Monday, April 04, 2016

ရေပန်းစားသော အနုပညာရှင်အများစု ထူးချွန်ဆုရပြီး ‘ကောင်းကျိုးကိုယ်၌ တည်စေမင်း’ အောင်ပွဲခံသောအကယ်ဒမီည







၂၀၁၄၊ ၂၀၁၅၊ ၂နှစ်တာအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်း အနားတွင် ပရိသတ်ခန့်မှန်း ထားသည့် အနုပညာရှင်အများစု ထူးချွန်ဆုများ ရရှိခဲ့ပြီး ‘ကောင်း ကျိုးကိုယ်၌တည်စေမင်း’ရုပ်ရှင် ဇာတ်ကားက ထူးချွန်ဆု အများဆုံး သိမ်းပိုက်သွားခဲ့သည်။

ယခင်နှစ်က အတတ်ပညာ ဆိုင်ရာဆု အများစုမပေးခဲ့သော် လည်း ယခုနှစ် ဆုပေးပွဲတွင်မူ သတ်မှတ်ထားသည့် ထူးချွန်ဆု ၂၂ ဆုအနက် ၁၈ ဆုပေး အပ်ခဲ့ပြီး ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကားက ၂၀၁၄ အ တွက် တေးဂီတဆု၊ တည်းဖြတ်ဆု၊ ဇာတ်ညွှန်းဆု၊ ဇာတ်ကားဆုနှင့် အမျိုးသမီးဇာတ်ဆောင်ဆု စုစု ပေါင်း ဆုငါးဆု ရရှိခဲ့သည်။

၂၀၁၃ က ထူးချွန်ဆုရရှိခဲ့သည့် ပြေတီဦး၊ ခိုင်သင်းကြည်နှင့် ၀တ်မှုံရွှေရည် တို့က ၂၀၁၄ အတွက် ထူးချွန်ဆုများရရှိခဲ့သလို ပြီးခဲ့သည့်နှစ်က ပထမဆုံး အကယ်ဒမီရရှိခဲ့သည့် ဒါရိုက်တာဝိုင်းကလည်း ‘ကျွန်မက နှင်းဆီပါမောင်’ ဇာတ်ကားဖြင့် ၂၀၁၅ အတွက် ဒါရိုက်တာဆု ထပ်မံရရှိခဲ့သည်။

၂၀၁၅ အတွက် ဇာတ်ပို့ဆုရရှိရန်ပရိသတ်များ ခန့်မှန်းထားသည့် တက္ကသိုလ် ဂွမ်းပုံ အမျိုး သမီးဇာတ်ပို့ဆုရရှိခဲ့သော်လည်း အမျိုးသားဇာတ်ပို့ဆု ရရှိရန် တစ်ကြိုပေးခံရသည့် ခင်လှိုင် မှာဆုနှင့် လွဲချော်ခဲ့ရသည်။

ဇာတ်ပို့ဆုရရှိခဲ့သော တက္က သိုလ်ဂွမ်းပုံအတွက် ပရိသတ်များက အထူးဝမ်း မြောက်ကျေနပ်ခဲ့ ကြသည်။

၂၀၁၅ အတွက် အမျိုးသား ဇာတ်ပို့ဆုကို အကယ်ဒမီအောင် ခိုင်က ကြေညာပေးခဲ့ပြီး တကယ့် ဇာတ်ပို့ အစစ်ရသည်ဟု ပြောကြားခဲ့ရာ အနုပညာမောင်နှမအား လုံးက ခင်လှိုင့်အနားတွင် ၀ိုင်း၍ အားပေးခဲ့ကြ သည်။

သို့သော် အဆိုပါဆု လွဲချော်ခဲ့ခြင်းကြောင့် အနုပညာမောင်နှမ များက ခင်လှိုင့်ကို အနီးကပ်၍ အားပေးခဲ့ကြသည်။

‘‘အကယ်ဒမီပွဲဆိုတာ ကမ္ဘာ ကျော်မျက်လှည့်ပွဲလိုပဲ။ ဟတ်ချ လောင်းဆိုတဲ့ မှော်ဆရာရဲ့ သြဇာ အောက်မှာ တကယ်မရှိတဲ့အရာ တွေက ရောက်လာ တတ်ပြီးတော့ တကယ်ရှိတဲ့အရာတွေကပျောက် သွားတတ်တယ်။ ဒါပေမဲ့ တကယ် ရှိပြီးသားအရာတွေက ဘယ်တော့ မှပျောက်မသွားဘူးဆိုတာ တော့’’ ဇာတ်ပို့ဆုဖြင် တစ်ကြိုပေးခံခဲ့ရ သည့် ခင်လှိုင်က အကယ်ဒမီပေး ပွဲအပြီး၌ ၎င်း၏ခံစားချက်ကိုဖေ့စ် ဘွတ်ခ်တွင်ရေးသားထားသည်။

