Wednesday, April 06, 2016

ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသငါးခုမှ ဦးစီး အဖွဲ့ဝင်များအား လွှတ်တော် အတည်ပြု

ဒုတိယအကြိမ် ရှမ်း ပြည်နယ်လွှတ်တော်ပထမပုံမှန် အစည်းအဝေး ဒသမမြောက်နေ့ ဧပြီ ၅ ရက်တွင် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းနှင့်ဒေသ ငါးခုမှ ဦးစီး အဖွဲ့ဝင်များအား အတည်ပြုခန့် အပ်ခဲ့ကြောင်း သတင်းရ ရှိသည်။
အဆိုပါ ဒေသငါးခုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်အမည်စာရင်းကို ရှမ်း ပြည်နယ် လွှတ်တော် ဒသမ မြောက်နေ့တွင် ပြည်နယ်ဝန်ကြီး ချုပ်က လွှတ်တော်သို့ တင်ပြခဲ့ ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် လွှတ်တော်သို့ တင်ပြခဲ့သည့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့် ရဒေသ၊ ပလောင်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့်‘၀’ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့ဖြစ် သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတွင် ဒေသဦးစီးဥက္ကဋ္ဌ ခွန်စံလွင်နှင့် အဖွဲ့ဝင် စုစုပေါင်း ငါးဦး၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတွင် ဒေသဦးစီးဥက္ကဋ္ဌ ဦးအိုက်မိန်းနှင့် အဖွဲ့ဝင်သုံးဦး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသတွင် ဒေသဦးစီးဥက္ကဋ္ဌ ဦးကျောက်ထယ်ချန်နှင့် အဖွဲ့ဝင် လေးဦး၊ ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်းတွင် ဒေသဦးစီးဥက္ကဋ္ဌ ခွန် ထွန်းလူနှင့် အဖွဲ့ဝင်လေးဦး၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း နှင့်အဖွဲ့ဝင်လေးဦးတို့ဖြင့် ဖွဲ့ စည်းထားခြင်းဖြစ်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သ၊ တိုင်းဦးစီးအဖွဲ့ဝင်များ၏ အ မည်များကို လွှတ်တော်က ကန့် ကွက်သူမရှိသဖြင့် အတည်ပြုပေး ခဲ့သည့်အတွက် ဒေသဦးစီးဥက္ကဋ္ဌ များက လွှတ်တော်၌ ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

ဒုတိယအကြိမ် ရှမ်းပြည် နယ်လွှတ်တော် ပထမပုံမှန်အ စည်းအဝေးကို ဧပြီ ၅ ရက် ဒသမ မြောက်နေ့တွင် ရပ်နားပြီးဆုံးခဲ့ သည်။

7Day News Journal

No comments:

Post a Comment

My Blog List