Wednesday, August 13, 2014

ကျောင်းဆရာမရှိသဖြင့် ပို့ပေးရန် မိုးညိုဒေသခံများ သမ္မတထံ တောင်းဆို


ပဲခူတိုင်းမိုးညိုမြို့နယ် အောင်မိုးဟိန်းရွာမှာ ကျောင်းမြေရှိပြီးဖြစ်ပေမယ့် အစိုးရက ကျောင်းနဲ့ကျောင်းဆရာ မပေးတဲ့အတွက် ကျောင်းသားမိဘတွေက နိုင်ငံတော် သမ္မတ အပါအ၀င် အခြေခံပညာရေးဦးစီးဌာနနဲ့ သက်ဆိုင်ရာတွေကို မနေ့က စာပေးပို့ တောင်းဆိုလိုက်ကြပါတယ်။

schoolမိုးညိုမြို့နဲ့ ၄ မိုင်လောက်ပဲ ဝေးပြီး အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ အဲဒီရွာက ကျောင်း သားတွေဟာ အနီဆုံးကျောင်းရှိတဲ့ ရွာကို သွားဖို့ မြစ်လက် တက်တခုကို ဖြတ်ရလို့ ကလေးငယ်တွေအတွက် စိတ်မချ ရကြောင်း ကျောင်းသားမိဘတွေက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ကိုယ်ထူကိုယ်ထဆောက်ထားတဲ့ ကျောင်းမှာ အပြင်က ဆရာတဦး ငှားပြီး ကျောင်း သားငယ်တွေကို သင်ပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

DVB

No comments:

Post a Comment

My Blog List