Wednesday, April 06, 2016

ဦးရွှေမန်းဥက္ကဋ္ဌ တာဝန်ယူသောကော်မရှင်တွင် ဦးဝင်းထိန်ပါဝင်လာ


သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော ပြည်ထောင်စုလွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်တွင် ဒီချုပ်ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဝင်းထိန် ပါဝင်လာသည်။
အဆိုပါ ကော်မရှင်တွင် ပါဝင်သည့် အဖွဲ့ဝင်လေးဦးသည် ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များ အဖြစ် ဒီချုပ်အစိုးရ ရွေးချယ်ခြင်း ခံရသဖြင့် နုတ်ထွက် ခဲ့ရာ ဦးဝင်းထိန်က အဖွဲ့ဝင်အဖြစ် ပါဝင်လာ ခြင်းဖြစ်သည်။

ဦးဝင်းထိန်သည် ဒေါ်အောင် ဆန်းစုကြည်၏ ယုံကြည်စိတ်ချ ခြင်းခံရသော ပါထီထိပ်ပိုင်းခေါင်း ဆောင်တစ်ဦး ဖြစ်သည်။ ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အတွင်း ရေးမှူးအဖွဲ့ဝင်လည်း ဖြစ်သည်။

ကော်မရှင်အဖွဲ့ဝင်များဖြစ် သည့် ဒေါက်တာဝင်းမြတ်အေးမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးစိုးရယ် နှင့် ဦးအောင်မြင့်တို့သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဒေါက်တာမြင့်ထွေးမှာကျန်းမာရေးဝန်ကြီး အဖြစ် လည်းကောင်း တာဝန်ပေးခံရသဖြင့် ကော်မရှင်မှ နုတ်ထွက်ခဲ့ကြ သည်။

သို့ဖြစ်၍ ပြည်ထောင်စု လွှတ်တော်နာယကက ကော်မရှင်အဖွဲ့ဝင်များကို ထည့်သွင်းဖွဲ့ စည်းကြောင်း လွှတ်တော်သို့ ကြေညာသည်။

ကျန်အဖွဲ့ဝင်များနေရာတွင် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာသန်းဝင်းအား ဒုဥက္ကဋ္ဌ(၂) အဖြစ်လည်းကောင်း၊ ဦးညီထွန်း (ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့ဝင် (ငြိမ်း))၊ ဦးဘိုဝင်း (ညွှန်ချုပ်ငြိမ်း) တို့အား ကော်မရှင်အဖွဲ့ဝင်များအဖြစ် လည်းကောင်း တာဝန်ပေးအပ် ကြောင်း ကြေညာသည်။

7Day News Journal

No comments:

Post a Comment

My Blog List