Tuesday, August 12, 2014

အီရတ်က ဆူနီ စစ်သွေးကြွတွေကို နှိမ်နှင်းဖို့ သြစီနဲ့ ကန်ဆွေးနွေးကြမယ်


သြစတြေးလျ ​နိုင်ငံ ​ကာကွယ်ရေးဝန်ကြီး ​David ​Johnston ​နဲ့ ​အမေရိကန်နိုင်ငံ ​ကာကွယ်ရေးဝန်ကြီး ​Chuck ​Hagel ​တို့ ​ဒီကနေ့ ​တွေ့ဆုံ ​စကားပြောကြမှာ ​ဖြစ်ပြီး ​အီရတ်နိုင်ငံက ​အစ္စလာမ်မစ် ​စစ်သွေးကြွ ​အဖွဲ့တွေရဲ့ ​တိုက်ခိုက်မှုတွေကို ​ရပ်စဲနိုင်ဖို့အတွက် ​သြစတြေးလျနိုင်ငံအနေနဲ့ ​စစ်ရေးထောက်ပံ့မှု ​တွေကို ​ဘယ်လို ​တိုးချဲ့လုပ်ဆောင်သွားရမလဲဆိုတဲ့ ​ကိစ္စတွေကို ​ဆွေးနွေးသွားကြမှာ ​ဖြစ်ပါတယ်။

သြစတြေးလျ-အမေရိကန် ​စစ်ဘက်ဆိုင်ရာ ​ဆွေးနွေးပွဲကို ​ဆစ်ဒနီမြို့မှာ ​ပြုလုပ်မှာဖြစ်ပြီးတော့ ​သြစတြေးလျနဲ့ ​အမေရိကန် ​ကာကွယ်ရေး ​၀န်ကြီးတို့အပြင် ​သြစတြေးလျ ​နိုင်ငံခြားရေး ​၀န်ကြီး ​ဂျူလီ ​ဘိရှော့ပ်နဲ့ ​အမေရိကန် ​နိုင်ငံခြားရေး ​၀န်ကြီး ​ဂျွန်ကယ်ရီတို့လည်း ​ပါဝင်မှာဖြစ်ပါတယ်။

ဆူနီ ​မွတ်စလင်တွေရဲ့ ​တိုက်ခိုက် ​မှုကြောင့် ​အီရတ်နိုင်ငံ ​အရှေ့မြောက်ဘက် ​တောတောင်တွေမှာ ​ထွက်ပြေး ​တိမ်းရှောင် ​နေကြရတဲ့ ​အနည်းဆုံး ​လူပေါင်း ​သုံးသောင်း ​အတွက် ​လူသားခြင်း ​စာနာတဲ့အကူအညီတွေကို ​သြစတြေးလျ ​စစ်လေယာဉ်တွေက ​လိုက်လံ ​ပစ်ချပေးနေပြီဖြစ်ပါတယ်။

ဆူနီ ​အကြမ်းဖက် ​သမားတွေကို ​ထိန်းချုပ်နိုင်ဖို့အတွက် ​အမေရိကန်ရဲ့ ​လုပ်ဆောင်ချက်တွေအပေါ် ​သြစတြေးလျ ​နိုင်ငံက ​ဘယ်လိုကဏ္ဍတွေမှာ ​ထောက်ပံ့ပေးရမလဲဆိုတဲ့ ​အကြောင်းတွေကို ​ဆွေးနွေးကြမှာဖြစ်တယ်လို့ ​သိရပါတယ်။

ABC

No comments:

Post a Comment

My Blog List