းပုံသဏ္ဌာန် ထူးခြားစွာ ဖွဲ့စည်းဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ကြောင်း လာရောက် ကြည့်ရှုသည့် ရဟန်းရှင်လူပြည်သူ အပေါင်းက ဆိုသည်။
''ပထမစက်ဝိုင်းပုံသဏ္ဌာန်ပေါ် ပြီး တဖြည်းဖြည်းနဲ့ခေါင်းလောင်းပုံ သဏ္ဌာန်ပေါ်လာတာ။ အချိန်ကခဏ လေးပဲ။ သုံးမိနစ်လောက်တော့ကြာ မယ်ထင်တယ်''ဟုခေါင်းလောင်းဆယ် ယူနေမှုအား ဒလမြို့နယ်မှလာရောက် ကြည့်ရှုသည့်အသက် ၆၇နှစ်အရွယ် ဦးဇော်မြင့်က ဆိုသည်။

ဓမ္မစေတီခေါင်းလောင်းတော် ကြီးအား ဆယ်ယူနေစဉ် သြဂုတ်လ ၁၄ ရက် သတ္တမမြောက်နေ့ ညနေ၃ နာရီတိတိတွင် ခေါင်းလောင်းတော် ကြီးဆယ်ယူနေသည့် မိုးကောင်းကင် အလယ်တည့်တည့်တွင် တိမ်တိုက်များက ခေါင်းလောင်းပုံ သဏ္ဌာန်၊ အချိန်အားဖြင့် ၅မိနစ်ခန့် ဖြစ်ပေါ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ 

''ခေါင်းလောင်းကြီး ဆယ်ယူနေ တုန်း ဒီလိုထူးခြားမှုဖြစ်စဉ်တွေဖြစ် လာမယ်ဆိုတာကို ကြိုတွက်ထားပြီး သားပါ။ ဒါကြောင့် ဒီလက္ခဏာက ကောင်းမွန်တဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ ခေါင်းလောင်းတော် ကြီးပြန် ဆယ်ယူရရှိ မယ်လို့ယုံလဲ ယုံကြည်ပါ တယ်'' ဟုပဲခူးမှလာရောက်ကြည့်ရှု သည့် ဒေါ်စန်းစန်းမြင့်က ဆိုသည်။

ခေါင်းလောင်းတော်ကြီးဆယ် ယူမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ သတင်းပြန်ကြားရေးမှ တိကျသေချာ သည့် သတင်း ထုတ်ပြန်ချက်များမရှိ သည့်အတွက် ခေါင်းလောင်းတော် ကြီးနှင့်ပတ်သက်၍အပြင်၌ ကြီးမား သည့်ကောလာဟလ သတင်းများဖြစ် ပေါ်လျက်ရှိသည့်အတွက် သတင်း မီဒီယာသမားများနှင့် လာရောက် ကြည့်ရှုသည့် လူထုပရိသတ် အပေါင်းအား တိကျသေချာသည့် သတင်းထုတ်ပြန်ချက်များ ဆောင်ရွက်ပေးသင့်ကြောင်း အလုံမြို့နယ်မှ လာ ရောက်ကြည့် ရှုသည့် ဦးခင်မောင်ရှင်း က ဆိုသည်။

''ကျွန်တော်က ဒီနေ့ကထွက်တဲ့ ပုဂ္ဂလိကသတင်းစာ တစ်ခုမှာ ခေါင်း လောင်းကြီးက သင်္ဘောနဲ့အုပ်နေတယ် လို့ရေးသားထားတော့ ပြန် တွေ့ပြီထင်လို့ လာကြည့်တာပါ။ ဒီရောက်မှ သတင်းနဲ့ပတ်သက်ပြီး ဘာ တစ်ခုမှ သတင်းပြန်ကြားရေးအဖွဲ့ ကထုတ်ပြန်ထားခြင်းမရှိဘူးလို့ သိရ တယ်။ တကယ်အပြင်မှာလဲ ခေါင်း လောင်းကြီးက တွေ့နေပြီလို့၊ နှစ်ပတ် နဲ့အပြီးဆယ်မှာတို့စသည်ဖြင့်ပေါ့၊ ကောလာဟလတွေ ပြောနေတော့ ခေါင်းလောင်း ဆယ်ယူမှုအဖွဲ့သတင်း ပြန်ကြားရေးအနေနဲ့ တိကျတဲ့သတင်း အချက်အလက်ကို ပေးသင့်ပါတယ်။ ဒီအတိုင်းဆို အပြင်ကပြောနေတဲ့ ကောလာဟလတွေကို တကယ်လိုလို ထင်ကုန်လိမ့်မယ်'' ဟု၎င်းကဆက် လက်ပြောသည်။ 

