Tuesday, April 05, 2016

အစိုးရသစ်အတွက် မေတ္တာစာ


ပြည်သူ့အာဏာ ပြည်သူ့ထံသို့ ပြန်လည်ရောက်ရှိခြင်း၊ သမ္မတကြီး ဦးထင်ကျော်နှင့် အစိုးရသစ်အား ကြိုဆိုဂုဏ်ပြုခြင်းစတဲ့ ခေါင်းစဉ်တွေနဲ့ စာပေဟောပြောပွဲများ၊ စတုဒိသာကျွေးပွဲများ၊ ပျော်ပွဲရွှင်ပွဲများကို အခုရက်ထဲ နိုင်ငံအနှံ့မှာ ကျင်းပလို့နေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ဟာ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ပြည်သူ့ထောက် ခံမှုနဲ့ အနိုင်ရရှိခဲ့သော် လည်း ရွေး ကောက်ပွဲကျင်းပချိန်နဲ့ အာဏာ အပ်နှင်းချိန်ဟာ ကြားကာလ များစွာ ကြာမြင့်တာကြောင့် ပြည်သူ တွေဟာ စိတ်တထင့်ထင့် လည် တဆန့်ဆန့်နဲ့ အာဏာလွှဲပြောင်းမယ့်နေ့ကို မျှော်လင့်ခဲ့ရတာဖြစ်ပါတယ်။

အခုတော့ ဒီနှစ်သင်္ကြန်မှာ နှစ်ပေါင်းများစွာက နိုင်ငံရေး၊ အုပ်ချုပ်ရေး အညစ်အကြေးတွေ ကို ဆေးကြာပြီး နှစ်သစ်မှာ စနစ် သစ်နဲ့ ခရီးဆက်ကြဖို့ ပြည်သူတွေ အဆင်သင့်ဖြစ်နေကြပါပြီ။

ပြည်ထောင်စုအစိုးရအဖွဲ့ ဝင်ဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး များဟာ ဧပြီ ၁ ရက်နေ့ကစပြီး စတင်တာဝန် ထမ်းဆောင်ကြ သလို တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်များဟာလည်း မိမိတို့ သက်ဆိုင်ရာဒေသများမှာ တာဝန်ထမ်းဆောင် နေကြပြီ ဖြစ်ပါ တယ်။ ပြည်ထောင်စု ဝန်ကြီးများ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်များဟာ စတင်တာဝန်ထမ်းဆောင်တာ နဲ့ တစ်ပြိုက်နက် ပြည်သူ့အကျိုးဖော်ဆောင်ရေး ရေတိုလုပ်ငန်းများကို ပစ်မှတ်ထားလာကြတာကို တွေ့ရပါတယ်။

ဆောက်လုပ်ရေး ဝန်ကြီး ဌာနက ကောက်ခံလျက်ရှိတဲ့ မြန်မာတစ်နိုင်ငံလုံးရှိ လမ်းတံတားအသုံးပြုခ ကောက်ခံဂိတ် ၃၀၂ ခုအနက်မှ ၁၆၁ ဂိတ်မှာ လမ်း၊ တံတားကြေး ကောက်ခံခြင်းကို ရပ်ဆိုင်းလိုက်တယ်ဆိုတဲ့အကြောင်း ပထမဆုံးအစိုးရသစ်ရဲ့ မင်္ဂလာသတင်းကို ကြားလိုက်ရပါတယ်။ မြန်မာနိုင်ငံ မှာ စစ်အစိုးရ လက်ထက် တစ်လျှောက် ဂိတ်ကြေးကောက်စားတဲ့ခေတ်က အတော်လေး ထွန်းတောက်ခဲ့ပါတယ်။ တစ်လမ်းလုံးမှာ ဟိုကတစ်ဖွဲ့ ဒီကတစ်ဖွဲ့နဲ့ ဝါးလုံးတစ်ချောင်းရှိရင် ကားတားပြီး ဂိတ်ကြေးကောက်လို့ရ တယ်လို့ နာမည်ကြီးခဲ့ပါတယ်။ မူဆယ်၊ မြဝတီစတဲ့ နယ်စပ်မြို့တွေသွားရင် ပိုဆိုးပါတယ်။ ရဝတဥက္ကဋ္ဌကအစ သူ့နယ်မြေကို ကျော်သွားမယ်ဆိုရင် ဝါးလုံးတားပြီး လမ်းကြေးကောက်နေ တော့ ဘယ်အဖွဲ့အစည်းမှန်း မသိလည်းကြောက်ကြောက်နဲ့ ပေးခဲ့ရတာ တွေပါ။

