Wednesday, August 13, 2014

မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ဖိတ်ကြားချက်ကို သူရဦးရွှေမန်းတိတိကျကျ မတုံ့ပြန်ဟုဆို


ပြည်ထောင်စုလွှတ် တော်နာယက သူရဦးရွှေမန်း နှင့် မြောက်ကိုရီးယားနိုင်ငံခြား ရေးဝန်ကြီးတို့ တွေ့ဆုံ စဉ် မြောက်ကိုရီးယားနိုင်ငံသို့ လာရောက် လေ့လာရန် ဖိတ်ကြားချက်အပေါ် လွှတ်တော်နာယကက တိတိကျကျပြန်လည်တုံ့ပြန်ပြောကြားခြင်း မပြုခဲ့ကြောင်း သတင်းရရှိသည်။

‘‘မြောက်ကိုရီးယားက သူတို့နိုင်ငံကို လာလေ့လာဖို့ ဖိတ်တာတော့ရှိပါတယ်။ ဒါကိုနာယကကြီးကတော့ ပါးပါးနပ်နပ် ပညာသားပါပါနဲ့ပဲ တုံ့ပြန်ခဲ့ပါတယ်။ လက်ခံမယ်၊ လက်မခံဘူး ဆိုတာကို မပြောလိုက် ပါဘူး’’ဟု တွေ့ဆုံဆွေးနွေးမှုတွင် ပါဝင်ခဲ့သူ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိ များနှင့် တာဝန်ခံချက်များ စိစစ်ရေးကော် မတီအဖွဲ့ဝင် ဦးခင်မောင်ဌေးက ပြောသည်။

ယခုလ ၁၁ ရက်က ပြည် ထောင်စုလွှတ်တော်နာယကထံအား မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် မြောက်ကိုရီးယားနိုင်ငံခြား ရေးဝန်ကြီး မစ္စတာရိဆုယုံမှ လာ ရောက်တွေ့ဆုံစဉ်အထက်ပါ အတိုင်းပြော ကြားခဲ့ခြင်းဖြစ် သည်။

‘‘မြောက်ကိုရီးယားရဲ့ ဖိတ် ကြားချက်ကို တိတိပပလက်မခံ လိုက်ဘူးဆိုတာ တစ်ဖက်မှာက လည်း အမေရိကန်နဲ့ ဆက်ဆံရေး က ပြန်ကောင်းလာတာ မကြာ သေးဘူး။ ဒါကိုလက်ခံလိုက်ရင် အမေရိကန်၊ ဥရောပနဲ့ ဆက်ဆံ ရေးကို ထိခိုက်နိုင်တယ်။ လက်မ ခံပြန်ရင်လည်း မြောက်ကိုရီးယား နဲ့က တစ်မျိုးဖြစ်နိုင်တယ်။ ဒီလို အခြေအနေမျိုးရှိပါတယ်’’ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် တစ်ဦး ကပြောသည်။

တွေ့ဆုံဆွေးနွေးရာတွင် ယခင်က ဆက်ဆံရေးကိစ္စရပ် များကိုသာ ပြန်လည်ပြောကြားခဲ့ ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ရေး၊ အကူအညီပေးရေး၊လွှတ် တော်အချင်းချင်းပူးပေါင်းဆောင် ရွက်ရေးအစရှိသည့် ကိစ္စရပ်များ ကို လုံးဝဆွေးနွေးခဲ့ခြင်းမရှိပဲ ဆွေးနွေးမှုမှာ အချိန်နာရီဝက်ခန့် သာ ကြာမြင့်ကာ အချိန်တိုအ တွင်း ပြီးဆုံးသွားခဲ့ကြောင်း ဦး ခင်မောင်ဌေးကဆိုသည်။

‘‘နှစ်နိုင်ငံဆက်ဆံရေးကိစ္စ တွေ၊ ဘာတွေ ဘာတစ်ခုမှမပြောခဲ့ပါဘူး။ နှစ်နိုင်ငံမိတ်ဖြစ်၊ ဆွေ ဖြစ် တွေ့တဲ့ သဘောပါပဲ’’ဟု ၎င်းကဆိုသည်။

သူရဦးရွှေမန်းသည် ယခင် စစ်အစိုးရလက်ထက် ဗိုလ်ချုပ် ကြီးရာထူးနှင့် ရှိစဉ်က မြောက်ကိုရီးယားသို့ သွားရောက်ခဲ့ဖူး သည့် မှတ်တမ်းဓာတ်ပုံများ ပျံ့နှံ့ ခဲ့သဖြင့် ဝေဖန်ခံခဲ့ရသူလည်းဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List