ရှာဖွေရေးအဖွဲ့သည် သက်သတ် လွတ်စားသောက်ပြီး ခေါင်းလောင်း တော်ကြီးကို ရှာဖွေ ဆယ်ယူနေခြင်း ဖြစ်သည့်အတွက် အေးရှားပွိုင့် ဘိုး လိန်းစင်တာမှ သက်သတ်လွတ်ကြာဇံ ထုပ်များနှင့် သစ်သီးများကို သြဂုတ် ၁၅ရက်တွင် သွားရောက်လှူဒါန်း ပေးသွားမည်ဖြစ်ပြီး လာရောက်ကြည့် ရှုသူ ပြည်သူလူထုအတွက်လည်း သောက်ရေသန့်များ၊ လုံခြုံရေးအစောင့် များ၊ နားနေစရာနေရာများကိုယနေ့ မှစကာ စီစဉ်ပေးထားသည်။

''ကျွန်တော်တို့က ဆယ်ယူတဲ့ အဖွဲ့တွေအနေနဲ့လဲ အကုန်လုံးသက် သတ်လွတ်စားပြီးမှ လုပ်တာပါ။ သတင်းပြန်ကြား ချက်နဲ့ပတ်သက်ပြီး သေချာတဲ့ အချက်အလက်ကိုပေးဖို့အတွက် ခေါင်းလောင်းကြီးဆယ်ယူ မှုမှာ အနှောင့် အယှက်ဖြစ်မှာစိုးလို့ ပြောလို့မရသေးပါဘူး''ဟု ခေါင်း လောင်းဆယ်ယူမှုအဖွဲ့သတင်းပြန် ကြားရေးမှ တာဝန်ရှိသူ တစ်ဦးကပြော သည်။

ဓမ္မစေတီခေါင်းလောင်းတော် ကြီးဆယ်ယူနေသည့် ရက်မှာသတ္တမ မြောက်နေ့ ရောက်ရှိလာပြီဖြစ်သော် လည်း ခေါင်းလောင်းတော်ကြီး ဆယ် ယူမှုနှင့်ပတ်သက်ပြီး သတင်းအ ချက်အလက်များကို တာဝန်ရှိသူ များက ထုတ်ပြန်ပြောကြားနိုင်ခြင်း မရှိသေးသော်လည်း ခေါင်းလောင်း ကြီးဆယ်ယူရရှိနိုင်မည်ဆိုသည့် ယုံ ကြည်ချက်ဖြင့် ကြည့်ရှုသူ ပရိသတ် များမှာ ယခင်နေ့များထက် ပိုမိုများ ပြားစွာလာရောက်ကြည့်ရှုနေကြောင်း သိရသည်။

''သူတို့ဘက်က တိကျတဲ့အခါ ကြေငြာပေးမယ် ပြောတယ်။ ဒါပေမဲ့ ဆယ်ယူမှုနဲ့ပတ်သက်ပြီး အနည်းငယ် လောက်ပဲဖြစ်ဖြစ်သိချင်တယ်။ ပြီး တော့ ဆယ်ယူမှုကိုလဲ အားမရဘူး။ ဒါပေမဲ့ ဆယ်လို့ရမယ်လို့ထင်မိတယ်။ ဒါကြောင့် သူတို့ဘက်က သတင်းမထုတ်ပြန်လဲ ခေါင်းလောင်းကြီး ဆယ်လို့ရပါစေဆိုတဲ့စိတ်နဲ့ပဲ ငါးရက် ဆက်တိုက်ရှိပြီလာကြည့်တာ''ဟု ကွမ်းခြံကုန်မြို့နယ်မှ ဦးဇော်မြင့်က ဆိုသည်။