၂၀၁၀ အစိုးရသစ် တက် အပြီးမှာ အဲသလို ဘာမှန်းမသိတဲ့ ဂိတ်တွေ ပပျောက်သွားပေမယ့် လမ်း၊ တံတားအသုံးပြုခတွေကို တော့ သက်ဆိုင်ရာ လိုင်စင်ရ ကုမ္ပဏီတွေနဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကောက်ခံနေတုန်း ပါပဲ။ ပြည်သူတွေက လမ်း၊ တံတားအသုံးပြုခတွေကို နိုင်ငံတော်အခွန်ဘဏ္ဍာ အဖြစ် ကျေကျေနပ်နပ် ပေးဆောင်လိုသော်လည်း မရှင်းတာက လမ်းတစ် လမ်းပေါ်မှာ သွားနေပြီး လမ်းအသုံးပြုခကို ဟိုနေရာဂိတ်ဖွင့်၊ ဒီနေရာဂိတ် ဖွင့် တောင်းနေကြခြင်းကို နားမလည်တာပါ။ ပေးရတာတွေများလာတော့ ခရီးတစ်ခုသွားမယ်ဆိုရင် လမ်း၊ တံတား အသုံးပြုခကို သိန်းချီထည့်ရမလို ဖြစ်လာပါတယ်။

ယခု လမ်း၊ တံတား အသုံး ပြုခဂိတ်တစ်ဝက်လောက် ရပ် ဆိုင်းလိုက်တဲ့ အတွက် ခရီးသွား ပြည်သူတွေ စိတ်ချမ်းသာရပြီဖြစ် ပါတယ်။ ဒါပေမဲ့ ကျန်သေးတာ တစ်ခုရှိပါသေးတယ်။ မြို့ဝင် ကြေးဂိတ်တွေပါ။ မြို့တစ်မြို့ကို ဝင်မယ်ဆိုရင် အဲဒီမြို့ စည်ပင် သာယာက ဘီးခွန်အဖြစ် မြို့ဝင် ကြေးကောက်ပါတယ်။ ခက်တာ က မြို့ဝင်ကြေးဆိုပြီး ဝင်တုန်းက လည်းတစ်ခါ၊ ထွက်တော့လည်း တစ်ခါ ကောက်နေကြတာဖြစ်ပါ တယ်။ မြို့ထဲဝင်ပြီး နာရီဝက် လောက် ဘုရားလေးလှည့်ဖူးပါ တယ်။ ပြန်ထွက်တော့ အဲဒီဂိတ် က မြို့ထွက်ကြေးပါ ထပ်တောင်း ပြန်ပါရော . . . ။ ဒါကြောင့် အဲဒီ ဂိတ်တွေကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ သစ်တွေက ကြီးကြပ်သင့်ကြောင်း မေတ္တာရပ်ခံလိုပါတယ်။

နောက်တစ်ခုက အစိုးရသစ်နဲ့သင်္ကြန်ကာလ အစိုးရရုံးပိတ်ရက်များ အကြောင်း ပါ။ ဒီနှစ် သင်္ကြန်ဟာ အကြတ်နှစ်ရက် ထပ်ပြီး စနေ၊ တနင်္ဂနွေနဲ့ ဆက်စပ်သွားတာ ကြောင့် ဧပြီ ၉ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ နှစ်သစ်ကူး ရုံးပိတ်ရက်အပါ အဝင် ၁၂ ရက် ကြာမြင့်မှာ ဖြစ်ပါတယ်။ သင်္ကြန်ဆိုတာ ရေကစားလိုတဲ့ လူငယ်၊ လူကြီးတွေ ရှိသလို ဇာတိချက်မြှုပ်ပြန်ပြီး အနားယူကာ၊ တရား သီလဆောက်တည် လိုသူတွေလည်း ရှိကြပါတယ်။

အထူးသဖြင့် နေပြည်တော်၊ ရန်ကုန်နဲ့မန္တလေး မြို့ကြီးတွေက အစိုးရဝန် ထမ်းများ၊ ကုမ္ပဏီဝန် ထမ်းများ၊ စက်ရုံ၊ အလုပ်ရုံအလုပ် သမားများဟာ တစ်နှစ်မှာ တစ်ခါ သာရတဲ့ ရုံးပိတ်ရက်ရှည်ကြီးကို အကျိုးရှိရှိ အသုံးချချင် ကြပါ တယ်။ အလည်အပတ်ခရီးတွေ၊ အပန်းဖြေခရီးတွေနဲ့ အနားယူချင် သူတွေအတွက် ပြဿနာက ဒီလို ရက်မျိုးတွေမှာ မော်တော်ကား လက်မှတ်ခ ဈေးတက်သွားကြ ခြင်းပါ။ နှစ်ဆလောက်တက်သွား တဲ့ ကားလက်မှတ် တစ်စောင်ရဖို့ ကလည်း အင်မတန်မျက်နှာငယ် ရပါတယ်။ ကြိုတင်ဘွတ်ကင် လုပ်မယ်ဆိုပြန်တော့လည်း ကား လက်မှတ် မရောင်းသေးပါဆိုတဲ့ ဂိတ်မှူးတွေ စကားကြောင့် ဝီရိယ ထားလည်း အလကားပါပဲ။

