Tuesday, August 12, 2014

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်အမြန်ဆုံး လက်မှတ်ထိုးရန် နိုင်ငံရေးပါတီများတောင်းဆို


နိုင်ငံရေးပါတီ ၆၆ ပါတီ က ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် နိုင်ငံလုံး ဆိုင်ရာပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို အမြန်ဆုံးလက်မှတ် ရေးထိုးကြရန် သက်ဆိုင်သူ အားလုံးကို အလေးအနက်တိုက်တွန်းလိုက်သည်ဟု သြဂုတ် ၁၁ ရက်တွင် ထုတ်ပြန်ကြေညာလိုက် သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး  ဖော်ဆောင်ရေးလုပ်ငန်းကော်မ တီက နိုင်ငံရေးပါတီများသို့ ငြိမ်းချမ်းရေးဖြစ် စဉ်များရှင်းလင်းတင် ပြခြင်းနှင့် အပြန်အလှန်ဆွေးနွေး ခြင်းကို မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာနတွင် သြဂုတ် ၁၁ ရက်က ကျင်းပခဲ့ပြီး အဆိုပါတိုက်တွန်း ချက်များပါ ၀င်သည့် ကြေညာ ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

နိုင်ငံရေးဆွေးနွေးမှုမူ ဘောင်များနှင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုကိုလည်း အပစ်အခတ် ရပ်စဲရေး စာချုပ်ပါ သဘောတူညီ ချက်အတိုင်း မပျက်မကွက်ပြု လုပ်ကြရန် သက်ဆိုင်သူအားလုံး ကို လေးနက်စွာ တိုက်တွန်းသည် ဟု တက်ရောက်လာသည့် နိုင်ငံ ရေးပါတီများမှ ပါဝင်ဆွေးနွေးသူ ၁၅၀ ကျော်က ဆုံးဖြတ်လိုက် သည်။

ထို့အပြင် ပါဝင်သင့် ပါဝင်ထိုက်သူများပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ အမြန် ဆုံးဖြစ်ပေါ်နိုင်ရေး အတွက် ပြင် ဆင်ရန် ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆော်ရေးလုပ်ငန်း ကော် မတီ (UPWC)၊နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေး အဖွဲ့(NCCT)နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ တွေ့ဆုံနိုင် ရေးကို အမြန်ဆုံးဆောင်ရွက်ပေး ပါရန် တောင်းဆိုထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ထား သည့် နိုင်ငံရေးပါတီ ၆၇ ပါတီ အနက် ပါတီ ၆၆ ခုတက်ရောက်ခဲ့ ပြီး သဘောတူညီချက်ထုတ်ပြန်ခဲ့ ခြင်းဖြစ်သော်လည်း အချို့ပါတီ များက အဆိုပါ သဘောတူညီ ချက်သည် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များကို သဘောတူ ညီမှု အပြည့်အ၀မရသေးဘဲ အမြန်လက်မှတ်ထိုးရန် ဖိအား သဘောမျိုးသက်ရောက်နိုင်သည်ဟု ယူဆသည်။

‘‘ကျွန်တော်တို့ကတော့ ဒါကိုထုတ်ပြန်လိုက်ရင် တစ်ဖက်မှာ မြန်မြန်ထိုးပါလို့ ဒီဘက်က ၀ိုင်းပြီး ဖိအား ပေးတယ်ထင်မှာ စိုးတယ်။ ကျေလည်မှုမရှိဘဲ လက်မှတ်ထိုးရင် အလကားပါပဲ’’ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီမှ အတွင်းရေးမှူး ဦး စိုင်းညွန့်လွင်ကပြောသည်။

‘‘ဒီမှာ မကျေနပ်တဲ့သူရှိရင် ကန့်ကွက်ပါလို့ပြောထားတယ်။ ကန့်ကွက်သူမရှိတဲ့အတွက် အတည်ပြု ထုတ်ပြန်လိုက်တာပါ။ နိုင်ငံရေးပါတီတွေအားလုံးငြိမ်း ချမ်းရေးလိုချင်တယ်။ ကျွန်တော်တို့က ဒါကို တစ်ဖက်ကနေ တိုက်တွန်းတာပဲ’’ဟု ချင်းအမျိုးသား ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်ကပြောသည်။ဆွေးနွေးပွဲသို့ နိုင်ငံရေး ပါ တီ ၆၆ ပါတီမှ ကိုယ်စားလှယ် များနှင့် နိုင်ငံရေးအဖွဲ့အစည်း များမှ လေ့လာသူ ၂၀ စုစုပေါင်း ပုဂ္ဂိုလ် ၁၅၀ တက်ရောက်ခဲ့ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးသဘောတူညီချက်ရရှိရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ် မြောက်ရန်အတွက် ပါတီတစ်ခု ချင်းစီက အကြံပြုဆွေးနွေးခဲ့ ကြောင်း သိရသည်။

7Day News Journal

No comments:

Post a Comment

My Blog List