Thursday, August 14, 2014

အငြင်းပွားမှု ဖြေရှင်းရေး ခုံသမာဓိစင်တာ တည်ဆောက်မည်


နိုင်ငံတကာအသိအမှတ်ပြု ခုံသမာဓိစင်တာ ( Arbitration Center ) တစ်ခု တည်ဆောက် သွားမည်ဟု သြဂုတ် ၁၂ ရက်က ကျင်းပခဲ့သော ကုန်သည် စက်မှုအသင်းချုပ်၏ (၂၃)ကြိမ်မြောက် အသင်းသားစုံညီ အစည်းအဝေးတွင် UMFCCI ၏ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားခဲ့သည်။

''အခုဆောင်ရွက်နေတာက ကုန်သည်များ အငြင်းပွားမှု ဖျန်ဖြေရေးပဲ ရှိပါသေးတယ်။ ကျွန် တော်တို့နိုင်ငံရဲ့ ယနေ့ဖွံ့ဖြိုးတိုးတက်လာတဲ့ စီးပွားရေးအနေအထားနဲ့ ကြည့်မယ်ဆိုရင် တကယ့် နိုင်ငံတကာ အသိအမှတ်ပြု ထားတဲ့ ခုံသမာဓိစင် တာတွေ ပေါ်ပေါက်လာအောင် လုပ်ရမှာဖြစ်ပါတယ်။ လုပ်သားတွေနဲ့ လုပ်ငန်းခွင် သာယာရေး၊ လုပ်ငန်းရှင်များကြားမှာ အဆင်ပြေချောမွေ့စေ ရေး၊ လုပ်ငန်းများ အတူတကွ လက်တွဲပြီး ဆောင်ရွက်နိုင် ရေးကို ရည်ရွယ်ပြီးတော့ ILO ရဲ့နည်း ပညာအထောက်အပံ့တွေကို ရယူပြီး တော့ မြန်မာနိုင်ငံမှာ အလုပ်ရှင်အဖွဲ့အစည်းကြီးတစ်ခု ပေါ်ပေါက်လာအောင် ဆောင်ရွက်လျက်ရှိပါတယ်'' ဟု ၄င်းက ပြောသည်။

ထို့ပြင် Myanmar Chamber of Commerce Law ကိုလည်း International Chamber of Commerce Law များနှင့်အညီ ရေးဆွဲပြုစုနိုင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

ကုန်သည်စက်မှုအသင်းကြီးတွင် လုပ်သားများအနေဖြင့် ထိုက်သင့်သည့် လစာများရရှိပြီး လုပ်ငန်းရှင် များလည်း လုပ်ငန်း၏ စွမ်းဆောင်မှုများမြင့်တက် လာစေရန် လုပ်ငန်းကျွမ်းကျင်မှုအပိုင်း နှင့်ပတ်သက်၍ Training များ ဆက် လက်ပေးသွားမည်ဟု သိရသည်။

အသင်းကြီးအနေဖြင့် ယနေ့ခေတ် စနစ်နှင့်ကိုက်ညီမည့် ဥပဒေများကို အစိုးရဝန်ကြီးဌာနများနှင့်လည်း ပူး ပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ကုန်သည်စက်မှုအသင်းချုပ်ကို ၁၉၁၉ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက် ရှိတွင် ညီနောင်အသင်း၊ ပြည်နယ် အသင်း၊ တိုင်းဒေသကြီးအသင်းနှင့် နယ်စပ်အသင်းတို့တွင် စုစုပေါင်းအသင်းသား သုံးသောင်းခန့်ရှိ ပြီဖြစ်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment

My Blog List