Wednesday, April 06, 2016

သမ္မတဦးသိန်းစိန်၏ ငါးနှစ်ကြာ သက်တမ်းမတည်ငြိမ်၊ ရှုပ်ထွေးမှုများ နှင့်ပြီးဆုံး


ပြုပြင်ပြောင်းလဲမှုများ ကြောင့် ချီးမွမ်းထောမနာမှုများ ရ ရှိခဲ့သကဲ့သို့ ဝေဖန်မှုများစွာကို လည်း ရင်ဆိုင်ခဲ့ရသော ဦးသိန်း စိန်၏ ငါးနှစ်တာ သမ္မတသက် တမ်းပြီးဆုံးခဲ့ပြီဖြစ်သည်။ သမ္မတသစ် ဦးထင် ကျော်အား တာဝန်လွှဲပြောင်းပေး အပ်မည့် အခမ်း အနားကျင်းပရာ နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ခန်းမဆောင်သို့ တာဝန် မှ အနားယူရတော့မည့် သမ္မတဦး သိန်းစိန်ရောက်ရှိလာချိန်တွင် သူ ၏မျက်နှာ၌ စိတ်မသက် မသာဖြစ် နေပုံပေါ်သည်။
မိနစ်အနည်းငယ်သာကြာ မြင့်သည့် အာဏာလွှဲပြောင်းခြင်း အခမ်းအနား တွင် သမ္မတဟောင်း ဦးသိန်းစိန်က သမ္မတသစ်ဦးထင် ကျော်အား သမ္မတအဆောင်အ ယောင် ရွှေစလွယ် လွှဲပြောင်းပေး အပ်လိုက်သည်။

အသက်ကင်းမဲ့လှသော ထို အခမ်းအနားသည် ဦးသိန်းစိန်အတွက်မူ ဒယိမ်းဒယိုင် အတက်အ ကျများလှသည့် ငါးနှစ်သက်တမ်း ၏ အဆုံးသတ်ဇာတ်ဝင်ခန်းပင် ဖြစ်သည်။ အရပ်သားတစ်ပိုင်း အစိုးရဖြင့် မြန်မာပြည်ကို ဒီမိုက ရေစီစနစ်သို့ ကူးပြောင်းဆောင် ရွက်ရန် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက သူ့အားတာဝန်ပေး ခဲ့သည်ဟု ယူဆထားကြသည်။

သူ့လက်ထက်တွင် ထူးခြား သည့် ဒီမိုကရေစီပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်ကို အသိအမှတ်ပြု မှုများရှိသလို တစ်ဖက်တွင်လည်း ဘာသာရေး လူမျိုးရေး အဓိက ရုဏ်းများ ပေါ်ပေါက်ခဲ့ခြင်း၊ နိုင်ငံ ရေးတက်ကြွလှုပ်ရှားသူများကို ဆက်လက်ဖိနှိပ်ခဲ့ခြင်း၊ ပြည်သူ အများစု၏ လူနေမှုဘ၀ကို ဖြစ် ဖြစ်မြောက်မြောက် မြှင့်တင်နိုင်မှု မရှိခဲ့ခြင်းတို့ကြောင့် ဝေဖန်မှုများ ကိုလည်း ပြင်းပြင်းထန်ထန် ခံခဲ့ရ သည်။

‘‘ဦးသိန်းစိန်အစိုးရရဲ့ ၀ိသေ သကတော့ ဖားတစ်ပိုင်းငါးတစ် ပိုင်းအစိုးရဖြစ်ပါတယ်။ ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက် ပြီးစီး အောင်မလုပ်ဘဲ နောက်ဆုံးမှာ အဖျားရှူးသွားခဲ့ပါတယ်’’ဟု လူမှု ဖွံ့ဖြိုးရေးအကူအညီများ လုပ် ဆောင်နေသည့် ရန်ကုန်အခြေ စိုက် လောကအလင်းအဖွဲ့အ စည်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဦး ထွန်းလင်းဦးက သုံးသပ်သည်။

‘‘အကျဉ်းထောင်တွေ၊တရား ရုံးတွေမှာ သူ့အစိုးရအစောပိုင်း ကာလက အတိုင်း တက်ကြွလှုပ် ရှားမှုတွေ တိုးသည်ထက်တိုးလာ တယ်။ အပယ်ခံတွေ၊ နင်းပြား တွေရဲ့ လူ့အခွင့်အရေး အခြေအ နေက မပြောင်းမလဲ တစ်သမတ် တည်း ရှိနေတုန်းပဲ’’ဟု သူက ဆက်၍ဆိုသည်။

မြန်မာ့နွေဦး

မြန်မာနိုင်ငံအခြေအနေကို အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားခဲ့ သော အာရပ်နွေဦးတော်လှန်ရေး များဖြင့် သာသာထိုးထိုး နှိုင်းယှဉ် ပြီး ဦးသိန်းစိန်အစိုးရခေတ်ကို မြန်မာ့နွေဦးဟူ၍ ယခင်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက The Voice နေ့စဉ်ထုတ်သတင်းစာ နှင့် မကြာသေးမီက မေးမြန်းခန်း၌ ပြောကြားခဲ့သည်။

