Thursday, April 07, 2016

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန အမှတ်တံဆိပ်သစ် စတင်သုံးစွဲ


အစိုးရသစ်လက်ထက်တွင် ပေါင်းစည်းလိုက်သော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအမှတ် တံဆိပ်အသစ်ကို ဧပြီ ၆ ရက်က ထုတ်ပြန် ကြောင်း သတင်းရရှိသည်။အသစ်ပြောင်းလဲခဲ့သည့် အမှတ်တံဆိပ်အသစ်တွင် အပြာရောင်အောက် ခံပေါ်၌ အဝါရောင် MOEE စာလုံးအပါအဝင် အဝါရောင် လျှပ်စစ်တာဝါတိုင် နှင့် ရေနံစင်တို့ ပါဝင်ပြီး အဆိုပါအမှတ် တံဆိပ်ပတ်လည်တွင် ဝါစိမ်းနီ သုံးရောင်ခြယ်ဖြင့် ဘောင်ကွပ်ထားသည်။  
ယခု အသုံးပြုထားသည့် လျှပ်စစ်တာဝါတိုင်နှင့် ရေနံစင်တို့သည် ယခင်ဝန်ကြီးဌာနအမှတ်တံ ဆိပ်များတွင် အသုံးပြုထားသည့် အမှတ်တံဆိပ်များဖြစ်ပြီး ယခင် အဖြူရောင်မှ အဝါရောင်သို့ ပြောင်းလဲခြင်းဖြစ်သည်။

အဆိုပါဝန်ကြီးဌာနနှစ်ခု ပေါင်းစည်းထားသည့် အမှတ်တံဆိပ်အသစ်ကို စတင်သုံးစွဲပြီဖြစ် ကြောင်း စွမ်းအင်ဝန်ထမ်းတစ်ဦး က ပြောသည်။

စွမ်းအင်ဝန်ကြီးဌာနနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှစ်ခုကို ယခုအစိုးရ သစ်လက်ထက်တွင် အသုံးစရိတ်လျှော့ချရန် စီစဉ်ထားပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဟု ပေါင်းစည်းခြင်းဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List