Friday, August 15, 2014

၂ဝ၁၃ အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၁၅ ကားတွင် ပထမအဆင့် အကဲဖြတ်စိစစ်ရေးအဖွဲ့မှ ခြောက်ကားသာရွေးချယ်


၂ဝ၁၃ ခုနှစ်အတွက် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၁၅ကားအနက် ပထမအဆင့်အကဲဖြတ် စိစစ်ရေး အဖွဲ့မှ ခြောက်ကားကိုသာရွေးချယ်ခဲ့ကြောင်း သိရသည်။ ပထမအဆင့် အကယ်ဒမီအ ကဲဖြတ် စိစစ်ရေးအဖွဲ့အား အဖွဲ့ဝင် ၁၇ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့ ဝင်များ၏မဲပေးဆုံးဖြတ်ချက်ဖြင့် မဲအများ ဆုံးရရှိသည့်ဇာတ်ကားများကိုသာ နောက်ဆုံးအနေဖြင့် ရွေး ချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''ပထမအဆင့်ဇာတ်ကားရွေးချယ်မှုကို အဆုံးသတ်ရတယ်။ တစ် နှစ်အတွင်းပြသခဲ့တဲ့ဇာတ်ကားတွေကို ပထမအဆင့်အကဲဖြတ်အဖွဲ့က အကယ်ဒမီရသင့်တဲ့ဇာတ်ကားဆို ပြီးတော့ ရွေးချယ်ရတယ်။ ပြီးရင် တော့ ဒုတိယအဆင့်အကဲဖြတ်အဖွဲ့နဲ့ တတိယအဆင့် အကဲဖြတ်အဖွဲ့ တွေကနေပြီးတော့ အကယ်ဒမီရ သင့်တဲ့ သူတွေကို မဲအရေအတွက်နဲ့ပဲ ရွေးချယ်ပေးသွားမှာပါ''ဟု ဒုတိယအဆင့်အကဲဖြတ်အဖွဲ့တွင် ပါဝင်သည့် ဦးအေးကြူလေးက ပြောသည်။

၂ဝ၁၃ခုနှစ်အတွက် ပထမအ ဆင့်အကဲဖြတ်စိစစ်ရေးအဖွဲ့မှ ရွေး ချယ်ခဲ့သည့် ရုပ်ရှင်ဇာတ်ကား ခြောက် ကားမှာ 

ဒါရိုက်တာပန်းချီစိုး မိုးရိုက်ကူးပုံဖော်ထားသည့် ''ကြယ် စင်မော်ကွန်း''၊ 

ဒါရိုက်တာဝိုင်းရိုက် ကူးပုံဖော်ထားသည့် ''နင်စေရင်''၊ ''စေတန်ရဲ့ကချေသည်''၊ 

ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)ရိုက်ကူးပုံဖော်ထားသည့် ''အဖြူရောင်ရဲတိုက်''၊
''ကိုယ့်အထာနဲ့ကိုယ်''၊

ဒါရိုက်တာဝင်း ထွန်းထွန်း၏''စုန်းပြူး'' 

ရုပ်ရှင်ဇာတ် ကားတို့ဖြစ်ကြောင်း သိရသည်။

ဒုတိယအဆင့်အကဲဖြတ်စိစစ် ရေးအဖွဲ့ကိုလည်း သြဂုတ် ၅ရက် နေ့တွင် ဖွဲ့စည်းလိုက်ပြီး ဒုတိယအ ဆင့်အကဲဖြတ်အဖွဲ့တွင် ဦးနှင်းမိုး၊ ဦးအောင်မြင့်မြတ်၊ ဦးမီးပွား၊ ဦးမျိုး မင်း၊ ဒေါ်မို့မို့မြင့်အောင်၊ ဒေါ်ဆွေဇင်ထိုက်၊ ဦးဖိုးထောင်၊ ဦးမျိုးညွန့်၊ ဦးလွင်မိုး၊ ဦးသူရ(ဇာဂနာ)၊ ဦးဆွေ ဆက်၊ ဦးထွန်းအောင်ဇော်၊ ဦးမောင် မောင်လတ်၊ ဦးစန္ဒရားငွေစိုး၊ ဦး ဝင်းငြိမ်း၊ လယ်တွင်းသားစောချစ်၊ ဒေါ်နုနုရီ(အင်းဝ)၊ ဦးချစ်သန်းမြင့်၊ ဦးမြင့်ဆောင်၊ ဦးကိုမြင့်၊ ဦးတင် အောင်၊ ဒေါ်ထက်ထက်မိုးဦးနှင့် ဦးအေး ကြူလေး တို့ပါဝင်ကြောင်း သိရသည်။

NN
Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List