Thursday, April 07, 2016

"ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်ပြီ"




နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေအား ဧပြီ ၆ ရက်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော် လက်မှတ်ရေးထိုး၍ အတည်ပြု ပြဋ္ဌာန်းလိုက်ပြီဖြစ်သည်။ ထိုဥပဒေကြမ်းကို အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ကလည်း အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သွားပြီ ဖြစ်သည်။

7Day News Journal



No comments:

Post a Comment

My Blog List