Tuesday, April 05, 2016

ရုရှားကာကွယ်ရေးဝန်ကြီးဌာနအဆောက်အအုံ မီးလောင်


မော်စကိုမြို့ မြို့လယ်ရှိ ရုရှားကာကွယ်ရေးဝန်ကြီးဌာနအဆောက်အအုံတစ်ခု မီးလောင်ခဲ့ပြီး မီးခိုးများထွက်လာစဉ် မီးသတ်သမားများက ငြှိမ်းသတ်ရန် ကြိုးစားခဲ့ရသည်။ (၁၈)ရာစု နှစ်ကုန်ပိုင်းက ဆောက်လုပ်ခဲ့သော ယင်းအ ဆောက်အအုံတွင် လူ ၅၀ ဦးခန့်ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ခဲ့ရသော်လည်း ထိခိုက်ဒဏ်ရာ ရသူ မရှိပေ။
မီးသတ်ကားများက မြေညီ ထပ်ရှိ မီးသတ်ပိုက်များမှ ရေကို စုပ်ယူနေစဉ် မီးသတ်သမားများ က အဆောက်အအုံ အပေါ်ထပ် သို့တက်ရန် လှေကား များ ထောင် နေကြခြင်းကို သတင်းဓာတ်ပုံ များတွင် တွေ့ရသည်။

မော်စကို မြို့လယ်ကောင် တွင် လမ်းကြောင်းများ ပြောင်း ပေးခဲ့ရကြောင်း သိရသည်။

တောက်လောင်နေသော မီး ကို ငြှိမ်းသတ်သော်လည်း မီးခိုးထွက်နေဆဲ ဖြစ်သော အစိတ်အ ပိုင်းများကို ဆက်လက်ငြှိမ်းသတ် နေကြောင်း မီးလောင်မှုဖြစ်ပွား ရာနေရာရှိ ဗိုလ်မှူးချုပ်ကိုနာရှန် ကော့ဗ်က ပြောသည်။

ဝိုင်ယာကြိုးဟောင်းများ ကြောင့် ရှော့ခ်ဖြစ်ကာ မီးစတင် လောင်ကျွမ်းခဲ့ ကြောင်း သတင်း ရင်းမြစ်တစ်ခုက Interfax သ တင်းဌာနသို့ ပြောကြား သည်။

၅၀ စတုရန်းမီတာ ကျယ်သောနေရာ မီးလောင်ခဲ့ကြောင်း အရေးပေါ်အခြေ အနေ ဖြေရှင်းရေးဝန်ကြီးဌာနကပြောသည်။

ယင်းမီးလောင်ကျွမ်းမှု ကြောင့် ၎င်းတို့၏ လုပ်ငန်းဆောင်တာများ အနှောင့် အယှက်ဖြစ်မည်မဟုတ်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

Ref: Straits Times
7Day News Journal

No comments:

Post a Comment

My Blog List