Friday, April 08, 2016

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi နှင့်တွေ့ဆုံခြင်း


'တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းကောင်းဖြစ်တဲ့အတွက် မြန်မာ နိုင်ငံကို ထောက်ခံပံ့ပိုးမှုတွေ၊ ကူညီမှုတွေ ဆက်လက်ပေးသွားမှာဖြစ်ပါတယ်'မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ရောက်ရှိနေသည့် တရုတ်ပြည် သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန် ကြီးတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi နှင့်တွေ့ဆုံခြင်း နှင့်တွေ့ဆုံကာ မြန်မာနိုင်ငံသို့ လာရောက်ရသည့်ရည်ရွယ်ချက်၊ မြန်မာပြည်သူပြည်သားများအပေါ်ထားရှိသည့်သဘောထားများနှင့်ပတ်သက်ပြီး တွေ့ဆုံမေးမြန်း ဖြေကြားချက်များကို ဖော်ပြအပ်ပါသည်။
မေး- မင်္ဂလာပါဝန်ကြီးခင်ဗျား၊ အခုလိုအချိန်မအားလပ် တဲ့ကြားထဲက တွေ့ဆုံခွင့်ပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။ ဝန်ကြီးအနေနဲ့ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်၊ ၂ ရက် မှာနယူးယောက်မှာ နျူးကလီးယားလုံခြုံရေးဆိုင် ရာsummit တက်ရောက်ပြီး မြန်မာနိုင်ငံကိုရောက်ရှိလာတယ်လို့သိရပါ တယ်။ မြန်မာအစိုးရအသစ်ရက်ပိုင်းအတွင်းမှာ ပထ မဦးဆုံးရောက်ရှိလာတဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်ပါတယ်။ အဲဒါကြောင့် ဒီခရီးစဉ်က ထူးခြား တဲ့ခရီးစဉ် တစ်ခုအဖြစ် ကျွန်တော်တို့အနေနဲ့မှတ်ယူပါတယ်။ ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်နဲ့အတူ တရုတ်နိုင်ငံခေါင်းဆောင်ကြီး များဆီကနေယူဆောင် လာတဲ့ သတင်းစကား Message လေး တွေ ဘာတွေပါလာသလဲဆိုတာသိ ချင်ပါတယ်။

ဖြေ- ကျွန်တော်က မြန်မာအစိုးရအသစ်ထူထောင်ပြီး ပထမဦးဆုံးရောက်လာ တဲ့နိုင်ငံခြားရေးဝန်ကြီးဖြစ်ပါတယ်။ တချို့မီဒီယာတွေက ကျွန်တော့်ရဲ့ လာရောက်မှုအပေါ် အံ့သြစရာရှိပါတယ်။ ကျွန်တော်ပြောချင်တာက ဘာမှ အံ့သြစရာမရှိပါဘူး။ တရုတ်-မြန်မာနှစ်နိုင်ငံဟာ အပြန်အလှန်အရေးကြီးတဲ့ အိမ်နီးချင်းဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံကနယ်စပ်ချင်းလည်းဆက်စပ် နေ ပါတယ်။ ကျွန်တော်တို့နှစ်နိုင်ငံပြည်သူလူထုကြား နက်ရှိုင်းတဲ့ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရေးလည်းရှိပါတယ်။ ကျွန်တော်တို့နှစ်နိုင်ငံရဲ့ပူးပေါင်း ဆောင်ရွက်မှုလည်း အများကြီးရှိပါတယ် ။ နှစ်နိုင်ငံဟာ အကျိုးတူကံကြမ္မာ တူအသိုင်းအဝိုင်းဖြစ်လာပါတယ်လို့ပြောချင်ပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံ လည်းဖြစ်ပါတယ်။ မြန်မာနိုင် ငံရဲ့ ပြည်ပကုန်သွယ်မှုဆောင်ရွက်ရာမှာ ပမာဏအများဆုံးနဲ့ ကုန်သွယ်ဖက်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးတဲ့နောက် အခုမြန်မာအစိုးရ တည် ငြိမ်ချောမွေ့စွာတက်လာပါ တယ်။ တရုတ်နိုင်ငံအနေဖြင့် ပထမအကြိမ်လာရောက်ပြီး မြန်မာအစိုးရ သစ်ကို လာရောက်ထိတွေ့ဆက်ဆံပြီး အနာဂတ်မှာ စီးပွားရေးနှင့်ဆက်ဆံ ရေး ပူး ပေါင်းဆောင်ရွက်မှုလာရောက်ဆွေးနွေးတာဖြစ်ပါတယ်။

