Tuesday, April 05, 2016

" နိုင်ငံတော်သမ္မတရုံးက လက်ဆောင်ပစ္စည်းလက်ခံခြင်းနှင့်ပတ်သက်သည့် လမ်းညွန်ချက် ထုတ်ပြန် "






လက်ဆောင်ပစ္စည်းလက်ခံခြင်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထားသည့် လမ်းညွှန်ချက်ကို နိုင်ငံတော် သမ္မတရုံးက ဧပြီလ ၁ ရက် ရက်စွဲဖြင့် ဗဟိုရုံးများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရများအား ပေးပို့ဖြန့်ဝေထားကြောင်း ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်လိုက်သည်။

ကျပ်ငွေ နှစ်သောင်းခွဲထက် မပိုသော လက်ဆောင်ပစ္စည်း၊ အခါကြီးရက်ကြီး များတွင် ဂါရ၀ပြုပေးအပ်မည့် ကျပ်ငွေတစ်သိန်းထက်မပိုသော လက် ဆောင်ပစ္စည်းများနှင့် နိုင်ငံခြားအစိုးရက ပေးအပ်သော လက်ဆောင်ပစ္စည်း များအနက် လေးသိန်းထက် မပိုသော လက်ဆောင်ပစ္စည်းများကိုသာ လက်ခံ နိုင်ကြောင်း ယင်းလမ်းညွှန်ထုတ်ပြန်ချက်တွင်ပါရှိသည်။

7Day News Journal



No comments:

Post a Comment

My Blog List