Wednesday, August 13, 2014

ထိုင်းတွင် ပြိုကျသောအဆောက်အအုံ၌ မြန်မာလုပ်သားများမရှိကြောင်း သံရုံးအတည်ပြု


ထိုင်းနိုင်ငံ၊ ပထွန်ဌာနီ ခရိုင်၊ ထန်ယဘူရီမြို့တွင် သြဂုတ် ၁၁ ရက်က ခြောက်ထပ်တိုက် ပြိုကျမှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများတွင် ရွှေ့ပြောင်း မြန်မာလုပ်သားများ မပါဝင် ကြောင်း ထိုင်းနိုင်ငံ မြန်မာသံရုံးအလုပ်သမားရေးရာ သံအရာရှိဦး သိန်းနိုင်ကပြောကြားသည်။

ထိုင်းနိုင်ငံ၌ ခြောက်ထပ် တိုက်ဆောက်လုပ်ရေးလုပ်ငန်း ခွင်ပြိုကျရာ လူသေဆုံးမှုများ ရှိနေပြီး ထိုသေဆုံး မှုများတွင် ရွှေ့ပြောင်းမြန်မာလုပ်သားများပါဝင်ကြောင်း၊ ပြိုကျသော ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ရွှေ့ပြောင်းမြန်မာလုပ်သားများ လုပ်ကိုင်သောအဆောက်အအုံ ဖြစ်ကြောင်း ထိုင်းနိုင်ငံသတင်းမီ ဒီယာများတွင်ဖော်ပြသည်။

ထိုသို့ရေးသားဖော်ပြမှုများ နှင့် အင်တာနက်စာမျက်နှာများ တွင် မြန်မာလူမျိုးသားအမိနှစ်ဦး သေဆုံးနေ သည့် ဓာတ်ပုံများပျံ့နှံ့ နေသောကြောင့် တိုက်ပြိုကျ သောနေရာသို့ထိုင်းနိုင်ငံမြန်မာ သံရုံးမှ သွားရောက် စုံစမ်းရာသေ ဆုံးသူများ၌ ရွှေ့ပြောင်းမြန်မာ လုပ်သားများမပါဝင်ကြောင်း၊ထို ဆောက်လုပ်ရေးလုပ်ငန်း ခွင်တွင် ရွှေ့ပြောင်းမြန်မာလုပ်သားများ လုပ်ကိုင်ခြင်းမရှိကြောင်း ထိုင်း နိုင်ငံ မြန်မာသံရုံးမှအလုပ်သမား ရေးရာသံအရာရှိဦးသိန်းနိုင်က 7 Day အားပြောသည်။

‘‘ပြိုကျတဲ့တိုက်မှာကို မြန်မာလုပ်သားတွေတစ်ဦးမှမလုပ်ကြဘူး။ အမျိုးသမီးတစ်ဦးပိပြီး သေဆုံးတာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ဆေးရုံတွေမှာရော ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာရော သေချာစစ်ပြီး ပါပြီ။ သတင်းတွေမှာလည်း ပြိုကျတဲ့ဆောက်လုပ်ရေးခွင်က မြန်မာတွေလုပ်တာလို့ ရေးထားပါတယ်။မဟုတ်ပါဘူး’’ ဟု ဦးသိန်းနိုင်ကပြောသည်။

‘‘တိုက်ပြိုကျတဲ့အထဲမှာမြန် မာတွေပါတယ်ဆိုလို့ ဦးပဉ္စင်းတို့ ရယ်၊ သံရုံးကတာဝန်ရှိတဲ့သူတွေ ရယ်သွား ကြပါတယ်။ မြန်မာတွေ လုပ်နေတဲ့တိုက်မဟုတ်ပါဘူး။အ လုပ်သမားဆိုက်တွေကိုလည်း မေးကြည့်ပြီး ပါပြီ။ မြန်မာတစ် ယောက်မှ မပါပါဘူး။ဖေ့စ်ဘွတ်ခ် ပေါ်က ရေးကြတဲ့သတင်းတွေ လည်းမဟုတ်ပါ ဘူး’’ဟု တိုက်ပြို ကျသည့်နေရာသို့ သွားရောက် ကြည့်ရှုခဲ့သူ ထိုင်းနိုင်ငံဘန်ကောက်မြို့၊ အောင်သပြေကျောင်းတိုက်ဆရာတော်ဦးဇောတိကက မိန့်သည်။

လက်ရှိအချိန်တွင်တိုက်ပြို ကျမှုကြောင့် သေဆုံးသူလေးဦးအ ထိရှိနေပြီး ဒဏ်ရာရရှိသူ ၁၈ဦးရှိ ကာ ပြိုကျသည့်အဆောက်အအုံ အတွင်းပိတ်မိနေသည့် အလုပ်သ မားအနည်းဆုံး ၁၃ဦးရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List