Thursday, August 14, 2014

Miss Golden Land Myanmar 2014 ဖိုင်နယ်ပြိုင်ပွဲကြီး သြဂုတ် ၂၁ရက်တွင် ပြုလုပ်တော့မည်


နိုင်ငံကိုယ်စားပြု အလှမယ် ငါးဦးအား တစ်ပြိုင်နက်တည်း ရွေးချယ်မည့် Miss Golden Land Myanmar 2014 ဖိုင်နယ်ပြိုင် ပွဲကြီးအား သြဂုတ် ၂၁ရက်တွင် ပြုလုပ်တော့မည်ဖြစ်ကြောင်း သိရသည်။ Miss Golden Land Myanmar 2014 ဖိုင်နယ်ပြိုင်ပွဲ အားရန်ကုန်မြို့ ရှိ MCC (Myanmar Convention Center) တွင် ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

''ကျွန်တော်တို့ Organization ကနေပြီးတော့ နောက်ဆုံး အဆင့် ဖိုင်နယ်ပြိုင်ပွဲ မှာအလှမယ် ငါးယောက် ကိုရွေးချယ်ပြီးတော့ နိုင်ငံတကာမှာ ယှဉ်ပြိုင် နေတဲ့ အလှမယ် ပြိုင်ပွဲတွေကိုစေလွှတ်သွား မှာပါ။ အဲဒီ အတွက်ပြိုင်ပွဲဝင်တွေကို ကျွန်တော်တို့ဘက်ကအခုချိန်မှာ အ ကောင်းဆုံးသင်ကြားပေးခဲ့ပါတယ်။ ဖိုင်နယ်ပြိုင် ပွဲမှာရွေးချယ်ခံရတဲ့သူကိုလဲ ကျွန်တော်တို့ဘက်က ဒီထက် ပိုပြီး တိုးတက်အောင်သင်ကြားပေး ဖို့စီစဉ်ထားတာတွေရှိပါတယ်'' ဟု Miss Golden Land Myanmar Organization မှ Nation Director ကိုဟန်ဇော်လတ်က ပြောသည်။

Miss Golden Land Myanmar Organization သည်နောက်ဆုံးအဆင့် ဆန်ခါတင်ပြိုင်ပွဲတွင် ရွေးချယ် ခြင်းခံခဲ့ရသည့်အလှမယ် ၂၆ ဦးအား သင်တန်းကာလနှစ်လသင်တန်းပေး ပြီး၊ ယခုအခါတွင် ဆန်ခါတင် ၂၆ဦး မှအလှမယ် ငါးဦးအား ပြန်လည်ရွေး ချယ်တော့မည် ဖြစ်ကြောင်း သိရ သည်။

အဆိုပါ ဆန်ခါတင်အဆင့်တွင် ပါဝင်ခဲ့သည့် အလှမယ်များမှာ ခိုင်လဲ့ဇင်၊ ချစ်စနိုးအောင်အောင်၊ အိမ့်မြတ် ချယ်၊ ယွန်းမှီ၊ နီနီမင်းသူ၊ စုလဲ့ဗိုလ်၊ ရွှန်းလဲ့ဝေ၊ ဖူးမြတ်ချယ်၊ ပန်းအိဖြူ၊ မေနှင်းသူ၊ သင်းသဲဗိုလ်၊ ဖူးလဲ့စုညွှန့်၊ နန်းစန္ဒီမြင့်မိုး၊ ဟန်လင်း၊ အိမိုးခိုင်၊ ဇင်သီရိဝင်း၊ မေမဒီခင်၊ နန်းစံ၊ သန္တာဗိုလ်၊ သူသူမြတ်နိုး၊ အန်ဂျာဆိုင်း၊ နန်းဘောက်၊ ဟန်သီ၊ ရှင်ဝေ နိုင်ဦးတို့ဖြစ်သည်။

ဟန်သီ(ခါးနံပါတ်၁၅)က''အရမ်း ကို ရင်ခုန်နေပါတယ်။ ဟန်သီကတော့ အခုချိန်မှာ ဘယ်ဆုကိုမျှော်လင့်နေ လဲဆိုတော့ Miss Golden Land Myanmar 2014 အလှမယ်ဆုကိုလို ချင်ပါတယ်'' ဟု ပြောသည်။

Miss Golden Land Myanmar 2014 ဖိုင်နယ်ပြိုင်ပွဲအား Sky Net, MNTV, CH9 ချန်နယ်တို့တွင်တိုက် ရိုက်ကြည့်ရှုနိုင်ပြီးပြိုင်ပွဲသို့သွားရောက် ကြည့်ရှုလို သူများအနေဖြင့် လက်မှတ်တစ်စောင်လျှင် VVIP-50000, VIP-15000, 10000,7000 နှုန်း ဖြင့်ဝယ်ယူနိုင်ကြောင်း သိရသည်။

Miss Golden Land Myanmar 2014 အလှမယ်ပြိုင်ပွဲကြီးတွင် ပေးအပ်မည့်ဆုတံဆိပ်များမှာ Miss Earth Pageant Myanmar 2014, Miss Supranational Myanmar 2014, Miss Grand Myanmar 2014, Miss Intercontinental Myanmar 2014 and Face of Beauty Myanmar 2014 အလှမယ်ဆုများအပြင် တခြားသော Title ဆုများလည်း ပေး အပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

Miss Earth Pageant 2014 အလှမယ်ပြိုင်ပွဲကြီးသည် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက် ရေးအစီအစဉ်များတွင် တာဝန်ယူ ဆောင်ရွက်ပေးမည့်သူဖြစ်စေရန်၊ Miss Supranational 2014 အလှ မယ်ပြိုင်ပွဲကြီးသည် HIV-AIDS ရောဂါပညာပေးရေးအစီအစဉ်များ အတွက် ကျင်းပခြင်းဖြစ်သလို Miss Grand International 2014 အလှမယ်ပြိုင်ပွဲကြီးသည် ကမ္ဘာ့ငြိမ်း ချမ်းရေးနှင့်ကမ္ဘာ့ပေါ်ရှိစစ်ပွဲများ ရပ်တန့်ရေး အစီအစဉ်များအတွက် ဖြစ်ပြီး Miss Intercontinental 2014 အလှမယ်ပြိုင်ပွဲကြီးသည် မိဘမဲ့ကလေးများနှင့်သက်ကြီးရွယ် အိုများ ပြုစုစောင့်ရှောက်ရေးအစ ရှိသည့်ရည်ရွယ်ချက်များဖြင့် နိုင်ငံ တကာ တွင်ပြုလုပ်နေခြင်းဖြစ်ပြီး ယခု နှစ်တွင် အဆိုပါအလှမယ် ပြိုင်ပွဲများအနက် မြန်မာနိုင်ငံမှပါဝင် ယှဉ်ပြိုင်မည်ဖြစ်သည်။

NN
Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List