ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ် တာဝန်ပေးခြင်းခံရသော ၀န်ကြီး ၁၈ ဦးသည် ယနေ့ ကျင်းပသည့် ပြည် ထောင်စုလွှတ်တော် အစည်းအဝေး၌ လွှတ်တော်နာယကရှေ့တွင် ကတိသစ္စာ ပြုကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအင် ၀န်ကြီးဌာနစသည့် ၀န်ကြီး ဌာနလေးခု၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူကိုင်တွယ်မည်ဖြစ်သည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment