Thursday, April 07, 2016

ဥပဒေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့နာမည်ကြီးပါနေတာကတော့ ဒီဥပဒေကဘယ်လိုကြီးလဲလို့တော့ မေးခွန်းထုတ်မိတာပေါ့ကွာ။ ကမ္ဘာမှာကလည်း ဒီလိုမျိုးရှိမှ မရှိတာကိုး


ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တင် မြှောက်ရန်အတွက် ဥပဒေကြမ်းတစ်ခုကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းခဲ့ခြင်းနှင့်ပတ်သက်၍ အားလုံးအသိပင် ဖြစ်ပါသည်။ ယင်းဥပဒေကြမ်းနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှု အမျိုးမျိုးအဖုံဖုံ ပေါ်ထွက်နေခြင်းကို လည်း စာဖတ်ပရိသတ် သိပြီးဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ယင်းဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ)ကို တစ်နည်းတစ်ဖုံ ရှောင်လွှဲ၍ မိမိတို့ ဖြစ်လိုသည်တို့ကို မဖြစ်ဖြစ်အောင် ပြုလုပ်ခြင်းဖြစ်လေသလော၊ ဥပဒေတစ်ရပ်၏ အင်္ဂါရပ်များနှင့် ပြည့်စုံ ကိုက်ညီပါ၏ လော၊ အများက လက်ခံနိုင်သည့် ဥပဒေတစ်ရပ်ဖြစ်လာနိုင် ပါမည်လော။ အစရှိသည်တို့နှင့် ပတ်သက်၍ နားလည်ကျွမ်းကျင်သူတို့၏ အသံများကို တင်ပြလိုက်ရပါကြောင်း …
ဦးရဲထွဋ်
(ပြန်ကြားရေးဝန်ကြီးဟောင်း)

အဲဒါကတော့ ပြောဖို့စော သေးတယ်။ အစိုးရသစ်က သူလိုအပ်တဲ့ အခင်းအကျင်းအတွက်လုပ်တာဆိုတော့။ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းပြည်ထောင်စု လွှတ်တော်ကအတည်ပြုလိုက်ရင် ဥပဒေ တစ်ရပ်ဖြစ်လာမှာပေါ့။ ဥပဒေကို အကောင်အထည်ဖော်ဖို့ကျတော့ ဘယ်လို ဖြစ်လာမလဲဆိုတာ ကျွန် တော်တို့ ဆက်စောင့်ကြည့်ရမှာပေါ့။

ဦးလှရွှေ
(အောင်သာ/ပီသုံးလုံး)
ဆဲဗင်းဂျူလိုင်ကျောင်းသားဟောင်း

ဒီဥပဒေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို နည်းနည်းမြှင့်တင်ပေးတဲ့ သဘောပါပဲ။ ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်ဖို့ ၅၉(စ)တွေဘာတွေပြင်တာ ကလည်း တပ်မတော်နဲ့ညှိနှိုင်းလို့မရခဲ့ဘူး။ ဒီတော့ ဒီကြားလေး တစ်ခုပေါ်လာတာပဲ။ ဒေါ်စုက သူပြောခွင့်လုပ်ခွင့်ရဖို့အတွက် သူ့ရဲ့လုပ်ပိုင်ခွင့်ကို တိတိကျကျဖြစ်ဖို့အတွက် ဒီဥပဒေကိုပြဋ္ဌာန်းဖို့ လွှတ်တော်တင်တယ်လို့ထင်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ပေးဖို့ ပြောခဲ့ပေမယ့် မပြင်ပေးခဲ့ဘူးလေ။ ဒီတော့ နည်းလမ်းတစ်ခုအနေနဲ့ထပ်ပြီး ဖြစ်လာတာပဲ။ အဲ့ဒီအထဲမှာ ဒီနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေမူကြမ်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ မညီဘူးဆိုတဲ့ အချက်ကတော့ သိပ်မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ခြေ/ဥကိုရေးဆွဲခဲ့တဲ့သူတွေက ညစ်ပြီးရေးဆွဲခဲ့တာဖြစ်တဲ့အတွက် ဘယ် လိုကိစ္စမျိုးပဲဖြစ်ဖြစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့တော့ညီမှာ မဟုတ်ဘူး။ ဒေါ်စုက သူလွတ်လွတ်လပ်လပ်စီမံခွင့်၊အကြံပေးခွင့်ရဖို့ လွှတ် တော်ကိုဒီဥပဒေတင်တယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီနည်း လမ်းတစ်ခုတည်းကပဲ ဖွဲ့စည်းပုံအ ခြေခံဥပဒေမှာသူ့ကိုတားထားတဲ့ ၅၉(စ)ကို ဖောက်ဖို့ ရှိတယ်လေ။ ဒါပေမဲ့ ဥပဒေမှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဆိုတာနဲ့ ဒေါ် အောင်ဆန်းစုကြည်ဆိုတဲ့နာမည် ကြီးပါနေတာကတော့ ငါတို့ အပြင်လူတွေတောင် ဒီဥပဒေကဘယ် လိုကြီးလဲလို့တော့ မေးခွန်းထုတ်မိတာပေါ့ကွာ။ ကမ္ဘာမှာကလည်း ဒီလိုမျိုးရှိမှမရှိတာကိုး။ အချုပ်ပြောရရင်တော့ ဒေါ်စုက သူအလုပ်လုပ် လို့ရအောင်လို့ လုပ်လိုက်တယ်ပဲ ပြောရမယ်။