ခေါင်းလောင်းတော်ကြီးကို သြဂုတ်လအတွင်းအပြီး ဆယ်ယူမည် ဟုကြေညာထားသည့်အတွက် ယင်း ရက်အတွင်း ဆယ်ယူရရှိနိုင်မှု ရှိမရှိ ကိုလည်း ပြည်သူများအနေဖြင့် အထူး ပင်စိတ်ဝင်စားလျက်ရှိသည်။

''လာကြည့်တဲ့လူတွေကတစ်နေ့ ထက်တစ်နေ့ပိုပိုလာတယ်။ ယခုအ ချိန်ထိမထူးခြားသေးဘူးဆိုပေမယ့် လဲ တွေ့ပါစေ ဆိုတဲ့စိတ်နဲ့ပဲလာကြည့် ကြတာပါ။ ရေငုပ်တာဆိုလဲ ဒီနေ့ တစ်ကြိမ်ပဲငုပ်တယ်။ သူတို့အချိန်နဲ့ သူတို့ငုပ်တာလို့လဲ ပြောကြတယ်''ဟု ဒေါပုံမြို့နယ်မှဒေါ်ခင် ကြည်ကဆို သည်။

ခေါင်းလောင်းရှာဖွေရေးရေငုပ် အဖွဲ့သည်လည်း ယနေ့ သြဂုတ်လ ၁၄ရက်တွင် တစ်ကြိမ်သာရေငုပ် ရှာဖွေခဲ့ပြီး ရှာဖွေမှုပြုလုပ်သည့်အချိန် များတွင်လည်း ထူးထူးခြားခြား မိုး ရွာသွန်းလေ့ရှိကြောင်း သိရသည်။

ထို့ပြင် ရှာဖွေရေးနေရာကိုသွား ရောက်ရန်အတွက် လာရောက်ပြေး ဆွဲနေသည့် ငါးဖမ်းစက်လှေများကို လည်း အန္တရာယ် တစ်စုံတစ်ရာဖြစ် ပေါ်မည်စိုးသဖြင့် ပြေးဆွဲခွင့်မပြုထားကြောင်း တူးဖော်နေသည့်နေရာ များကိုသွားလိုပါက အသက် ကယ် အင်္ကျီများပါရှိသော သမ္ဗန်များကိုသာ ပြေးဆွဲခွင့်ပြုထားသည်။

ရှာဖွေရေးပြုလုပ်နေသောနေရာ အနီးတစ်ဝိုက်တွင် ဝဲဂယက်ရှိသည့်အတွက် သမ္ဗန်များဖြင့် ပြည်သူများ သွားရောက်လေ့ လာခြင်းမှာအန္တရာယ် တစ်စုံတစ်ရာဖြစ်ပေါ်နိုင်သည့်အတွက် မသွားရောက်သင့်ကြောင်းလည်း လာ ရောက်ကြည့်ရှုသူ ဘုန်းတော်ကြီးအချို့ နှင့်ပြည်သူအချို့မှ အကြံပေးပြောကြား သည်။

''ခေါင်းလောင်းဆယ်တာကိုတော့ ရစေချင်ပါတယ်။ ဒါပေမဲ့အနားကို သွားပြီးကြည့်တာမျိုးတော့ မလုပ်သင့်ဘူး။ အန္တရာယ် များတယ်။ သမ္ဗန်တွေကတော့ ဘာမှမဖြစ်ဘူးပြောမှာပဲ။တကယ်တမ်းဖြစ်သွားရင် ကိုယ်ပဲခံ ရမှာ။ အကောင်းဆုံးကတော့ မသွား သင့်ပါဘူး''ဟုတောင်ဒဂုံမြို့နယ်မှ ကိုလင်းဦးက ဆိုသည်။ 

ဓမ္မစေတီခေါင်းလောင်းတော် ကြီး နစ်မြုပ်နေသည်မှာ နှစ်ပေါင်း ၄ဝဝ ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ခေါင်းလောင်းကြီးဆယ်ယူနေသည့်နေရာကို ရန်ကုန်တိုင်းဒေသ ကြီးမှသာမက ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း စသည့်နယ်ဝေး မှ လာရောက်ကြည့်ရှုမှု ပိုများလျက်ရှိ ကြောင်း သိရသည်။

Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List