Thursday, August 14, 2014

‘‘လပေါင်း ၄၀ ကျော်အတွင်းမှာ တိုင်းနဲ့ပြည်နယ်တွေကို အခေါက်ပေါင်း (၁၃၈)ကြိမ် သွားခဲ့ပါပြီ’’ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်


မြန်မာနိုင်ငံတွင် ကုန်သွယ်မှု လုပ်ငန်းများအတွက် ဖြေလျှော့မှုများ၊ကုန်သွယ်ရေးမူဝါဒများပြင်ဆင်ဆောင် ရွက်နေသော်လည်း ကုန်သွယ်မှုလိုငွေများမြင့်တက်နေဆဲအခြေအနေတွင်ရှိနေသည်။ယင်းအခြေအနေ များကို ယခင်က အရပ်သားစီးပွားရေးလုပ်ငန်းရှင်တစ်ဦး အဖြစ်မှပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူ လျက်ရှိသောစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့် ကုန်သွယ်မှု အပါအဝင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအတွက် 7 Day Daily သတင်းစာက တွေ့ဆုံမေးမြန်းထားသည်များထဲမှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

အခုနောက်ပိုင်းနှစ်တွေမှာ ကုန် သွယ်မှုပမာဏတွေ   တက်လာ တယ်လို့ဆိုပေမယ့် လက်ရှိကာလ အထိ ကုန်သွယ်မှုလိုငွေတွေရှိနေ ပြီး   လိုငွေပမာဏတွေတက်လာ တဲ့အပေါ်မှာ    ဝန်ကြီးအနေနဲ့ ဘယ်လိုသုံး သပ်ပါသလဲ။

ကုန်သွယ်မှုလိုငွေ   ပြနေ တယ်ဆိုတာက အခုအခါမှာ နိုင် ငံတည်ဆောက်နေတဲ့ကာလဖြစ် ပါတယ်။ ဒါကြောင့် FDI လုပ်ငန်း တွေ၊ အထူးစီးပွားရေးဇုန်တည် ဆောက်ရေးလုပ်ငန်းတွေ၊ ပြီး တော့ ဆောက် လုပ်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းတွေကို ဦးစား ပေးဆောင်ရွက်နေရတဲ့အတွက်ရင်းနှီးကုန်စည်တင် သွင်းမှုများနေတာပါ။ ဒါကြောင့်သွင်းကုန်တွေက များနေတာ။ နောက်လုပ်ငန်းသုံးကုန်ကြမ်းတွေပေါ့။ နောက်ဆုံး ဘိလပ်မြေ၊ ဒီဇယ်၊ ဓာတ်ဆီကစပြီးတော့ လုပ်ငန်းသုံးပစ္စည်း က ဒုတိယများနေတယ်။ ပြီးတော့ စားသုံးကုန် ကုန်စည်က အနည်း ဆုံးပေါ့။ အဲဒါတွေရေရှည်တိုး တက်ဖို့အတွက် ကုန်စည်စီး
ဆင်းမှုများနေတာဖြစ်ပါတယ်။ ဒီနှစ် ကစပြီးတော့ ထိရောက်တဲ့ပို့ကုန် မြှင့်တင်ရေးတွေလည်းလုပ်နေပါ ပြီ။ ကုန်သွယ်မှုဗဟိုဌာနလည်း ရန်ကုန်မှာပဲတည်ထောင်ထားပြီ ဖြစ်တဲ့အတွက် တန်ဖိုးမြင့်ပို့ကုန် ဥပဒေလည်းရေးဆွဲနေပြီဖြစ်ပါ တယ်။ ကုန်သွယ်မှုလိုငွေဆိုတာ ကတော့ တိုင်းပြည်ကတည် ဆောက်တဲ့ အချိန်ဖြစ်နေတာ ကြောင့် ခုနပြောသလိုဦးစားပေး သွင်းရတာတွေရှိနေသေးလို့ သွင်းကုန်ကများပြီး လိုငွေပြနေ တာပါ။ ဒါပေမဲ့ ပို့ကုန်ရော၊ သွင်း ကုန်ရောတွက်ရင် သုံးနှစ်အတွင်း ၁၀ ဘီလီယံလောက် တက်ပါတယ်။

