Tuesday, August 12, 2014

ဘန်ကောက်မြို့အနီး မြန်မာအလုပ်သမားများ အလုပ်လုပ်နေသည့် ဆောက်လုပ်ဆဲ ကွန်ဒိုမီနီယမ် တစ်လုံး ပြိုကျ





ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက် မြောက်ဘက်ရှိ ပသွန်သနီခရိုင်တွင် မြန်မာအလုပ်သမားများ အလုပ် လုပ်နေသည့် ဆောက်လုပ်ဆဲ ကွန်ဒိုမီနီယမ် တစ်ခု ပြိုကျမှုဖြစ်ပွားခဲ့သည်။

ဘန်ကောက်စံတော်ချိန် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က အဆိုပါ U-Place ကွန်ဒိုအဆောက်အဦပြိုကျခဲ့ ရာ ည ၈နာရီအချိန်တွင် ကယ်ထုတ်နိုင်ခဲ့သူ  ၁၇ ဦးအနက် ၁၅ ဦးကို သန်ရာဘူရီ ဆေးရုံနှင့် နှစ်ဦးကို ခလွန်လောင် ဆေးရုံသို့ ပို့ထားကြောင်း သိရသည်။

ကယ်ဆယ်ရေးသမားများက ရှာဖွေတွေရှိခဲ့သော သေဆုံးသူနှစ်ဦးမှာ အသက် ၇ လ၊ ၈ လခန့်ရှိသော ကလေးငယ်နှင့် ၎င်း ကို ပွေ့ထားသည့် မိခင်တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆောက်အဦတွင် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အလုပ်သမား ၅၀ ခန့် ရှိကြောင်း သိရပြီး မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမား ၃၃ ဦး ပါဝင်ကြောင်း သိရသည်။

အလုပ်သမားများက အဆောက်အဦအပေါ်ဆုံးထပ်အား ကွန်ကရစ်လောင်းစဉ် ပြိုကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင် သက်သေများက ပြောကြားသည်။


Ref: Bangkok Post
Mizzima - News in Burmese

No comments:

Post a Comment

My Blog List