ဦးကြီးမြင့်
(တရားလွှတ်တော်ရှေ့နေ)

ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီးအမျိုးမျိုးကွဲလွဲနေတာပေါ့။ ပြန် ဆွေးနွေးတဲ့သူကလည်း အချက်အလက်နဲ့ ဆွေးနွေးတယ်။ ပြန်ရှင်းတဲ့သူကလည်း ဥပဒေနဲ့အညီ ရှင်းတယ်၊ ကျွန်တော့် အမြင်ကတော့ ဥပဒေဆိုတာ လူတွေက ပြုစုတာပဲ။ ဥပဒေနဲ့ ညီမညီ ဆိုတာလူတွေ အပေါ်မှာသွားတာပဲ။ ကျွန်တော့် အမြင်ကတော့ရွေးကောက်ပွဲအနိုင် ရပါတီကြီးတစ်ခုကသူရှေ့လျှောက်လုပ်ရမယ့် လုပ်ငန်းတွေအတွက် လုပ်သာကိုင်သာ ရှိအောင် လုပ်ချင်ပေလိမ့်မယ်။ ပါတီဥက္ကဋ္ဌက သမ္မတ ဖြစ်နိုင်ပါလျက်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉(စ)ကြောင့်မဖြစ်ဘူး။ အဲဒီအခါမှာ ပုံသဏ္ဌာန်တစ်ရပ်၊ ဥပဒေတစ်ရပ်နဲ့ ထွက် ပေါက်ယူလိုက်တာပဲ။ ဥပဒေတစ် ခုဖြစ်လာပြီဆိုရင်တော့ မဲများတဲ့သူက အတည်ဖြစ်မှာပဲလေ။ အတည်ပြုပြီးရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကအဆုံးအဖြတ် ပေးလိမ့်မယ်။

ဦးဟန်ရွှေ
(တိုင်းရင်းသားစည်းလုံး
ညီညွတ်ရေးပါတီ
ဗဟိုကော်မတီဝင်)

ကျွန်တော်တို့က ဥပဒေသမား မဟုတ်တော့ဥပဒေကြောင်းနဲ့ ပြောရရင်တော့ သိပ်ပြီး ပြည့်ပြည့်စုံစုံမဖြစ်ဘူး။ ဒီနိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့စောင့် ကြည့်တာပေါ့နော်။ ဒီမှာဥပဒေက ဒေါ်စုတစ်ဦးတည်းနဲ့ သက်ဆိုင်သလိုဖြစ်နေတာကတော့ ပြောစရာရှိတယ်။ ဒါပေမဲ့ဥပဒေကို အတည်ပြုတဲ့အနေအထားတစ်ခုတော့ ဖြစ်ပြီပေါ့နော်။ ဒီပုံစံအတိုင်းဆိုရင် ပြောတာနော်။ ပြည်သူ့လွှတ်တော်ဆိုတာက ပြည်သူ လူထုအားလုံးကို ကိုယ်စားပြုတဲ့လွှတ်တော် တစ်ခုဖြစ်တဲ့အတွက် တန်ဖိုးကြီးပါတယ်။ ဒါကြောင့် ဥပဒေတွေနဲ့ ပတ်သက်ရင် Effective ဖြစ်တဲ့ ဥပဒေ တွေ ဖြစ်စေချင်တယ်လို့ပဲ ပြောချင်ပါတယ်။