အမျိုးသားဇာတ်ဆောင်ဆု ကို ပြေတီဦးနှင့်နေတိုးတို့က နှစ် အလိုက်ဆုများ အသီးသီးရရှိခဲ့ကြ သောကြောင့် ပရိသတ်များကျေ နပ်ခဲ့ကြပြီး အမျိုးသမီး ဇာတ်ဆောင်ဆုကိုမူ ၂၀၁၄ အတွက် ခိုင်သင်းကြည်နှင့် ၂၀၁၅အတွက် ဖွေးဖွေးတို့က ရရှိခဲ့ကြသည်။

ပရိသတ်များက ၎င်းအ တွက်ဇာတ်ဆောင်ဆုရစေချင်ကြ သော်လည်း အကယ်ဒမီနှင့်ပတ် သက်၍ ကံမကောင်းတတ်သော ကြောင့် မမျှော်လင့်ခဲ့သော်လည်း ဆုရရှိခဲ့ခြင်းကြောင့် ၀မ်းသာရ ကြောင်း ခိုင်သင်းကြည်ကပြော ကြားသည်။

‘‘မခိုင်ရဲ့ လက်ရှိအသက်အ ရွယ်နဲ့လည်း မဗေဒါရဲ့ ဇာတ် ကောင်နဲ့လိုက် တယ်လို့ထင် တယ်။ ငယ်ငယ်တုန်းကဆိုရင် လည်း ဒီလောက်ကောင်းချင်မှ ကောင်းမှာပါ။ မခိုင်အနုပညာ သက်တမ်း နှစ် ၂၀လောက်ရှိပါ ပြီ။ ဒီကားမျိုး လည်းသရုပ်မဆောင်ဖူး ခဲ့ဘူး။ အခုလိုအကယ်ဒမီရတဲ့အ တွက် အရမ်းကို ၀မ်းသာပါတယ် ရှင်။ ချစ်ပရိသတ်တွေကြောင့်မို့ ဒီ ဆုကို ရခဲ့တာပါ။ ဘာကြောင့်လဲ ဆိုရင်ပရိသတ်မရှိရင် ဒီလောက် ရပ်တည်ဖို့မလွယ်ပါဘူး’’ဟု ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်နှင့်ပတ်သက်၍ ၎င်း၏ခံ စားချက်ကိုပြောကြားသည်။

ယခုနှစ် ထူးချွန်ဆုပေးပွဲ သည် ၂ နှစ်စာ ဆုချီးမြှင့်ခြင်းဖြစ် သော်လည်း ပွဲပြင်ဆင်ချိန်သည် ငါးရက်သာ ရရှိခဲ့သောကြောင့် အဆင်မပြေမှုများရှိပါက​ တောင်း ပန်ကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်းကပြောကြားသည်။

ယခင်နှစ်အတွက် အတတ် ပညာဆိုင်ရာ ဆုအများစု မပေး အပ်နိုင်ခဲ့သော် လည်း ယခုနှစ်တွင် မူ ၂၀၁၄ အတွက် ဒါရိုက်တာဆု နှင့် ၂၀၁၅ အတွက် အသံဆု၊ ဇာတ်ညွှန်းဆုနှင့် ဇာတ်ကားဆု များ ပေးအပ်နိုင်ခြင်းမရှိခဲ့ပေ။

‘‘ကျွန်တော်မရလည်း ကျွန် တော့်ညီလေး ဇေပါကိုတော့ရစေ ချင်မိတယ်။ ဒါရိုက်တာဆုကို ၂၀၁၄ အတွက် မပေးတာက တော့ ဒါရိုက်တာအားလုံး အတွက် စိတ်မကောင်းဖြစ်မိတယ်’’ဟု ‘တိုက်ဆိုင်မှုရှိလျှင်’ ရုပ်ရှင်ဇာတ် ကားဖြင့် ဒါရိုက်တာဆုရရှိရန် တစ်ကြိုပေးခံခဲ့ရသည့် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ၂၀၁၄ အတွက် ဒါရိုက်တာဆု မပေးသည့်အပေါ် ခံစားချက်ကို ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် မျှဝေထား သည်။

ယခုနှစ် ရုပ်ရှင်ထူးချွန်ဆု ပေးပွဲသည် ၂ နှစ်စာပေါင်း၍ ပေး အပ်ခြင်းဖြစ် သောကြောင့် လာ ရောက်ကြည့်ရှုသည့် ပရိသတ် ငြီးငွေ့မှုမရှိစေရန် ဆုများပေးအပ် သည့်အစီအစဉ်များအတွင်း ဖျော် ဖြေရေးအစီအစဉ်များ ကိုလည်း ထည့်သွင်းတင်ဆက်ပေးခဲ့သည်။

