Tuesday, August 12, 2014

မြန်မာ့အလှနှင့် နိုင်ငံတကာ Miss ပြိုင်ပွဲများသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားနေတဲ့ ဟန်သီ



ယခုလ ၂၁ ရက်နေ့တွင် နောက်ဆုံးပြိုင်ပွဲ ကျင်းပတော့မည့် Miss Golden Land Myanmar 2014 တွင် ပြိုင်ပွဲဝင်နေသော ခါးနံပါတ်(၁၅) ဟန်သီသည် ပြိုင်ပွဲကာလအတွင်း Online Voting ပေးသည့် Missosology တွင် မဲအများဆုံး ရရှိခဲ့ပြီး Myanmar's Choice Award တွင်လည်း မဲအများဆုံးဖြင့် ဦးဆောင်လျက်ရှိကြောင်း သိရသည်။
ဟန်သီသည် အသက်(၁၇)နှစ်သာရှိသေးပြီး IGCSE စာမေးပွဲ ဖြေဆိုအောင်မြင်ထားကာ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာပြောဆိုနိုင်သည်ဟု ဆိုပါသည်။ တပင်တိုင်အက အပါအဝင် မြန်မာအကများနှင့် K-pop အကကို စိတ်ဝင် စားသူဖြစ်ပြီး ပညာရေးတစ်ဖက်ဖြင့် အနုပညာအလုပ်များကိုလည်း တတ်နိုင်သမျှ ဆောင်ရွက်လျက်ရှိကြောင်း ပြောပါသည်။

မြန်မာ့ဂုဏ်၊ မြန်မာ့အလှ နှင့် မြန်မာအမျိုးသမီးတို့၏ စွမ်းဆောင်ရည်ကို နိုင်ငံတကာ Miss ပြိုင်ပွဲများမှတဆင့် မြှင့်တင်ဖော်ဆောင် ရန်၊ နိုင်ငံအတွက် လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမူရေး စတဲ့နေရာများတွင် တတ်နိုင်သလောက် ပရဟိတလုပ်ငန်းများ ပါဝင်ဆောင်ရွက်ရန် နှင့် မိမိဝါသနာထုံတဲ့ အနုပညာလုပ်ငန်းကို ဆောင်ရွက်နိုင်ရန် ဆိုပြီး Miss Golden Land Myanmar 2014 ပြိုင်ပွဲဝင်ခြင်းနှင့် ပတ်သက်၍လည်း သူမရဲ့ရည်ရွယ်ချက်ကို ဟန်သီ က ပြောပြပါတယ်။

ဒါကြောင့် မြန်မာ့အလှကို နိုင်ငံတကာအလယ်တွင် ဂုဏ်ဆောင်မည့် ညီမငယ် ဟန်သီ ရဲ့ ရည်ရွယ်ချက်များ ပြည့်စုံနိုင်ပါစေလို့ ဆန္ဒပြုရင်း Miss Golden Land Myanmar 2014 မှာ Myanmar's Choice Award အတွက် ဟန်သီ ကို တိုက်ရိုက် Vote လုပ်နိုင်မည့် Link ကို ဖော်ပြပေးလိုက်ပါတယ်။ အောက်ပါ Link သို့ သွားရောက်၍ ဟန်သီ ဓါတ်ပုံကို Like လုပ်ခြင်းဖြင့် မဲပေးနိုင်ကြပါတယ်။


Myanmar Beauty

No comments:

Post a Comment

My Blog List