ဦးသိန်းစိန်သည် ပြုပြင် ပြောင်းလဲမှုများကို သူ့သက်တမ်း ငါးနှစ်တာကာလ အတွင်း ၂ နှစ် မှသာ လုပ်နိုင်ခဲ့ကြောင်းလည်း သူကဆိုရာ ပြုပြင်ပြောင်းလဲမှု များ ဆက်လက်မလုပ်နိုင်စေရန် အာဏာရှင်ဟောင်း ဦးသန်းရွှေ (သို့တည်းမဟုတ်) ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ဟန့်တားခဲ့လေသ လားဟု မေးခွန်းထုတ်စရာရှိလေ သည်။

ဦးသိန်းစိန်သည် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွင် ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်သွားမည်ဟု ပါတီခေါင်းဆောင်ပိုင်းကဆိုထား သည်။

၂၀၁၁ က ဦးသိန်းစိန်သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး နောက် တိုင်းပြည်သို့ ပထမဆုံး အကြိမ် ပြောကြားခဲ့သည့် မိန့်ခွန်း တွင် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်သွားမည်၊ တရားစီရင် ရေးစနစ်ကို ပြုပြင်ပြောင်းလဲသွား မည်၊ ပြည်သူတို့၏ လူနေမှုဘ၀ မြှင့်တင်ရေးအတွက် စီးပွားရေး တိုးတက်ရန် လုပ်ဆောင်မည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

ထို့နောက်တွင် သူသည် ရာ ပေါင်းများစွာသော နိုင်ငံရေးအ ကျဉ်းသားများ လွှတ်ပေးခဲ့ပြီး ကာလကြာရှည်ဖြစ်ပွားနေသော ပြည်တွင်းစစ်ချုပ်ငြိမ်းစေရန် အ တွက်လည်း တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး အစီအစဉ်တစ် ရပ်ကို စတင်အကောင်အထည် ဖော်ခဲ့သည်။

ပဋိပက္ခများနှင့် အကြမ်းဖက်မှု

သို့သော် ဦးသိန်းစိန်လက် ထက်တွင် ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည့် KIA နှင့်ချုပ်ဆိုထားသော (၁၇) နှစ်ကြာငြိမ်းချမ်းရေးစာချုပ် ကျိုး ပေါက်ကာ ကာလရှည်ကြာ စစ်ပွဲ ကြီးယနေ့တိုင် ဖြစ်ပွားနေသည်။ ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း တွင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ ကာ ရခိုင်ပြည်နယ်အပါအ၀င် နိုင်ငံ၏ ဒေသအများအပြား၌လည်း သွေးထွက်သံယို အဓိကရုဏ်းများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ အဓိကရုဏ်းများ၊ စစ်ပွဲများကြောင့် လူပေါင်းသောင်းသိန်းချီ၍ အခြေမဲ့အနေမဲ့ အိုးမဲအိမ်မဲ့ဖြစ်ခဲ့ရသည်။

သူ၏သက်တမ်းအစပထမ နှစ်တွင် နိုင်ငံရေးအကျဉ်းသား အ မြောက်အမြား လွတ်မြောက်ခဲ့ သော်လည်း နိုင်ငံရေးလှုပ်ရှားမှု ကြောင့် ဖမ်းဆီးခံထားရ သူ၊တရား စွဲခံနေရသူ အရေအတွက်မှာ ၄၀၀ နီးပါးရှိနေသည်ဟု AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းအရ သိရသည်။ဖမ်းဆီး ခံထားရသူများတွင် ကျောင်းသား များ၊ သိမ်းဆည်းခံမြေ ယာ ပြန်လည်တောင်းဆိုခဲ့သည့် လယ်သ မားများပါဝင်နေသည်။

စစ်ကိုင်းတိုင်းမုံရွာမြို့ အနောက်ဘက်ရှိ လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းကို ကန့်ကွက်ဆန္ဒပြနေသည့် ဒေသခံများ၊သံဃာတော်များ မီးလောင်ဒဏ်ရာရသွားကြသည်အထိ လက်နက်ဖြင့် အကြမ်းဖက်ဖြိုခွင်းခဲ့ သည်မှာ ဦးသိန်းစိန်တက်လာပြီး တစ်နှစ်ရှစ်လအကြာ ၂၀၁၂ နိုဝင်ဘာ တွင်ဖြစ်သည်။

‘‘အစိုးရ ငါးနှစ်တာကာလ တစ်ခုလုံးကို သုံးသပ်ရမယ်ဆိုရင် တော့ အကောင်းတွေလည်းရှိ သလို အဆိုးတွေလည်းရှိတယ်လို့ မြင်ပါတယ်။ အကောင်းနဲ့ အဆိုး ခွဲခြားပြီးကြည့်မယ်ဆိုရင်တော့ ရှေ့ကလုပ်ခဲ့တဲ့ ကောင်းတာတွေ ကို နောက်ကလုပ်တဲ့ မကောင်း တာတွေက လွှမ်းမိုးသွားတယ်လို့ မြင်ပါတယ်’’ ဟု ၈၈ ပွင့်လင်း လူ့ အဖွဲ့အစည်းမှ ခေါင်းဆောင် တစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်း သားဟောင်း ကိုမြအေးက ဆို သည်။

