Tuesday, April 05, 2016

တိုင်းနှင့်ပြည်နယ်များတွင် အစိုးရအဖွဲ့များစတင်ဖွဲ့စည်း


ရန်ကုန်တိုင်းအပါအ၀င် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် အစိုးရအဖွဲ့ဝန်ကြီးများ ခန့်အပ်လိုက်ပြီး အစိုးရအဖွဲ့များ စတင်ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့အတွက် ၀န်ကြီးဌာနအရေအတွက် ခြောက်ခုနှင့် ၀န်ကြီးဦးရေ ခြောက်ဦးခန့်အပ်ရန် ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ်က လွှတ်တော်တွင်တင်ပြရာ ကန့်ကွက်သူမရှိ အတည်ပြုသတ်မှတ် လိုက်သည်။
ဝန်ကြီးဌာန ခြောက်ခု၏ အ မည်များမှာ လုံခြုံရေးနှင့် နယ်စပ် ရေးရာ ၀န်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုး ရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက် သွယ်ရေးဝန်ကြီးဌာန၊ စည်ပင် သာယာရေးဝန်ကြီးဌာနနှင့် လူမှု ရေးဝန်ကြီးဌာနတို့ဖြစ်ကြောင်း သိရသည်။ နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး တင်အောင်ထွန်းအားခန့်ထားပြီးဖြစ်၍ ကျန်ဝန်ကြီး ဌာနများအတွက် ဦးမြင့်သောင်း၊ ဦးဟန်ထွန်း၊ဒေါ်နီလာကျော်၊ ဦးမောင်မောင်စိုး၊ ဦးနိုင်ငံလင်း တို့ကို ခန့်အပ်ရန် အမည်စာရင်းတင်သွင်းထားသည်။ ထို့အပြင် တိုင်းဒေ သကြီး ဥပဒေချုပ်အဖြစ် ဦးဟန်ထူးနှင့်စာရင်းစစ်ချုပ် အဖြစ်ဒေါ်ခင်သန်းလှ တို့၏အမည်စာရင်းများကို လွှတ်တော်၌တင်ပြလာသည်။ ၎င်းတို့ကို အတည်ပြု ခန့်အပ်ရန် ယနေ့(ဧပြီ ၅ ရက်)တွင် လွှတ်တော်၌ သဘောတူညီမှု တောင်းခံမည်ဖြစ်သည်။

‘‘ဒီနေ့တင်လိုက်တာက အ မည်စာရင်းတွေပဲ တင်လိုက်တာ။ ပြီးတော့မှ ဘယ်နာမည်နဲ့ ဘယ် ဌာနနဲ့ဆိုတဲ့ဟာမျိုးကို ပြန်ပြီး တော့ အတည်ပြုမှာပေါ့။ ဒီနေ့က တော့ အရေအတွက်ကိုပဲ အ တည်ပြုတာပါ’’ဟု တောင်ဒဂုံမြို့ နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြော သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်အ ဖြစ် ဦးဖြိုးမင်းသိန်း၊ နယ်လုံဝန် ကြီးအဖြစ် ဗိုလ်မှူးကြီး တင် အောင်ထွန်း၊ ရခိုင်တိုင်းရင်းသား ၀န်ကြီးအဖြစ် ဦးဇော် အေးမောင် နှင့် ကရင်တိုင်းရင်းသားဝန်ကြီးအ ဖြစ် ဒေါ်ပန်းသဉ္ဇာမျိုးတို့အား ခန့် အပ်ထားသည်။

ထို့အပြင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဦးမြင့် သောင်း၊ စိုက်ပျိုး ရေး၊မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးအ ဖြစ် ဦးဟန်ထွန်း၊ လျှပ်စစ်၊ စက် မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီးအဖြစ် ဒေါ်နီလာ ကျော်၊ စည်ပင်သာယာရေးဝန် ကြီးအဖြစ် ဦးမောင်မောင်စိုးနှင့် လူမှုရေးဝန်ကြီး အဖြစ် ဦးနိုင်ငံ လင်းတို့အား ၀န်ကြီးရာထူးများ ပေးအပ်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

