Friday, April 08, 2016

နိုင်ကျဉ်းအချို့အပါအဝင် အကျဉ်းသားလေးထောင်ကျော် ယနေ့လွတ်မည်


နိုင်ငံရေးအကျဉ်းသားအချို့ အပါအဝင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား လေးထောင်ကျော်ကို ယနေ့ (ဧပြီ ၈ ရက်)တွင် လွှတ်ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းလုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားသည်။
လွှတ်ပေးမည့် အကျဉ်းသား များထဲတွင် နိုင်ငံရေးအကျဉ်းသား အားလုံးပါဝင်လာမည်မဟုတ်ဘဲ လွတ်ရက်စေ့သော၊ လွတ်ရက်နီး နိုင်ကျဉ်းများသာ ပါဝင်မည်ဖြစ် ကြောင်း ဗိုလ်မှူးကြီးတင်အောင် ထွန်းကပြောကြားသည်။

‘‘ရန်ကုန်က ၄၅၄ ယောက် လွတ်မယ်။ တစ်နိုင်ငံလုံးဆိုရင် လေးထောင် ကျော်မယ်။ သမ္မတ ကြီးရဲ့ လွတ်ငြိမ်းနဲ့လွတ်တာလို့ တော့ ပြောလို့မရဘူး။ အဲဒါတော့ မနက်ဖြန်မှ သိရမယ်။ နိုင်ငံရေး အကျဉ်းသားဆိုတာက လွတ်ရက် စေ့တဲ့သူတွေပါမယ်။ လွတ်ရက် မစေ့တဲ့သူတွေမပါဘူး။ နိုင်ငံရေး အကျဉ်းသားတချို့လည်း ပါမှာ ပေါ့’’ဟု ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားသည်။

ယနေ့လွတ်မြောက်လာမည့် အကျဉ်းသားများထဲတွင် ဖမ်းဆီးခံကျောင်း သားများ ပါဝင်မည် မဟုတ်ကြောင်း ရန်ကုန်တိုင်း ရဲ တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အင်းစိန်ထောင်မှ လွတ် မြောက်မည့် အကျဉ်းသား ၄၅၄ဦး တွင် အမျိုးသမီး ၆၀ ကျော်ပါဝင် ကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။

‘‘ကျွန်တော်တို့ကတော့မနက် ဖြန် အကျဉ်းသားတွေ လွတ်လာ မယ်ဆိုတာ မသိသေးဘူး။ ပုံမှန် ဆိုရင်သောကြာနေ့တို့၊ ဒီလိုအခါ ကြီးရက်တို့ဆို လွှတ်ပေးတယ်။ နိုင်ငံရေးအကျဉ်းသားတွေ မပါ ဘူးဆိုလည်း လွတ်ရက်နီးနေတဲ့ အကျဉ်းသားတွေတော့ပါလာနိုင် တယ်’’ဟု နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) တွဲဖက်အတွင်းရေးမှူးဦးဘိုကြည်က ပြောကြားသည်။

လက်ရှိတွင် ထောင်ချမှတ်ခံ ရပြီးသော နိုင်ငံရေးအကျဉ်းသား ၁၂၁​ ဦး၊ အမှုရင်ဆိုင်နေရသည့် နိုင်ငံရေးအကျဉ်းသား ၁၁၆ ဦးနှင့် အာမခံဖြင့် အမှုရင်ဆိုင်နေသော နိုင်ငံရေးအကျဉ်းသား၂၉၈ ဦး စုစု ပေါင်းနိုင်ငံ ရေးအကျဉ်းသား၅၀၀ ကျော်ရှိကြောင်း ဦးဘိုကြည်က ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ နှင့် နိုင်ငံရေးနှင့်ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေရသည့် ကျောင်းသား၊ ကျောင်းသူများ လွတ်မြောက်ရေး သည် ပြည်သူရွေးချယ်တင် မြှောက်သည့် ပြည်သူ့အစိုးရ၏ ဦီး စားပေးလုပ်ငန်းဖြစ်သောကြောင့် အမြန်ဆုံးလွတ် မြောက်ရေး ကြိုး ပမ်းမည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ဧပြီ ၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List