Friday, August 15, 2014

ထိုင်း လေကြောင်း၊ ရေကြောင်း ၀င်ပေါက်များတွင် အီဘိုလာဗိုင်းရပ်စ်ပိုး စစ်ဆေးမည်


ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဆိုးဝါးဆုံးအခြေအနေအဖြစ် ကြေညာထားတဲ့ အီဘိုလာ ဗိုင်းရပ်စ်ကူးစက်ရော ဂါ ကာကွယ်တဲ့အနေနဲ့ ထိုင်းနိုင်ငံ လေကြောင်း နဲ့ ရေကြောင်း ၀င်ပေါက် စုစုပေါင်း ၂၂ ခုက၀င်ရောက်လာ သူတွေကို အရှိန်မြှင့် ကြပ်မတ်စစ်ဆေးသွားမယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်မှာ ကြေညာ ထားပါတယ်။

ရောဂါပိုးကူးစက်ခံရ သူလို့ သံသယရှိသူတွေ ကို တွေ့ရှိရင် ကျန်းမာရေးဝန်ကြီး ဌာနကို ချက်ချင်းသတင်းပို့ဖို့ နဲ့ အရေး ထားပြီး စောင့်ရှောက် ကုသသွားဖို့လည်း ညွှန်ကြားထားကြောင်း ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာ နလုန်းဆဟာမတ်ထဖတ်က သတင်းထောက်တွေကို ပြောပါတယ်။

သြဂုတ် ၁၃ ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာနမှာ အီဘိုလာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု စောင့် ကြည့်ရေး ကော်မတီအဖွဲ့ အစည်းအဝေးအပြီး ကြေညာချက်တစောင်လည်း ထုတ်ပြန်ခဲ့ပါတယ်။

ကြေညာချက်ထဲမှာ အီဘိုလာဗိုင်းရပ်စ်ရောဂါဟာ အန္တရာယ်ရှိ ကူးစက်ရောဂါဖြစ်ကြောင်း၊ ထိထိရောက် ရောက် အရေးယူထိန်းသိမ်းရမယ့်ရောဂါ ဖြစ်ကြောင်းနဲ့ ကြိုတင်ကာကွယ်ရေး၊ စောင့်ကြည့်စစ်ဆေးရေး နဲ့ ထိန်းချုပ်ရေးတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေးတွေ ပါဝင်ပါတယ်။

ဒါ့အပြင် လိုင်ဘေးရီးယား၊ ဂီနီ၊ ဆီယာလီယွန်နဲ့ နိုင်ဂျီးရီးယားနိုင်ငံစတဲ့ ဒေသတွေကိုလည်း အီဘိုလာရောဂါ နဲ့ ဆိုးကျိုးသက်ရောက်မှု ခံစားရတဲ့ဒေသတွေအဖြစ် ကြေညာထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက  သြဂုတ် ၁၁ ရက်နေ့အထိ အီဘိုလာရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ၁၈၄၈ ဦး ရှိပြီး သေဆုံးသူ ၁၀၁၃ ဦးရှိကြောင်း၊ သေဆုံးမှုနှုန်း ၉၀ ရာခိုင်နှုန်းရှိတယ်လို့ ထုတ်ပြန် ကြေညာထား ပါတယ်။

DVB

No comments:

Post a Comment

My Blog List