အချိန်တန်လို့ လက်မှတ် သွားဝယ်တဲ့အခါ မရှိဘူးလို့ အဟောက်ခံရတာ လည်း ရှိပါသေးတယ်။ ဒါတွေဟာ နှစ်စဉ် ဖြစ်နေကျ ပြည်သူတွေကြုံနေရတဲ့ ဒုက္ခပါ။ ကားလက်မှတ်လိုလို့ ဈေးကြီးမပေးနိုင်ရင် လက်မှတ်မရပါဘူး။ ဈေးကြီးပေးရပြန်တော့လည်း လက်မှတ်ပေါ်မှာ မူရင်းဈေးရေးထားတော့ တိုင်ပါဆိုလည်း ဘယ်လိုအထောက်အထား ပြရမလဲ ဖြစ်နေပါတယ်။

သင်္ကြန်တွင်းမှာ သင်္ကြန် မဏ္ဍပ်တွေ စိစစ်သလို သင်္ကြန် မတိုင်မီ သင်္ကြန်တွင်းနဲ့ သင်္ကြန် အပြီးမှာ ပြေးဆွဲကြမယ့် မော် တော် ယာဉ်လိုင်းတွေကိုလည်း စိစစ်ကြတ်မတ်သင့်ပါတယ်။

အစိုးရသစ်က ရက်ပေါင်း ၁၀၀ အတွင်း ပြည်သူတွေအကျိုး ရှိမယ့် ထင်သာမြင်သာရှိတဲ့ အ လုပ်တွေကို ဦးစားပေးလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ တချို့တွေက ဒါဟာ မဖြစ်နိုင်ဘူးလို့ဆိုကြပေမယ့် ဖြစ်နိုင်တဲ့ အလုပ်တွေ အများကြီးရှိပါတယ်။ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိအောင်၊ ဆေးရုံတွေဖွင့်နိုင်အောင် ရက်ပေါင်း ၁၀၀ အတွင်း မလုပ်နိုင်ပေမယ့် ရန်ကုန်မှာ ယာဉ်ကြောပိတ်နေတဲ့ကိစ္စ ၊ ရန်ကုန်တစ်မြို့လုံးမှာ ဘတ်စ်ကား တွေသာ ပြေးဆွဲစေမယ့်ကိစ္စ၊ နွေရာသီမှာ သောက်သုံးရေဖူလုံစေမယ့် ကိစ္စမျိုးတွေကိုတော့ အလျင်အမြန် လုပ်ဆောင်နိုင်မယ် ထင်ပါတယ်။

ပြည်သူတွေက အစိုးရသစ် အပေါ် မေတ္တာထားကြသလို မျှော်လင့်ချက် လည်း ကြီးကြပါတယ်။ အခုလို မြန်မာနှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကူးမယ့် အခါသမယမှာ အကျဉ်းထောင်ထဲမှာရှိတဲ့ ဆန္ဒပြကျောင်းသား၊ ကျောင်းသူ များနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို အစိုးရသစ်က ပြန်လွှတ်ပေးနိုင် မယ်ဆိုရင် ပိုပြီး မင်္ဂလာရှိမှာ အမှန်ပါပဲ။

သမ္မတဦးထင်ကျော်ရဲ့ ပြည် ထောင်စုလွှတ်တော်မှာ ပြော ကြားတဲ့ မိန့်ခွန်းအဆုံးသတ်မှာ ပြည်သူတွေအတွက် ထားတဲ့ မေတ္တာတစ်စွန်းတစ်စကို တွေ့ လိုက်ရပါတယ်။ ‘နိုင်ငံသူ နိုင်ငံ သားအားလုံး ချမ်းမြေ့သာယာစွာ နဲ့ မိမိတို့ဘဝ လမ်းကြောင်းကို ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင် ကြပါစေ’လို့ ဆိုခဲ့ပါတယ်။ နိုင်ငံ သူ နိုင်ငံသားများကလည်း အစိုးရ သစ်ရဲ့ လမ်းကြောင်း ဖြောင့်တန်း စွာ လျှောက်လှမ်းနိုင်ဖို့ နှစ်သစ် ကူးမှာ ဆုမွန်ခြွေလိုက်ပါ ရစေ...။

7Day News Journal


No comments:

Post a Comment

My Blog List