တရုတ်နိုင်ငံခေါင်းဆောင်က ကျွန်တော့်ကိုစေလွှတ် ပြီး မြန်မာနိုင်ငံကိုလာ ရောက်လည်ပတ်ရတဲ့အချိန်မှာပဲ အရေးကြီးဆုံးအချက်ကတော့ မြန်မာနိုင်ငံ ရဲ့ ပြည်တွင်း အခြေအနေပြောင်းလဲမှု ရှိပေမယ့် တရုတ်နိုင်ငံက မြန်မာ နိုင်ငံအပေါ်ထားရှိနေတဲ့ ချစ်ကြည်ရေးအပေါ် ပြောင်းလဲမှုလုံးဝမရှိပါဘူး။ တရုတ်ဘက်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်သူလူထုရဲ့ရွေးချယ်မှုကို အမြဲတမ်း ကို ထောက်ခံပါတယ်။ မြန်မာနိုင်ငံရဲ့ အစိုးရအသစ်ရဲ့ဦးဆောင်မှုအောက်မှာ အစိုးရနဲ့ ပြည်သူလူထုအကြားနဲ့ပါတီများအကြား နီးကပ်စွာပူးပေါင်းဆောင် ရွက်မှုမှသာ မြန်မာနိုင်ငံကို ပိုမိုကောင်းမွန်သော အလားအလာစာမျက်နှာ အသစ်တစ်ခုကို ဖွင့် လှစ်နိုင်ပါတယ်လို့ လေးလေးနက်နက်ယုံကြည်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းကောင်းဖြစ်တဲ့ အတွက် မြန်မာနိုင်ငံကို ဆက်လက်ထောက်ခံပံ့ပိုးမှု ကူညီမှုတွေပေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံနှင့်အတူလည်း ပိုမိုကောင်းမွန်တဲ့ အလားအလာဖန်တီးပေးနိုင်ဖို့ ဆက်လက်ကူညီ မှုတွေထောက်ပံ့မှုတွေ ပေးမှာဖြစ်ပါတယ်။

မေး- ကျွန်တော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုအပေါ်မှာ ဝန်ကြီးအနေနဲ့ ကျေနပ်အားရမှုရှိပါသလား။

ဖြေ-ကျွန်တော်နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးအသစ် ဒေါ်အောင်ဆန်းစုကြည် နဲ့ကျင်းပတဲ့ တွေ့ဆုံတဲ့ဆွေးနွေးပွဲကလည်းကောင်းပါတယ်။ မြန်မာဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကပြော ကြားရာမှာ အမှတ်မိဆုံးအချက်တစ်ချက် ကတော့ မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံများအကြားဆက်ဆံမှုအပေါ် ပိုပြီးတော့အလေးထားပြီးတော့ အချက်အလက်တိုးမြှင့်စေရန် ကြိုးပမ်း ဆောင် ရွက်စေရန် ဖြစ်တယ်။ ကျွန်တော့်အနေနဲ့ တရုတ်ဘက်၊ မြန်မာဘက် ပူးပေါင်းဆောင်ရွက်မှု၊ ထိတွေ့ဆက်ဆံမှုနဲ့ ကဏ္ဍပေါင်းစုံမှ အကျိုးတူပူး ပေါင်းဆောင်ရွက်ရန် ဆန္ဒလည်းရှိပါတယ်။ ကျွန်တော်တို့ တရုတ်ကွန်မြူနစ် ပါတီနဲ့ မြန်မာတို့ အကြား ဆက်ဆံမှုလည်းရှိလာပါတယ်။ ပါတီအကြားရဲ့ ဆက်ဆံမှုဆက်လက်တိုးမြှင့်ဆောင်ရွက်ရန် ဆန္ဒလည်းရှိပါတယ်။ နိုင်ငံရေးပါ တီအနေနဲ့က ပြည်သူလူထုကိုယ် စားအဖွဲ့လည်းဖြစ်ပါတယ်။ ပြည်သူလူထု က နှစ်နိုင်ငံဆက် ဆံရေးအခြေခံအုတ်မြစ်လည်းဖြစ်ပါတယ်။ တရုတ်ဘက် ကအနေနဲ့ တရုတ်-မြန်မာနှ စ်နိုင်ငံ ပြည်သူလူထုအကြားရဲ့ ဆက်ဆံရေး မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်ချင်ပါတယ်။ အပြန်အလှန်နှစ်နိုင်ငံရဲ့ နားလည်မှုမြှင့်တင်နိုင်စေရန်လည်း ဆန္ဒလည်းရှိပါတယ်။ ဒီလို ပူးပေါင်း ဆောင်ရွက်မှုမှတစ်ဆင့် နှစ်နိုင်ငံရဲ့ ရှေးအစဉ်အလာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကိုတိုးမြှင့်နိုင်ရန် ဆက်လက်ဆောင်ရွက်ချင်ပါတယ်။ ကျွန်တော့ အနေနဲ့ တရုတ်-မြန်မာ ချစ်ကြည် ရေး အလားအလာကောင်းပါတယ်လို့ ကျွန်တော်ယူဆ ပါတယ်။

ဒီမိုကရေစီတူဒေး
Yangon Media Group

No comments:

Post a Comment

My Blog List