Wednesday, August 13, 2014

ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေ ပါတီ ခေါင်းဆောင်ကို မဲပေး ရွေးခွင့်မရ


ရခိုင်အမျိုးသားပါတီ (ANP) ညီလာခံမှာ ပါတီခေါင်းဆောင်တွေကို မဲပေးရွေးချယ်ရာမှာ ANP ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေကို မဲပေး ရွေးချယ်ခွင့် ရမှာ မဟုတ်ပါဘူး။

စက်တင်ဘာလ ၂၆ရက်နေ့က စတင်ပြီးတော့ ငပလီမှာ ငါးရက်ကြာ ကျင်းပမယ့် ရခိုင်အမျိုးသားပါတီ ညီလာခံမှာ ပါတီဥက္ကဋ္ဌ အပါအဝင် ခေါင်းဆောင်တွေ၊ ဗဟို အလုပ်မှုဆောင် ကော်မတီဝင်၊ အလုပ်မှုဆောင် ကော်မတီဝင်တွေကို မဲပေးရွေးချယ်ကြမှာ ဖြစ်တယ်လို့ ANP ကနေ သိရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေဟာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က ပုဂ္ဂိုလ်တွေ ဖြစ်နေတဲ့အတွက် သူတို့ကို မေးပေးခွင့် ပြုလိုက်ရင် မမျှမတ ဖြစ်မှာစိုးလို့ ခွင့်မပြုတာလို့ ANP ရဲ့ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးဦးလှစောက ပြောပါတယ်။

“ဒီအစည်းအဝေးမှာ ခေါင်းဆောင်ကို ရွေးမှာဆိုတော့ နှစ်ဦးနှစ်ဖက် မျှမျှတတ ဖြစ်မှ ဖြစ်မှာပါ” လို့ သူက ဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ မဲပေးခွင့် မရှိဆိုပေမယ့် ANP ပါတီက ယာယီဖွဲ့စည်းထားသည့် ဗဟို အလုပ်မှု ဆောင်ကော်မတီနှင့် အလုပ်မှုဆောင် ကော်မတီတွေမှာ ပါဝင်နေတဲ့ လွှတ်တော် ကိုယ်စားတွေက မဲပေးခွင့် ရမှာဖြစ်ပါတယ်။

လက်ရှိ ယာယီဖွဲ့ထားတဲ့ ဗဟို အလုပ်မှုဆောင် ကော်မတီမှာ RNDP နဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) တို့က ၁၅ ဦးစီ ပါဝင်ပါတယ်။ အလုပ်မှုဆောင် ကော်မတီမှာတော့ ၄၅ ဦးစီနဲ့ အချိုးကျ ယာယီဖွဲ့စည်းထားပါတယ်။

The Voice Weekly 

No comments:

Post a Comment

My Blog List