ကုန်သွယ်ရေးမှာ တရုတ်-မြန်မာ နယ်စပ်ကြားကုန်သွယ်ရေးနဲ့ပတ် သက်ပြီး လက်ရှိဆွေးနွေးမှုတွေ လုပ်နေတယ်လို့   သိရပါတယ်။ ဆန်ကိစ္စကလည်း    အရေးကြီး ဆွေးနွေးရမယ့်အကြောင်းဖြစ်တဲ့ အတွက် ဆွေးနွေးမှုရလဒ် က ဘယ်လိုအခြေအနေရှိနိုင်ပါသလဲ။

မနှစ်ကတော့ တရုတ်ပြည် ကိုဆန်နဲ့ပြောင်းတင်ပို့တယ်။ အစိုးရသစ်    တက်လာပြီးတဲ့ နောက်ပိုင်း ပထမနှစ်မှာ ဆန်တန် ချိန် ၁ ဒသမ ၄ သန်း၊ မနှစ်က ၁ ဒသမ ၂ သန်းပို့တယ်။ Nomal မှာလည်းပို့တယ်။ နယ်စပ်မှာ လည်းပို့တယ်။ အဲဒီမှာဟိုဘက်က ခွင့်မပြုဘူး။ အဲဒီအတွက် ညှိနှိုင်း ပြီးတော့ပို့ခဲ့တယ်။ အခုတော့ သူ တို့ကပြည်မကြီးထဲမှာဖမ်းတာ ပေါ့။ အဓိကကတော့ လယ်ယာ ထွက်ကုန်အရည်အသွေးသတ် မှတ်တဲ့ (AQSIQ)ကို လာပြီးလေ့ လာဖို့ဖိတ်ထားပါတယ်။ အရင်က လည်း လယ်ယာစိုက်ပျိုးရေးဦးစီး ဌာနက ဖိတ်ထားပါတယ်။ အခု လည်း ကုန်သွယ်ရေးအနေနဲ့ထပ် ဖိတ်လိုက်တယ်။ ဒီမှာ အဲဒီကိစ္စ အတွက် ညှိနှိုင်းမယ်။ ပြီးရင် တရားဝင်သဘောတူစာချုပ်ချုပ် မယ်။ အဲဒါကိုတတ်နိုင်သလောက် မြန်မြန်လုပ်မယ်။ သူတို့က စံချိန် စံညွှန်းတွေကို လုပ်မှာဆိုတော့ မြန်မြန်ဆန်ဆန်တော့မရနိုင်ဘူး။ မြန်မြန်လုပ်ဖို့တော့ ကျွန်တော်တို့ ဘက်က တောင်းဆိုထားတယ်။ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန ကလည်း လုပ်နေတာ။ ဒါပိုပြီးမြန် အောင်လို့ဆိုပြီး ဗိုလ်ချုပ်ကြီးမြင့်လှိုင်နဲ့ တိုင်ပင်ပြီးလုပ်လိုက်တာပါ။

ဆန်က တရုတ်ဈေးကွက်မှာ ဘယ်လိုဖြစ်နိုင်သလဲ။

ဒီအတွက်စိတ်မပူပါနဲ့။ ဒီ ဘက်မှာဈေးကွက်မရရင် Nomal trade မှာ ဥရောပရော၊ အာဖရိ ကရော မှာရှိပြီးသား။ ဆန်အတွက်ကျန်တဲ့ဈေးကွက် လည်းရှိပြီးသား ပါ။ ဆန်မှာဆိုလည်း ဆန်စက် တွေလုပ် ထားတယ်။ ပြောင်းမှာ လည်း  အရည်အသွေးတွေစိုက် ထားတယ်။ ကျန်တဲ့ဈေးကွက်တွေ လည်းရှိနေ တာဆိုတော့ စိုးရိမ် စရာတော့မရှိပါဘူး။

ဝန်ကြီးလက်ထက်မှာပဲ မော်တော်ကားနဲ့ပတ်သက်ပြီးတော့ မူဝါဒ တွေ    ခဏခဏပြောင်းနေတာ တွေ့ရ ပါတယ်။ ကားနဲ့ပတ်သက် ပြီး မူဝါဒအပြောင်း အလဲတွေရှိဦး မလား။

