Tuesday, April 05, 2016

ရန်ကုန်သင်္ကြန်မဏ္ဍပ်များ ကြပ်မတ်လိုက်၍ အနုပညာရှင်များ နစ်နာဟု ပြောဆို


ဂီတအနုပညာရှင်များသည် သင်္ကြန်ကာလတွင် ငွေရှာသူများဖြစ်၍ ရန်ကုန်သင်္ကြန်၌ မဏ္ဍပ်များ ကြပ်မတ်မှုအပေါ်၌ စာချုပ်များ ဖျက်သိမ်းလိုက်ရ၍ နစ်နာမှုများရှိကြောင်း ဂီတအနုပညာရှင်များက ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် တွေ့ဆုံ စဉ်ပြောဆိုကြသည်။
ဧပြီ ၄ ရက်က ရန်ကုန်မြို့ တော်ဗဟိုမဏ္ဍပ်တွင် ဖျော်ဖြေပေးရန် ရန်ကုန် တိုင်းဝန်ကြီးချုပ်နှင့် ဂီတအနုပညာရှင်များ၊ ရုပ်ရှင်အနုပညာရှင်များ၊ သဘင် အနုပညာရှင်များစသည်တို့ တွေ့ဆုံဆွေးနွေးခဲ့ရာ ဂီတအနုပညာရှင် များက အထက်ပါအတိုင်းပြော ကြားခြင်းဖြစ်သည်။

ဂီတအနုပညာရှင်များသည် ခိုးကူးခွေများကြောင့် သင်္ကြန်ကာ လတွင် ငွေရှာရသူများဖြစ်ပြီး ယ ခုကဲ့သို့သင်္ကြန်မဏ္ဍပ်များ ပိတ်ပင် ခြင်းကြောင့် မဏ္ဍပ်များနှင့် စာ ချုပ်များ ဖျက်သိမ်းလိုက်ရ၍ နစ် နာမှုများရှိကြောင်း အဆိုတော် ကောင်းဆက်က ၀န်ကြီးချုပ်အား ပြောဆိုသည်။

ထို့အပြင် ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်တွင် လာရောက်ဖျော် ဖြေရန် တောင်းဆိုမှုကိုလည်း ဂီတအနုပညာရှင်များက လာရောက်ကူညီပေးမည် ဖြစ်ပြီး ၀န် ကြီးချုပ်က ခိုးကူးခွေကိစ္စကို ကိုင်တွယ်ဖြေရှင်းပေးရန် အဆိုတော် ကောင်းဆက်က တောင်းဆို သည်။

‘‘ခိုးကူးခွေကိစ္စကို ကျွန် တော့်ခေါင်းထဲမှာ သေသေချာချာကို ထည့်ထားပါ့ မယ်။ ဒီအခြေအ နေကို ဘယ်လိုလုပ်မယ်ဆိုတာ ပေါ့။ ဘယ်လိုလုပ်သင့်သလဲ ဆို တာကိုလည်း ကျွန်တော်တို့ မြေ ပြင်အခြေအနေမှာ ဒီအခွေတွေကို လုပ်တဲ့သူတွေအတွက် အသံ တွေကိုလည်း နားထောင်ရမယ်။ မေးပြီးမှ ဥပဒေပြုတဲ့ အပိုင်းမှာ ဆောင်ရွက်ပေးပါ့မယ်’’ဟု ရန် ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ပူးပေါင်း ဆောင်ရွက်မှုအ ပေါ် ကျေးဇူးတင်ပြီး စာချုပ်ဖျက် သိမ်းလိုက်ရ၍ နစ်နာမှုအတွက် အမြဲတမ်းအသိအမှတ်ပြုသွား မည်ဖြစ်ကြောင်း ၀န်ကြီးချုပ် က ဆက်လက်ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List