ဦးခွန်မြင့်ထွန်း (PNLO)

ပြောရရင်တော့ခက်ပါတယ်။ ဒီကိစ္စက ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့တော့ မပြောလိုဘူး။ ကျွန် တော့်တစ်ကိုယ်တည်းအမြင်ကို ပြောရရင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာဥပဒေမူကြမ်းနဲ့ပတ်သက်ရင်တော့ လွှတ်တော်မှာ အားလုံး မဲခွဲဆုံးဖြတ်ပြီး ဖြစ်လာတဲ့ ရလဒ်ကိုကျွန်တော်တို့က လက်ခံပါတယ်။ ဒီဥပဒေကို ပြဋ္ဌာန်းသင့်မသင့်ဆိုတာထက် လွှတ်တော်ဆိုတာ ကျွန်တော်တို့ အားလုံးကိုကိုယ်စား ပြုတာလေ။ ဒီတော့ လွှတ်တော်ရဲ့ဆုံးဖြတ် ချက်ကို လက်ခံပါတယ်။ ဘာပဲ ပြောပြောပါ၊ ဒေါ်အောင်ဆန်းစု ကြည်လို ပုဂ္ဂိုလ်မျိုးကို နိုင်ငံတော်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်ထားရှိရမယ် ဆိုတာကတော့ ကောင်းတယ်လို့ ထင်ပါတယ်။ လက်ခံပါတယ်။

ဦးအေးကျော်
(ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့-
အမှုဆောင် ဒါရိုက်တာ)

ကျွန်တော်တို့ ပွင့်လင်းမြန်မာ ရှေ့ဆောင်အဖွဲ့အနေနဲ့ကလွှတ်တော် စောင့်ကြည့်လေ့လာရေးတွေ၊ သုတေသနတွေလုပ်တယ်၊ အစီရင်ခံစာ ထုတ်တယ်၊ ပြီးခဲ့တဲ့ လွှတ်တော်နဲ့ ပတ်သက်ပြီး အစီရင် ခံစာနှစ်အုပ်ထုတ်ခဲ့တယ်။ အဲဒီမှာလည်း လိုအပ်ချက်တွေကို အကြံပြုခဲ့တာရှိပါတယ်။ ဒီနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ပြုရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြော ရင် ဆွေးနွေးဖို့အချိန်ပေးတာ နည်းတယ်။ ပထမအကြိမ်သက်တမ်းတုန်းကလည်း ဆွေးနွေးဖို့အချိန် ပေးတာ နည်းပြီးပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေလည်း ရှိခဲ့ပါတယ်။ ဥပမာပြောရရင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေဆိုရင်၂ဝ၁၃ တုန်းက ၃ ရက်နဲ့ ဆွေးနွေးပြီးအတည်ပြုခဲ့တာ။အဲဒီ တော့ကျွန်တော်တို့အနေနဲ့ ဘာ တွေ အကြံပြုခဲ့သလဲ ဆိုတော့ ဥပဒေပြုရေးဖြစ်စဉ်မှာ လွှတ်တော် ဥက္ကဋ္ဌရဲ့ အခန်းကဏ္ဍကများနေ တယ်၊ လွှတ်တော်ဥပဒေ၊ နည်းဥပဒေအားနည်းချက်ရှိတယ်၊ အဲ ဒါတွေကို ပြင်စေချင်တယ်။ ဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့်ကိုသုံး ရင် အများလက်မခံစရာတွေ ဖြစ် မယ်လို့ ကျွန်တော်တို့ ဟိုတုန်းက တည်းကသုံးသပ်ပြောဆိုထားတယ်။ ဥပဒေပြုရေးဖြစ်စဉ်မှာ အများပါဝင်နိုင်ဖို့ ကျယ်ကျယ်ပြန့် ပြန့်ဖြစ်ဖို့ အချိန်ပေးရလိမ့်မယ်။

Popular News Journal

No comments:

Post a Comment

My Blog List