Friday, April 08, 2016

ကျပ် ၅၀၀ တန် ထီလက်မှတ် ဆုကြေးတွင် ကျပ်သိန်း ၁၀၀၀၀ အပြင် ကျပ်သိန်း ၅၀၀၀ နှင့် ကျပ်သိန်း ၁၀၀၀ ဆုကြေးများ လည်း ပါဝင်မည်


ငွေကျပ် ၅၀၀ တန်ထီလက်မှတ်များအတွက် အမြင့် ဆုံးဆုကြေးအဖြစ် ကျပ်သိန်း ၁၀၀၀၀ အပြင် ကျပ်သိန်း ၅၀၀၀ နှင့် သိန်း ၁၀၀၀ ဆုကြေးများလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ယင်းဆုကြေးများအပြင် အထူးဆုကြီးစနစ်အဖြစ် ကျပ်သိန်း ၁၀၀၊ သိန်း ၅၀ နှင့် ၁၀ သိန်းတို့လည်း ပါဝင် မည်ဖြစ်ကာ ကျပ် ၂၀၀ တန်ထီလက် မှတ်များ၏ဆုကြေးတွင် ပါဝင်သည့် ဝေေ၀ဆာဆာပဒေသာ ဆုမဲ စနစ်ဖြစ် သော ကျပ်သုံးသိန်း၊ နှစ်သိန်း၊ တစ် သိန်းနှင့် ငါးသောင်းတို့လည်း ပါဝင် မည်ဖြစ်သည့်အပြင် ဆုမဲအရေအတွက် ကိုလည်း ယခင်ထက် တစ်သောင်း ကျော် တိုးမြှင့်သွားရန် စီစဉ်ထား ကြောင်း ပြည်တွင်း အခွန်များဦးစီး ဌာန အောင်ဘာလေသိန်းဆုဌာန ခွဲမှ သိရသည်။
ယခုရောင်းချနေသည့်ကျပ်၂၀၀ တန်ထီလက်မှတ်များအတွက် လစဉ် ဆုမဲအရေအတွက် ၄၀၂၄၃ ဆုပေး နေပြီး ကျပ် ၅၀၀ တန်ထီလက်မှတ် များအတွက် လစဉ် ဆုမဲအရေအ တွက်မှာ ငါးသောင်းကျော်ပေး မည် ဖြစ်ခြင်းကြောင့် ယခင် ကျပ် ၂၀၀ တန်ထက် ဆုမဲအရေအတွက် တစ် သောင်းကျော် ပိုတိုးလာမည်ဖြစ် ကြောင်း အောင်ဘာလေသိန်းဆုဌာ နခွဲမှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၇ ရက်တွင် ဒီမိုကရေစီတူဒေးသို့ပြောသည်။

" ကျပ် ၅၀၀ တန်လက်မှတ်တွေ ကို ရောင်းချဖို့အချိန်ကို ခုထိတော့ မပြောနိုင်သေးဘူး။ ပုံမှန်အားဖြင့် လည်း ထီစာအုပ်တစ်အုပ်မှာ အချိန် ခြောက် လလောက် ကြိုမှာရတယ်။သို့သော် ရက်ပေါင်း ၁၀၀ အတွင်း မှာ ဒါကိုအမြန်ဆောင်ရွက်ရမယ်ဆို တာမျိုးဖြစ်လာရင်တော့ ဒီထက် အ ချိန်ပိုစောနိုင်တယ် " ဟု ယင်းက ဧပြီ ၇ ရက်က ဒီမိုကရေစီတူဒေးသတင်း စာသို့ပြောသည်။

၁၉၃၈ ခုနှစ်က ထီလက်မှတ် တစ်စောင်လျှင် နှစ်ကျပ်ဖြင့် စတင် ရောင်းချ ခဲ့ပြီး အမြင့်ဆုံးဆုကြေးမှာ ကျပ်တစ်သိန်းနှင့် အနိမ့်ဆုံး ဆုကြေး မှာ ကျပ် ၅၀၀ ဖြစ်ကြောင်း ပြည် တွင်းအခွန်များဦး စီး ဌာန အောင် ဘာ လေသိန်း ဆုဌာနခွဲမှ သိရသည်။

ယင်းနောက် ၁၉၈၈ ခုနှစ်တွင် ထီလက်မှတ်တစ်စောင်လျှင် ငါးကျပ် သို့ပြောင်း လဲ၍ အမြင့်ဆုံးဆုကြေး အဖြစ် ကျပ်ငါးသိန်း၊ အနိမ့်ဆုံးဆု ကြေး ကျပ် ၁၅၀၀ သို့ ပြောင်းလဲ သတ်မှတ်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် ထီ တစ်စောင် ကျပ် ၅၀ ဖြင့် ထပ်မံတိုး မြှင့်ရောင်းချခဲ့ကာ အမြင့်ဆုံးဆု ကြေး ကျပ်သိန်း ၅၀ နှင့် အနိမ့်ဆုံး ဆုကြေး ကျပ်တစ်သောင်းသို့တိုးမြှင့် သတ်မှတ်ပေး ခဲ့ကြောင်း သိရသည်။

၂၀၀၅ ခုနှစ်တွင် ထီလက်မှတ် တစ်စောင် ကျပ် ၁၀၀ သို့ တိုးမြှင့်ခဲ့ ကာ အမြင့်ဆုံးဆုကြေး ကျပ်သိန်း ၅၀၀၊ အနိမ့်ဆုံး ကျပ် ၂၀၀၀၀၊ ၂၀၀၉ ခုနှစ်တွင် ကျပ် ၂၀၀ သို့တိုး မြှင့်ရောင်းချခဲ့ရာတွင် ယင်းအတွက် အမြင့်ဆုံးဆုကြေးသည် ကျပ်သိန်း ၁၀၀၀ နှင့် အနိမ့်ဆုံးဆုကြေးအဖြစ် ကျပ်တစ်သိန်းသို့ ပြောင်းလဲပေးခဲ့ သည်။

၂၀၁၂ ခုနှစ်တွင်မူ ထီလက် မှတ်တစ်စောင်ကျပ် ၂၀၀ အတိုင်းသာ ဆက်လက်ရောင်း ချခဲ့ပြီး အမြင့်ဆုံး ဆုကြေးကို ကျပ်သိန်း ၁၅၀၀၊ အနိမ့် ဆုံးဆုကြေးကို ကျပ် ၅၀၀၀၀ သို့ ပြောင်းလဲပေးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ထီလက်မှတ်တစ် စောင်ကို ကျပ် ၂၀၀ ဖြင့် ရောင်းချ နေသည့် ထီလက်မှတ်များအတွက် အက္ခရာလုံးရေ ၄၀ ထုတ်လျက်ရှိ ကြောင်း သိရသည်။

TTMT
‪#‎Democracytoday‬

No comments:

Post a Comment

My Blog List