မန္တလေးတိုင်းအစိုးရအဖွဲ့ အတွက် ၀န်ကြီးဌာန ခုနစ်ခုထား ရှိမည်ဖြစ်ပြီး ၀န်ကြီးချုပ်က ခန့် အပ်ရန် ၀န်ကြီးအမည်များတင် သွင်းခဲ့သည်။ ၀န်ကြီးအမည်စာ ရင်းတွင် ရွေးကောက်ခံကိုယ်စား လှယ်များဖြစ်သော ချမ်းအေးသာ စံမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ဒေါက်တာဦးစိုးသန်း၊ မဟာ အောင်မြေမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ ဦးဇာနည်အောင်၊ ဦးမျိုးသစ် တို့ပါဝင်ပြီး ပြင်ပမှ ဦးမြတ်သူနှင့် ဒေါက်တာရဲလွင် တို့ပါဝင်ကြောင်း သိရသည်။

လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနအတွက် ဗိုလ်မှူးကြီး မျိုးမင်းအောင် အား ခန့်အပ် သည်။ ထို့ပြင် တိုင်းဒေသကြီး ဥပဒေချုပ်အဖြစ် ဦးအောင်ဝင်း နှင့် စာရင်းစစ်ချုပ်အဖြစ် ဒေါ်ခင်အေးဆွေတို့အားခန့်အပ်ရန် မန္တလေးတိုင်း ၀န်ကြီးချုပ်က အ မည်စာရင်းတင်သွင်းခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့အ တွက် ၀န်ကြီးဌာနရှစ်ခုနှင့်ဝန်ကြီး ရှစ်ဦးထား ရှိရန် ပြည်နယ်လွှတ် တော်၌ ၀န်ကြီးချုပ်က တင်ပြရာ ကန့်ကွက်မှုများရှိခဲ့ သည်။ ရှမ်း ပြည်နယ်ဝန်ကြီးဌာနနေရာများ အတွက် ဒီချုပ်ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ခြောက်ဦး၊ ပြည် ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်တစ် ဦးနှင့် ပြင်ပမှတစ်ဦးတို့ဖြစ် ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး အ စိုးရအဖွဲ့ ဖွဲ့စည်းရန် ၀န်ကြီးဌာန ခြောက်ခုနှင့် ၀န်ကြီးခြောက်ဦး၏ အမည်များကို လွှတ်တော်၌ အမည်စာရင်းများတင်သွင်း ခဲ့သည်။ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီးအဖြစ် ဗိုလ်မှူးကြီးကျော်သန့် နိုင်အား ခန့်အပ်ထားသည်။ ၀န်ကြီးများအဖြစ် ဦးစိုးဦး၊ ဦးမြင့်ကြည်၊ ဦးကံ ဇာမုံ၊ ဦးသန်းညွန့်ဝင်းနှင့် ဒေါက်တာဇော်ဝင်းတို့ကို ခန့်အပ် ပြီး တိုင်းဒေ သကြီး ဥပဒေချုပ်အ ဖြစ် ဦးခင်မောင်လှနှင့် တိုင်းဒေသ ကြီးစာရင်းစစ်ချုပ် အဖြစ် ဦးစိုး လွင်တို့အား ခန့်အပ်ရန် တိုင်းဒေ သကြီးလွှတ်တော်တွင် တိုင်းဝန် ကြီးချုပ်က အမည်စာရင်းတင် သွင်းခဲ့သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ တွင် ၀န်ကြီးဌာန ခုနစ်ခုဖြင့် ဖွဲ့ စည်းမည်ဖြစ်ပြီး ၀န်ကြီးအမည် များကိုလည်း မွန်ပြည်နယ်လွှတ် တော်က အတည်ပြုခန့်အပ်ခဲ့ သည်။

7Day News Journal

No comments:

Post a Comment

My Blog List