Wednesday, April 06, 2016

လမ်းပန်းဆက်သွယ်ရေး ဦးစားပေးဆောင်ရွက်မည်ဟု နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌဆို


နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတွင် ယခင်အစိုးရလက်ထက်က မပြီး ပြတ်သေးသောလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက လမ်းပန်းဆက်သွယ် ရေးလုပ်ငန်းများ ဦးစားပေးလုပ်ဆောင်မည် ဖြစ်ကြောင်း နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်းက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ သဘောတူညီမှုဖြင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးကော်မတီအဖွဲ့ကို အလုပ်အမှုဆောင် ကော်မတီဝင်ငါးဦးဖြင့် ဧပြီ ၅ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ် တော် ပထမပုံမှန်အစည်းအဝေး ဒသမနေ့၌ တိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြုခဲ့ပြီးနောက် နာဂဒေသကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

‘‘လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက်ကြောင့် ဒေသ ဖွံ့ဖြိုးရေးက နှောင့်နှေးတယ်’’ဟု ဦးကေဆိုင်းက ပြောသည်။

နာဂဒေသဖွံ့ဖြိုးရေးအ တွက် ကျေးရွာချင်းဆက်လမ်းများ၊ မြို့နယ်ချင်းဆက် လမ်းများ ကို ဦးစားပေးဆောင်ရွက်မည် ဖြစ်ကြောင်း၊ နာဂဒေသ အဓိက မဖွံ့ဖြိုးရသည့်အကြောင်းရင်းမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများ ကြောင့်ဖြစ်ပြီး ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သယ်ယူပို့ ဆောင်ရေးလုပ်ငန်းများ၌အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ၎င်းက ဆိုသည်။

နာဂဒေသတွင် ယခင်က ပညာရေးဝန်ထမ်းများ မလုံလောက်မှုနှင့် ကြုံတွေ့ ခဲ့ရပြီး ပြီးခဲ့သည့်နှစ်မှစ၍ ကျောင်းဆရာ၊ဆရာမတိုးမြှင့်ခန့်ထားခြင်းများရှိခဲ့ သော်လည်း အရေအတွက်ထက် အရည်အချင်းအားနည်းနေသေးကြောင်း ဦးကေဆိုင်းက ပြောကြားသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ အလုပ်အမှုဆောင်ကော်မတီဝင် များအဖြစ် ဦးကေဆိုင်း (နန်းယွန်းမြို့နယ် ကိုယ်စားလှယ်)၊ ဦးကာစီရန်း (လေရှီးမြို့နယ် ကိုယ်စားလှယ်)၊ ဦးရိထင် (လေရှီးမြို့နယ် ကိုယ်စားလှယ်)၊ ဦးလော်ယုံ (လဟယ်မြို့နယ် ကိုယ်စားလှယ်) နှင့် ဗိုလ်မှူးသန်းထိုက်အောင် (တပ်မတော်သားကိုယ်စားလှယ်)တို့အား လွှတ်တော်၌ အတည်ပြုခဲ့ခြင်းဖြစ် သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့တွင် ပြည်သူက ရွေး ချယ်တင်မြှောက် သော ကိုယ်စား လှယ်ခြောက်ဦး၊ တပ်မတော်သား ကိုယ်စားလှယ်သုံးဦးနှင့် ဖြည့် စွက်တင်မြှောက်သည့် ကိုယ်စား လှယ်တစ်ဦးရှိခဲ့သဖြင့် စုစုပေါင်း အဖွဲ့ဝင် ၁၀ ဦးရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List