Thursday, April 07, 2016

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ပြီ


လွှတ်တော်နှစ်ရပ် သဘောတူပြီးဖြစ်သော နိုင်ငံတော် ၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို သမ္မတက ဧပြီ ၆ ရက် တွင် လက်မှတ်ရေးထိုး ထုတ်ပြန် လိုက်ရာ ဒေါ်အောင်ဆန်းစုကြည် သည် အဆိုပါဥပဒေအရ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ် လာပြီဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေသည်အစိုးရ သစ်လက် ထက်တွင် ပထမဆုံး အတည်ပြုပြဋ္ဌာန်းသည့် ဥပဒေတစ်ခုလည်းဖြစ်သည်။

‘‘ကျွန်တော်တို့ကတော့ ဥပဒေအရပဲ ဆောင်ရွက်ရမှာပါ။ ဥပဒေက By Name နဲ့ ပေးထား တဲ့အတွက် ဥပဒေအတည်ဖြစ်တာ နဲ့အတည်ဖြစ်သွား တဲ့သဘောပါ ပဲ။ သီးသန့်အမိန့်စာထုတ်ဖို့ မလို တော့ဘူးလို့ ထင်ပါတယ်။ ဒါက ဥပဒေနဲ့ သက်ဆိုင်တဲ့အတွက် ဥပဒေပညာရှင်တွေက ပိုသိပါ လိမ့်မယ်’’ ဟု သမ္မတရုံးဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သမ္မတရုံးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးက 7Day Daily အားပြောကြားသည်။

ယခုပြဋ္ဌာန်းခဲ့သည့် ဥပဒေ တွင် အမည်နာမနှင့်တကွ တာ ၀န်ပေးအပ် ထားသည့်အတွက် ဥပဒေအဓိပ္ပာယ်ဖွင့်ဆိုချက်အရ သီးခြားအမိန့်စာထုတ် ပြန်ရန် မ လိုသော်လည်း ဥပဒေတွင် မပါရှိ သည့် တာဝန်ပေးအပ်မှုများ၊ အ ခြားဖြည့်သွင်းလိုသည့် အချက် များရှိပါက အမိန့်စာ၌ ထည့်သွင်း ရေးသား ထုတ်ပြန်နိုင်ကြောင်း ဥပဒေပညာရှင် တရားလွှတ်တော် ရှေ့နေဦးသန်း မောင် (စစ်တွေ)က ပြောကြားသည်။

‘‘ဥပဒေအရဆိုရင်တော့ အ မိန့်စာ ထုတ်စရာမလိုတော့ဘူး ပေါ့။ ဥပဒေမှာ ဒီလိုနာမည်တပ် ထားတာလည်း ရှားတော့ရှား တယ်ဗျ။ ကျွန်တော့်အမြင်အရ တော့ ထုတ်စရာ မလိုတော့ပါ ဘူး။ ဒါပေမဲ့ ထုံးစံအရတော့ထုတ် ကြတယ်ဗျ။ စာထုတ်ထုတ်၊ မ ထုတ်ထုတ် ဥပဒေအတည်ဖြစ် တယ် ဆိုကတည်းကိုက ဒေါ် အောင်ဆန်းစုကြည်သည် အတိုင် ပင်ခံပုဂ္ဂိုလ်ဖြစ်သွားပြီပေါ့နော်။ ဒါပေမဲ့ သူ့ရဲ့တာဝန်အသေးစိတ် တွေလည်း ပါတာမို့လို့ အမိန့် ကြော်ငြာစာ ထပ်ထုတ်ရင်လည်း ထုတ်မှာပါ’’ဟု ဦးသန်းမောင်က ပြောကြားသည်။

ယခုပြဋ္ဌာန်းထားသည့်ဥပဒေ ပုဒ်မ ၄ တွင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စု လွှတ်တော်က တာဝန်ပေးအပ် ကြောင်း ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အ တွက် ရေးဆွဲထားသည့်နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ကြမ်းကို အမျိုးသားလွှတ်တော်၏ အတည်ပြုချက် အတိုင်း ပြင်ဆင်ချက်မရှိ ပြည်သူ့လွှတ်တော်က ဧပြီ ၅ ရက်တွင်အတည်ပြု ခဲ့သည်။ သို့သော် လွှတ်တော်နှစ်ရပ်စလုံးတွင် ဆွေးနွေးစဉ်နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းကို တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်များက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီညွတ်ဟုဆိုကာ အပြင်းအထန် ကန့််ကွက်ခဲ့သည်။‘‘လွှတ်တော်ကပေးပို့လိုက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဥပဒေ ကို ဒီနေ့ပဲ သမ္မတကြီးက လက် မှတ်ရေးထိုးပြီးတော့ ဥပဒေအဖြစ် ထုတ်ပြန်နိုင်ဖို့ လွှတ်တော်ကို ပြန် ပို့လိုက်ပြီ’’ ဟု သမ္မတရုံးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဒုညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဧပြီ ၆ ရက်တွင် မီဒီယာများအား ပြောကြားသည်။

7Day News Journal

No comments:

Post a Comment

My Blog List