Thursday, April 07, 2016

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ထောက်ပံ့ရန် အစိုးရသစ်၏ အစီအစဉ်များအပေါ် မူတည်ဟုဆို


ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ထောက်ပံ့ရေးများပြုလုပ်ပေးရန် အစိုးရသစ်၏ ရှေ့ဆက်မည့်အစီအစဉ်များ အပေါ်တွင်သာ မူတည် စဉ်းစားသွားမည်ဖြစ် ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးဒေါ်ကြည်ပြာချစ်စော က ပြောဆိုလိုက်သည်။
“ဒီနှစ်တော့ အစိုးရက ပြောင်းလဲကာစ ဆိုတော့ သူတို့ရဲ့ ပြောင်းလဲရေး အစီအစဉ်ကို ကြည့်ရမှာပေါ့။ ပြီးတော့မှပဲထောက်ပံ့ရေး အစီအစဉ် တွေကို စဉ်းစားသွားမယ်။ လက်ရှိမှာတော့ ထောက်ပံ့ပေးရေး အစီအစဉ်က ရှိ၊ မရှိ မသိရသေးဘူး”ဟု ဒေါ်ကြည်ပြာချစ်စော က ပြောသည်။

၂၀၁၆ ခုနှစ် မတ်လက ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ရာတွင်လည်း မြန်မာနိုင်ငံ အတွက် အကူအညီများပေးသွားရန် အစီအစဉ် ရှိနေကြောင်းအမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ကျောက်တံတားမြို့နယ်မဲဆန္ဒနယ် အမှတ် (၁)မှ ဒေါ်ကြည်ပြာကပြောသည်။

“လက်ရှိ NLD အစိုးရပိုင်းရဲ့ ပေါ်လစီ ဘယ်လိုရှိမလဲ စောင့်ကြည့်နေတာမျိုးလည်း ဖြစ်မှာပါ။ဘာကြောင့်လဲဆို တော့ဝန်ကြီးဌာန တွေကပေါင်းလိုက်တာလေ။ ကျွန်မတို့နဲ့ ကမ္ဘာ့ဘဏ်က တာဝန်ရှိသူတွေ ဆွေးနွေးမှုလုပ်ခဲ့ တော့လည်းအကူအညီတွေ ပေးသွားမယ်လို့ပြောတယ်။ ကျွန်မတို့ကတော့ ကိုယ့်တိုင်းပြည်အတွက် ရရှိလာတဲ့ ဘယ်အကူအညီမဆိုအလေအလွင့်မရှိအောင်စိစစ်သွားမှာပါ”ဟုဒေါ်ကြည်ပြာကပြောသည်။

ကမ္ဘာ့ဘဏ်သည် ၂၀၁၃ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအတွင်းရှိ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့ရှိ မြို့နယ်သုံးခုကို စတင်ထောက်ပံ့ပေးခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဧရာဝတီတိုင်း၊မကွေးတိုင်း၊စစ်ကိုင်းတိုင်း၊ရန်ကုန်တိုင်း၊ရခိုင်ပြည်နယ်၊နေပြည်တော်တို့ရှိ မြို့နယ်ခြောက်ခုကို ထောက်ပံ့ပေးခဲ့ကြောင်း
သိရသည်။

ထို့အပြင် ၂၀၁၅ ခုနှစ်တွင် ချင်းပြည်နယ်၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ရန်ကုန် တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့ရှိ မြို့နယ်နှစ် ခုစီတွင်လည်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် ဒေသတွင်းအရပ်ဘက်အဖွဲ့အစည်းများ၊ ကမ္ဘာ့ဘဏ်မှတာဝန်ရှိသူများ တွေ့ဆုံကာ မြို့နယ်တစ်ခုချင်းစီ၏ အချက်အလက်များကိုစိစစ်ပြီး ကျန်းမာရေးဌာန၊ ကျောင်း၊လမ်း၊တံတား
နှင့်သောက် သုံးရေရရှိရေးတို့တွက် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိဒေါ်လာ သန်းလေးရာထောက်ပံ့ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - MMK

The Ladies News

No comments:

Post a Comment

My Blog List