ကားကတော့ ကားပေါ်လစီ အနေနဲ့ အဟောင်းအသစ်လဲတာ တွေကို ရထားပို့ဆောင်ရေးဝန် ကြီးဌာန   လက်အောက်မှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာနကနေ လုပ်နေတာရှိ တယ်။ ကျွန်တော်တို့ကတော့ ကားတင်သွင်းတာနဲ့ပတ်သက် တာပေါ့နော်။ တင်သွင်းတာနဲ့ပတ် သက်လို့ကတော့ ပေါ်လစီပြောင်း တာမရှိသေးပါဘူး။ ပြောင်းဖို့အစီ စဉ်မရှိသေးပါဘူး။

UMFCCI ဥက္ကဋ္ဌကနေ ပြည် ထောင်စုဝန်ကြီးဖြစ်လာတဲ့အခါ အရင်နဲ့မတူတော့ ဘဲ အများကြီး ပြောင်းလဲသွားပြီဆိုတဲ့   ဝန်ကြီး အပေါ်မှာ ဝေဖန်မှုတွေရှိပါ တယ်။ အဲဒီအပေါ်မှာ ဝန်ကြီးအနေနဲ့ ဘာတွေများတုံ့ပြန်ချင်ပါသလဲ။

ဒါကတော့ UMFCCI ဆိုတာကုန်သွယ်လုပ်ငန်းပဲ။ စက်မှုလုပ် ငန်းရှင်တွေနဲ့ပဲလုပ်ရတာကိုး။ အခုဟာကတော့ ပြည်သူတွေ အတွက် ကိုယ်စားပြုပြီးလုပ်ရတာ ပေါ့။ ကျွန်တော်ဝန်ကြီးဖြစ်လာတဲ့ အခါမှာ ကုန်သွယ်မှုနဲ့ပတ်သက် ပြီး အခက်အခဲတွေပြည်တွင်း ပြည်ပကနေ တင်ပြတာရှိပါ တယ်။ အဲဒီတင်ပြချက်တွေကို ရာနှုန်းပြည့် ကျွန်တော်လုပ်ပေး ပြီးပြီ။ စားအုန်းဆီတင်သွင်းခွင့် တွေ၊ မော်တော်ယာဉ်တင်သွင်းမှု တွေလည်း မှတ်ပုံတင်ရှိရင်တင် သွင်းခွင့်ပြုတယ်။ အိတ်စ်ပို့ပို့မယ် ဆို အရင်ကနေပြည်တော်ကနေ အခု ရန်ကုန်မှာပြီးအောင်လုပ်ခဲ့ တယ်။ အရင်ကတော့ ကုန်သွယ် စက်မှုအတွက်ပဲလုပ်ရတာ။ အခု ကတော့ ပြည်သူတွေအတွက်ဆို တော့ အမှန်ကတော့ ကျယ်ပြန့် လာတာပေါ့။ အရင်က TT ဆိုရင် ဆိပ်ကမ်းရောက်ပစ္စည်းတင်ပြီးမှ ထုတ်လို့ရတယ်။ အခုဆို ဆိပ် ကမ်းထဲရောက်တာနဲ့ထုတ်လို့ရ ပြီ။ ဘာလို့လဲဆိုတော့ သူတို့ လည်း   အရင်းအနှီးလိုတယ်။ အရင်က ကျွန်တော်လည်း ဒါတွေ သိလို့ပြောင်းလဲမှုတွေလုပ်တယ်။ ဒါပေမဲ့လည်း UMFCCI က လူတွေအတွက်လုပ်သလို ပြည်သူအတွက်လည်း လုပ်နေရတာတွေ ရှိပါတယ်လို့ပဲပြောချင်ပါတယ်။

လုပ်ငန်းရှင်ကနေ ပြည်ထောင်စု ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်တာ သုံးနှစ်ကျော်ပြီဆိုတော့ ပြီးသွား တဲ့ကာလတွေအပေါ် သုံး သပ်ပေးပါဦး။