မှုန်ရွှေရည်သီချင်းကို ၀င်းဦး နှင့် ရန်အောင်တို့နှစ်ဦးပေါင်းတင် ဆက်ပေး သည့်အစီအစဉ်ကို ပရိ သတ်များ နှစ်ခြိုက်ခဲ့ကြသလို မ ကြာမီ ကျရောက်တော့မည့် သင်္ကြန်ကာလကို ကြိုဆိုသည့် သဘောဖြင့် တင်ဆက်ပေးခဲ့သည့် သင်္ကြန်မိုးသီချင်း၏ ဖျော်ဖြေမှု အစီအစဉ်ကိုလည်း ပရိသတ်များ အားပေးခဲ့ကြသည်။

ယခင်နှစ်က အစီအစဉ်တင် ဆက်သူများ၏ လွဲချော်မှုများ ရှိခဲ့ သော်လည်း ယခုနှစ်တွင်မူ ၀ါရင့် အစီအစဉ် တင်ဆက်သူများက တာဝန်ယူခဲ့သောကြောင့် အမှား အယွင်းနည်းပါးခဲ့သည်။ စေတန် ၏ ကချေသည် ဇာတ်ကားနှင့် အကယ်ဒမီ ရရှိခဲ့သည့် ဒါရိုက် တာ ၀ိုင်းကို နင်စေရင်ဇာတ်ကား ဖြင့် အကယ်ဒမီရရှိခဲ့သည်ဟု မှား ယွင်းကြေညာမှုသာ ရှိခဲ့သည်။

ထို့အပြင် ယခုနှစ် ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်နာယက ဖြစ်သည့် သူရ ဦးတင်ဦးလည်း တက်ရောက်ချီး မြှင့်ခဲ့ကာ ဒေါ်အောင်ဆန်းစုကြည် က သ၀ဏ်လွှာပေးပို့ ခဲ့သည်။

ယခုနှစ် ရုပ်ရှင်ထူးချွန်ဆု ပေးပွဲကြီးကို ကြီးကျယ်ခမ်းနားစွာ ကျင်းပနိုင်ခဲ့ သော်လည်း ထိုင်ခုံ နေရာချမှတ်ထားရေးနှင့်ပတ် သက်၍ ဝေဖန်မှုများရှိခဲ့ပြီး ဆု ရွေးချယ်မှု အချို့နှင့်ပတ်သက်၍ လည်း ဝေဖန်မှုများရှိခဲ့သည်။

‘‘အကယ်ဒမီရွေးချယ်ရေး အဖွဲ့သို့ အားလုံးကထင်ထားတဲ့ ခင်လှိုင်ကို မပေးဘဲ ဗေလုဝကို ပေးလိုက်တဲ့နောက်ကွယ်မှာ အ ကြောင်းရှိမယ်လို့ ယူဆမိပါ တယ်။ ဗေလုဝကိုပေးချင်ရင် နေတိုးကိုဖျက်ပြီး ၂၀၁၅ ဇာတ် ဆောင်ဆု ပေးရမှာပါ။ ဇာတ်ကား အရ ဗေလုဝဟာ အဓိကဇာတ် ဆောင် ဖြစ်ပါတယ်။ ဇာတ်ပို့မ ဟုတ်ပါ။ (မင်းသားနိုင်းနိုင်းက အဲဒီကားမှာ ဇာတ်ပို့ပါ)။ အဲဒီလို လွဲချော်မှုတွေကြောင့် အခုလို လူထုကြားမှာ မလိုလားအပ်တဲ့ သံသယတွေဝင်လာပြီး အစည်း အရုံးဥက္ကဋ္ဌအပါအ၀င် လူထု ခေါင်းဆောင် အပေါ်မှာပါ ပြော ဆိုစွပ်စွဲလာတာတွေ တွေ့ရပါ တယ်။

ခေတ်ပြောင်းနေပြီဖြစ်လို့ ဒီကိစ္စကို လူထုကျေနပ်အောင် ရှင်းပြပေးသင့် ပါကြောင်း လေး စားစွာ တင်ပြအပ်ပါတယ်’’ဟု ဤအရာကို အချစ်ဟုခေါ် သလား ဇာတ်ကားဖြင့် ဗေလုဝအား ဇာတ်ပို့ဆု ပေးအပ်ခဲ့ခြင်းနှင့် ပတ်သက်၍ဒါရိုက်တာ မောင်သီက ရေးသားထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List