‘‘ဥပမာ ကျောင်းသားတွေ ရိုက်တဲ့ကိစ္စ၊ ကိုပါကြီးအသတ်ခံ ရတဲ့ကိစ္စ ဒါတွေက ရှေ့ကအရာ တွေကို လွှမ်းမိုးသွားခဲ့တယ်လို့ ထင်ပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ ငါးနှစ်တာကာလ မှာ တိုင်းပြည်ကို တတ်နိုင်သ လောက်ကောင်းအောင် ကြိုးစား ခဲ့ပေမယ့်လည်း အချုပ်ပြောရရင် တော့ မအောင်မြင်ခဲ့ဘူးလို့ပဲပြော ချင်ပါတယ်’’ဟု သူကဆက်၍ ပြောသည်။

မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို အစဉ် တစိုက် သုတေသန ပြုနေသည့် ရှေ့နေ Matthew Bugher က ဦးသိန်းစိန်လက်ထက်တွင် မြန်မာ ပြည် ပိုမိုလွတ်လပ်ပွင့်လင်းလာခဲ့ သည်ကို မငြင်းနိုင်ကြောင်း၊ ဒီမို ကရေစီ အပြောင်းအလဲနှင့် ဦး သိန်းစိန်နာမည်သည် အမြဲပင် ဒွန်တွဲနေမည်ဖြစ် ကြောင်း သုံးသပ် သည်။

သို့သော်လည်း အခြေခံ လူ့ အခွင့်အရေးနှင့် လွတ်လပ်ခွင့် များအား ရည်ရွယ်ချက်ရှိရှိ ချိုး ဖောက်ခဲ့မှုများသည် ဦးသိန်းစိန် အစိုးရခေတ်ကို ထာဝရ အရိပ် မည်းကြီး ထိုးနေမည်ဟု သူက ဆိုသည်။

‘‘ထူးထူးခြားခြား ဆိုရရင် ရခိုင်မှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင် တွေကို စနစ်တကျဖိနှိပ်တာ၊ နောက်ပြီး သူ့သမ္မတသက်တမ်း ကုန်ခါနီးမှာတင် တက်ကြွလှုပ် ရှားသူတွေကို အဆက်မပြတ် ဖမ်းဆီးနှိပ်ကွပ်တာတွေပေါ့’’ဟု Matthew Bugher ကပြောသည်။

စီးပွားရေးတိုးတက်မှု

စီးပွားရေးမျက်နှာစာတွင် ဦးသိန်းစိန်အစိုးရသည် ကမ္ဘာ့ ဘဏ်၊ နိုင်ငံတကာငွေကြေး ရန် ပုံငွေအဖွဲ့ စသော နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများနှင့် ပြန်လည်ချိတ်ဆက်နိုင်ခဲ့သည်။ ထိုသို့ နိုင်ငံခြားအကူအညီများ၊ ချေးငွေများရရှိခဲ့သကဲ့သို့ မြန်မာ ပြည်၏ ကြီးမားလှသော နိုင်ငံခြား ကြွေးမြီများကိုလည်း လျှော်ပစ် နိုင်ခဲ့သည်။ ထို့ပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အထူးသဖြင့် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ဆက် သွယ်ရေးကဏ္ဍတို့တွင် ရင်းနှီး မြှုပ်နှံမှုများ တိုးမြင့်ခဲ့သည်။ သို့ သော် အခြေခံလူထု၏ လူနေမှု အဆင့်တွင်ကား မည်မည်ရရ လုပ်နိုင်ခဲ့သည်ကို မတွေ့ရပေ။

‘‘ကုန်ဈေးနှုန်းတွေကလည်း တက်၊ အိမ်ခြံမြေဈေးကွက်က လည်း မတည်မငြိမ်၊ လူ့အဖွဲ့ အစည်းက ရုပ်ပိုင်းဆိုင်ရာ ချမ်း သာရေးဘက်ကို တအားကို မောင်းတင်လာတော့ လူအများစု က ဘာဖြစ်သလဲဆိုတော့ ဦးသိန်း စိန်တက်လာခါစထက် အခု အချိန်မှာ ပိုပြီးဆင်းရဲဒုက္ခရောက် နေကြရပြီ’’ဟု ဒီချုပ်အား စီးပွားရေး အကြံပေးနေသူ သြစတြေးလျ စီးပွားရေးပညာရှင် Sean Turnell က ဆိုသည်။

‘‘ပြန်ခြုံကြည့်ရရင် ဦးသိန်း စိန်ချပေးသွားတဲ့ အုတ်မြစ်တချို့ က ကောင်းပါ တယ်။ ဒါပေမဲ့ အဲဒါတွေက လူအများစုရဲ့ဘဝကို ပြောင်းလဲသွားရလောက် အောင် လိုအပ်နေတဲ့ အသွင်ပြောင်းပုံစံ ကို မဖြစ်စေခဲ့ပါဘူး’’ဟု Sean Turnell က သုံးသပ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List