Tuesday, August 12, 2014

နိုင်ဂျီးရီးယားတွင် အီဘိုလာရောဂါ ခံစားနေရသူ ၁၀ ဦးရှိပြီ


နိုင်ဂျီးရီးယားမှာ အီဘိုလာ ရောဂါခံစားနေရသူ ၁၀ ဦး ရှိသွားပြီလို့ အစိုးရက ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက်နေ့က အတည်ပြုပါတယ်။နောက်ဆုံး အတည်ပြုခဲ့တဲ့ ၇ ဦးကနေ ၁၀ ဦးအထိ တိုးသွားတာ ဖြစ်ပါတယ်။ နိုင်ဂျီးရီးယားမှာ အခုအထိ အီဘိုလာရောဂါလူနာတွေထဲက ၂ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ရောဂါကူးစက်ခံရသူ အားလုံးဟာ လိုက်ဘေးရီးယားနိုင်ငံ ကနေ ဗိုင်းရပ် ကူးစက်လာ ခဲ့ပြီး နောက်တော့ သေ ဆုံးသူ ပက်ထရစ် ဆောယာနဲ့ ထိတွေ့ခဲ့သူ ဖြစ် တယ်လို့ ကျန်းမာရေး ၀န်ကြီးဌာနက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ပက်ထရစ် ဆောယာ ခံစားနေရတာ ဘာရောဂါမှန်း မသိလို့ အကာအကွယ် မယူဘဲ ရောဂါကုသပေးခဲ့တဲ့ သူနာပြုတဦးလည်း သေဆုံးခဲ့ပါတယ်။

ပက်ထရစ် ဆောယာဆီကနေ တိုက်ရိုက်ကူးစက်သူ၊ တဆင့်ခံ ကူးစက်သူ အားလုံး ၁၇၇ ဦးလုံးကို သီးသန့် ခွဲခြားထားပြီး စောင့်ကြည့်နေပါတယ်။

၉ ဦးကတော့ ရောဂါကူးစက်တဲ့ အဆင့်ကို ရောက်သွားလို့ နိုင်ဂျီးရီးယား မှာ ရောဂါကူးစက်သူ စုစုပေါင်း ၁၀ ဦးရှိရာ အားလုံးထဲမှာ ၂ ဦး သေဆုံးခဲ့ပါတယ်။

၁ ဦးကတော့ လိုက်ဘေးရီးယားနဲ့ အမေရိကန် နှစ်နိုင်ငံသား ဖြစ်ပြီး နောက် ၁ ဦးကတော့ နိုင်ဂျီးရီးယားနိုင်ငံက သူနာပြုဖြစ်ပါတယ်။

ကျန်တဲ့ ၈ ဦးကတော့ အသက်ရှင်နေပြီး ဆေးကုသမှု ခံယူနေတယ်လို့ ပြောပါတယ်။

နောက်ဆုံး ကူးစက်ခံရသူကလည်း သူနာပြုတဦး ဖြစ်ပြီး ပက်ထရစ် ဆောယာ ဆီကနေ တိုက်ရိုက်ကူး စက်သူကို ကုသရင်းနဲ့ ကူးစက်တာလို့ဆိုပြီး သူနာပြုရဲ့ ခင်ပွန်းကိုလည်း စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

အနောက် အာဖရိကနိုင်ငံတွေမှာ အီဘိုလာရောဂါ ကူးစက် ပျံ့နှံ့နေတာ သမိုင်းမှာ အဆိုးဆုံး အခြေအနေ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သြဂုတ် ၈ ရက်နေ့မှာ ပြောပါတယ်။

နောက်ထပ် လူတချို့ ကူးစက်နိုင်တဲ့အတွက် နိုင်ငံတကာ ကျန်းမာရေးအရေးပေါ် အခြေအနေလည်း ဖြစ်နေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ ရောဂါ စတင်ဖြစ်ပွားတဲ့အချိန်ကစလို့ လူ ၉၆၁ ဦး သေဆုံးခဲ့ပြီး ၁၇၇၉ ဦး ကူးစက်ခဲ့တယ်လို့ ဆိုပါတယ်။

DVB

No comments:

Post a Comment

My Blog List