Thursday, April 07, 2016

သမ္မတရုံးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးဖြစ်လာ


သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် သမ္မတဟောင်း ဦးသိန်းစိန် အားကိုးခဲ့ရသော ဦးဇော်ဌေးအား ခန့်အပ်ခဲ့သည်။ ၎င်းသည် မှူးဇော်ဟု လူသိများသော အငြိမ်းစားဗိုလ်မှူးဇော်ဌေးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရာထူးများအနက်သမ္မတရုံးဝန်ကြီးတစ်ခုတည်းအတွက်သာ ဦးဇော်ဌေးအား ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးခြင်းဖြစ်သည်။
သူနှင့် ဦးရဲထွဋ်တို့နှစ်ဦးသည် လူမှုကွန်ရက်မှတစ်ဆင့် ဦးသိန်းစိန်အစိုးရကို အကောင်းဆုံး အကာအကွယ်ပေးခဲ့ကြသူများဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

ထို့အပြင် ဦးဇော်ဌေးသည် ဦးသိန်းစိန် အစိုးရလက်ထက် သမ္မတရုံးဝက်ဘ် ဆိုက်ကို အဓိက ကိုင်တွယ်ခဲ့သူတစ်ဦးဖြစ်သည်။

‘‘သမ္မတရုံးဝန်ကြီးရဲ့ပြော ရေးဆိုခွင့်ရှိသူ။ ဟိုအရင်လိုသမ္မ တရဲ့ ပြောရေးဆို ခွင့်ရှိသူ မခန့် တော့ဘူး။ ဒေါ်စုရဲ့ Spoke Person (ပြောရေးဆိုခွင့်ရှိသူ) အနေနဲ့ ထမ်းဆောင်သွားမှာပါ’’ ဟု သမ္မတရုံးဒုညွှန်ချုပ် ဦးဇော် ဌေးကပြော သည်။ ၎င်းသည် သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သတင်းထောက်များနှင့် နှစ်ပတ်တစ်ကြိမ် ပုံမှန်တွေ့ဆုံ၍ ရှင်းလင်းပွဲပြု လုပ်မည်ဟုဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် သည် သမ္မတရုံးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ပြည် ထောင်စုဝန်ကြီးဖြစ်သည်။

ထို့အပြင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူးကို လည်း ဆက်လက် တာဝန်ယူထား ပြီး လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ဥက္ကဋ္ဌလည်း ဖြစ်သည်။ သူ၏ ယခုနောက်ဆုံးရာထူးမှာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်သည်။

‘‘သူက၀န်ထမ်းပဲလေ။ ၀န် ထမ်းကောင်း ပီသတယ်လို့ ဒေါ် အောင်ဆန်း စုကြည်က ယူဆလို့ ပြန်အသုံးပြုတယ်လို့ ဒီလိုပဲထင် ပါတယ်။ ၀န်ထမ်းဆို တာကအစိုးရ တစ်ဖွဲ့တက်လာရင် ဒီအစိုးရကို သစ္စာခံမယ်။ အစိုးရရဲ့ အာဘော် တွေကို ပြောပေးမယ်။ အဲဒီလို ယူဆလို့ သုံးတယ်ထင်ပါတယ်’’ ဟု သတင်းစာဆရာ ဦးစည်သူ အောင်မြင့်က သုံးသပ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List