အမှန်အတိုင်းပြောရရင် တော့ ကျွန်တော်က တိုင်းချစ်ပြည် ချစ်စိတ်နဲ့ ဘဝပေး၊ အချိန်ပေးပြီး တော့ ကျွန်တော်လုပ်ချင်တယ်။ လုပ်တယ်ပေါ့။ ကျွန်တော်ဆိုရင် ၁၉၈၉ ကတည်းက အသင်းအဖွဲ့ တွေတည်ထောင်လာကတည်းက ပရိုမိုတာဖြစ်ခဲ့တယ်။ ဥပမာဆန် စက်အသင်းလည်းဥက္ကဋ္ဌလုပ် တယ်။ ဒီလိုအောက်ခြေကစလုပ် တာ။ UMFCCI စဖွဲ့တဲ့အချိန်မှာ လည်း ကျွန်တော်ဥက္ကဋ္ဌလုပ် တယ်။ ၁၂ နှစ်လုံးလုံး ဥက္ကဋ္ဌလုပ် တယ်။ ဒီဟာတွေက ကျွန်တော့်ရဲ့တိုင်းချစ်ပြည်ချစ်စိတ်။  ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်မှုတွေလိုအပ်တယ်ဆိုတဲ့ စိတ်ခံယူချက်နဲ့လုပ်တယ်။ အခုကျွန်တော်တို့မှာ အချိန်အကန့်အသတ်ရှိပါတယ်။ သိတဲ့အတိုင်း ငါးနှစ်ပေါ့။ အခုပဲလ ၄၀ ကျော်ရှိသွားပါပြီ။ အဲဒါနဲ့ တစ်လပြီးတစ်လ၊ တစ်ရက်ပြီး တစ်ရက် လုပ်ရမယ်ဆိုတာကို သဘောထားပြီး လုပ်နေတာပါ။ တစ်ရက်ကုန်ရင်၊ တစ်လကုန်ရင် ဘာတွေအကျိုးရှိလဲကြည့်ပြီးလုပ် ပါတယ်။ တိုင်းနဲ့ပြည်နယ်တွေကို လည်း အခေါက်ပေါင်း (၁၃၈) ကြိမ်သွားပြီး ကွင်းဆင်းပြီးသွားပါပြီ။ ဒေသခံတွေနဲ့တွေ့ပြီးလုပ်ပါ တယ်။

ကျွန်တော်က ကုန်သွယ်ရေး ကဏ္ဍပိုမိုတိုးတက်ရေးလုပ်ငန်း တွေလုပ်မယ်။ ကျွန်တော်ဥက္ကဋ္ဌ ဖြစ်တဲ့စားသုံးသူအကာအကွယ် ပေးရေးတွေလည်းလုပ်မယ်။ ပြီး တော့ ပုဂ္ဂလိကဖွံ့ဖြိုးတိုးတက်ရေး တွေလုပ်ပါ့မယ်။ ပြည်တွင်းက လုပ်ငန်းတွေ SME တွေလုံခြုံမှုရှိ အောင် လုံခြုံမှုအတွက် အစီအမံ တွေလုပ်ပါ့မယ်။ ဥပဒေတွေလည်းဆွဲနေပါတယ်။ ကုန်သွယ်ရေးဥပ ဒေတွေ၊ လယ်ယာဥပဒေတွေ၊ စားသုံးသူကာကွယ်ရေးဥပဒေ တွေကိုလည်း လုပ်နေပါတယ်။ အထူးသဖြင့် ပို့ကုန်မြှင့်တင်ရေး ကိုအထူးဇောင်းပေးလုပ်ဆောင် မှာပါ။

အခုတစ်လောလက်ရှိအစိုးရအဖွဲ့အတွင်းမှာ ရာထူးနေရာ အပြောင်းအလဲတွေ ဘယ်လိုမြင်ပါသလဲ။

လက်ရှိအစိုးရအပြောင်း အလဲများက အကြီးအကဲတွေအ နေနဲ့က အကောင်းဆုံးစီမံနေ တယ်လို့တော့ ထင်ပါတယ်။

၂၀၁၅ အလွန်ကို ဝန်ကြီးအနေနဲ့ ဘာတွေပြင်ဆင်ထားပါသလဲ။ ဝန်ကြီးအနေနဲ့ ကြိုတွေးသုံးသပ် ပေးပါဦး။

ဒါကတော့ ပြည်သူတွေရဲ့ ရွေးချယ်မှုအဆုံးအဖြတ်ပေးမှု ပေါ်မူတည်ပါတယ်။ ကျွန်တော် လုပ်တာ ကိုင်တာကိုကြည့်ပြီး ပြည်သူတွေက   ဆုံးဖြတ်ပေးပါ လိမ့်မယ်။

7Day News Journal

No comments:

Post a Comment

My Blog List