Friday, April 08, 2016

ပနားမားလျှို့ဝှက်ဘဏ်စာရင်းပေါက်ကြားမှု ထိုင်းတွင် လူ ၁၆ ဦးကို စုံစမ်းစစ်ဆေး


ပနားမားလျှို့ဝှက်ဘဏ်စာရင်း ပေါက်ကြားမှုမှာ ပါဝင်ခဲ့တဲ့ လူသိများ စီးပွားရေးသမားတွေနဲ့ နိုင်ငံရေးသမားဟောင်းတွေ အပါအဝင် လူ ၁၆ ယောက်ကို စုံစမ်းစစ်ဆေးနေပြီလို့ ထိုင်းနိုင်ငံ ငွေကြေးခဝါချမှု တိုက်ဖျက် ရေးအဖွဲ့ (AMLO) က ထိပ်တန်း အရာရှိတဦးက ဒီနေ့ ပြောဆိုလိုက်ပါတယ်။
ပနားမား ဥပဒေလုပ်ငန်း မားဆက် ဖွန်ဆေကာကနေ စာရွက် စာတမ်းတွေ အကြီးအကျယ် ပေါက်ကြားခဲ့အပြီး စာရင်းပါတဲ့ လူတွေထဲမှာ ကမ္ဘာတလွှား က နိုင်ငံရေးသမား တွေနဲ့ စီးပွားရေး ခေါင်းဆောင်တွေ ပါဝင်ခဲ့ပါတယ်။

ဒီလုပ်ငန်းဟာ နိုင်ငံခြား ကုမ္ပဏီတွေ တည်ထောင်ရာမှာ အထူးဝန်ဆောင်မှု ပေးပါတယ်။ ငွေကြေးခဝါချမှု ဖြစ်နိုင်ချေကို စုံစမ်းစစ်ဆေးမှုက အစောပိုင်း အဆင့်မှာ ရှိနေပြီး အမှားလုပ်ထားတဲ့ သက်သေတွေကို ထိုင်းအာဏာပိုင် တွေက မတွေ့သေးဘူးလို့ AMLO အဖွဲ့ အတွင်းရေးမှူး ချုပ် စီဟာနတ် ပရာယွန်ရတ်က ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ပနားမား ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

ပေါက်ကြားတဲ့ သတင်းအချက်အလက်တွေကို စစ်ဆေးပြီးတဲ့ တိုင်အောင် နာမည်စာရင်းကို ထုတ်ပြန်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

တုံ့ပြန်မှုအတွက် စောင့်ရုံစောင့်နေမှာမဟုတ်ဘဲ ရှိသမျှ သတင်းအချက် အလက်တွေကို ကိုယ့်စွမ်းဆောင်နိုင်စွမ်းထဲကနေ ကနဦး စစ်ဆေးတာတွေ လုပ်နေပြီလို့လည်း စီဟာနတ်က ပြောပါတယ်။

ဒီစာရင်းထဲမှာ ထိုင်းစစ်အစိုးရ အဖွဲ့ဝင်တွေ ပါမပါ ဆိုတာ သူမသိဘူးလို့ ပြောခဲ့ပါတယ်။

DVB


No comments:

Post a Comment

My Blog List