Thursday, August 14, 2014

Fields Medal ဆုကို အမျိုးသမီး ပါမောက္ခရရှိ



သင်္ချာဘာသာရပ်ရဲ့ နိုဘယ်လ်ဆုလို့တင်စားကြတဲ့ Fields Medal သင်္ချာ ဘာသာဆုကို အီရန်နိုင်ငံဖွား အမျိုးသမီးက ရရှိသွားပြီး ဒါဟာ အမျိုးသမီးအနေနဲ့ ပထမဦးဆုံးအကြိမ် ရရှိခြင်း ဖြစ်ပါတယ်။ နှစ်ပေါင်း ၈၀ နီးပါးအတွင်း အဲဒီ သင်္ချာ ဘာသာ ဆုကို ပေးလာတာ ဖြစ်ပေမယ့် အမျိုးသမီး တစ်ဦး အနေနဲ့ အခုမှ ပထမဆုံး အကြိမ် ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။ Fields Medal လို့ခေါ် တဲ့ သင်္ချာ ဘာသာရပ် ဆုဟာ ဂုဏ်သရေ ကြီးမားတဲ့ ဆုဖြစ်ပြီး လေးနှစ် တစ်ကြိမ် ပေးအပ်လေ့ရှိတဲ့ ဆုကြီး ဖြစ်ပါတယ်။
နိုဘယ်ဆုမှာ စာပေဆု၊ ရုပဗေဒဆု၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆု အစရှိသဖြင့် ထားရှိပေးပေမယ့် သင်္ချာဆိုင်ရာ နိုဘယ်လ် ဆုမရှိတဲ့ အတွက် Fields Medal ဆုကို သင်္ချာဆိုင်ရာ နိုဘယ်လ် ဆုလို့ တင်စားလေ့ရှိပါတယ်။

ဒီနှစ်အတွက် လူလေးဦးကို ရွေးချယ်ခဲ့ပြီး အဲဒီအထဲမှာ ဟားဗက်ဒ် တက္ကသိုလ်က သင်္ချာဘွဲ့ရသူလည်းဖြစ် Stanford တက္ကသိုလ်ရဲ့ ပါမောက္ခလည်းဖြစ်သူ အီရန်နိုင်ငံဖွား Maryam Mirzakhani လည်း ရရှိသွားတာ ဖြစ်ပါတယ်။

သူ့အနေနဲ့ အခုလို ဆုချီးမြှင့်ခံရတဲ့အပေါ် ဂုဏ်ယူမိတဲ့အကြောင်း၊ သူဒီလို ဆုချီးမြှင့် ခံရတာကို ကြည့်ပြီး တခြား အမျိုးသမီး သိပ္ပံပညာရှင်တွေနဲ့ သင်္ချာ ပညာရှင်တွေလည်း အတုယူ လုပ်ဆောင် လာကြမယ်လို့ မျှော်လင့်ကြောင်း ပါမောက္ခ Maryam က ပြောပါတယ်။ အနာဂတ်မှာ ဒီလိုဆုမျိုးကို အမျိုးသမီးတွေ အများကြီး ရရှိလာကြမယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။

ပါမောက္ခ Maryam ရဲ့ သင်္ချာနည်းတွေဟာ သီအိုရီအတွက်သာ ဖြစ်ပေမယ့်လည်း အဲဒီသီအိုရီတွေဟာ ရူပဗေဒလို ကဏ္ဍ အတွက် အသုံးဝင်နိုင်တဲ့ နည်းလမ်းတွေဖြစ်တဲ့အတွက် ဆုကို ပေးအပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

ပါမောက္ခ Maryam ဟာ အီရန်နိုင်ငံ Tehran မြို့မှာ မွေးဖွားပြီး ငယ်စဉ်က စာရေးဆရာမ ဖြစ်လာဖို့ ရည်ရွယ်ခဲ့ပေမယ့် ကျောင်းမှာ သင်္ချာဘာသာကို အထူးစိတ်ဝင်စားခဲ့ရာက သင်္ချာပညာရှင်လုပ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

Fields Medal ဆုမတိုင်ခင် တခြားဆုတွေကိုလည်း အများအပြား ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။

ဒီဆုကို အသက် ၄၀ အောက်ရှိသူကိုသာ ပေးအပ်တဲ့ဆုဖြစ်တယ်လို့လည်း သိရပါတယ်။

ABC

No comments:

Post a Comment

My Blog List