Wednesday, April 06, 2016

ဗီယက်နမ်တွင် အမျိုးသမီး ၂ ဦး ဇီကာဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံရ

ဗီယက်နမ်နိုင်ငံမှာ အမျိုးသမီး ၂ ဦးကို ခြင်ကနေတဆင့် ဇီကာဗိုင်းရပ်စ် ကူးစက်ခဲ့တယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ဧပြီ ၅ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ ဘရာဇီးလ်နိုင်ငံမှာ ကူးစက်ပျံ့နှံ့ခဲ့တဲ့ ရောဂါပိုးက ဗီယက်နမ်မှာ ပထမဆုံး တွေ့ရှိမှုပါ။
ကိုယ်ဝန်ဆောင်တွေမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရရင် ကလေးတွေ ဦးနှောက်ဖွံ့ဖြိုးမှု ချို့ယွင်းပြီး မွေးလာမှုနဲ့ ပတ်သက်နေတယ်လို့ သံသရှိထားပါတယ်။ ဒီဗိုင်းရပ်စ် ပျံ့နှံ့မှု တားဆီးရေး အာဏာပိုင်တွေက လုပ်ဆောင်နေပါပြီ။

ကမ်းခြေမြို့မှာနေတဲ့ အသက် ၆၄ နှစ်အရွယ် အမျိုးသမီးတယောက်နဲ့ ဟိုချီမင်း မြို့တော်မှာ နေတဲ့ အသက် ၃၃ နှစ်အရွယ် ကိုယ်ဝန် ၈ ပတ် လွယ်ထားတဲ့ အမျိုးသမီးတဦးတို့ မတ်လနှောင်းပိုင်းမှာ နေမကောင်း ဖြစ်ခဲ့တာပါ။

သူတို့ကို ၃ ကြိမ်စီ စစ်ဆေးအပြီး ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်ဆို တာ အတည်ပြုခဲ့တယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

လူနာတွေက အခြေအနေ တည်ငြိမ်နေပြီး သူတို့အိမ်နီးချင်းတွေနဲ့ ဆွေမျိုး တွေမှာ ကူးစက်မှု မရှိတာ တွေ့ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကလည်း ဗီယက်နမ် အစိုးရနဲ့ နီးနီးကပ် ကပ် အလုပ်တွဲလုပ်နေတယ်လို့ WHO အရာရှိက ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးမှာ ပြော ပါတယ်။

ဇီကာဗိုင်းရပ်စ်ဟာ ခြင်ကနေ လူကို ကူးစက်ခဲ့တာပါ။ ဇီကာဗိုင်းရပ်စ်ဟာ မွေးရာပါ ဦးနှောက်ချို့ယွင်းမှုအပြင် သွက်ချာပါဒ လေငန်းရောဂါကို ဖြစ်စေတဲ့ ရှားပါးတဲ့ အာရုံကြော ချွတ်ယွင်းမှုကိုလည်း ဖြစ်နိုင်ကြောင်း အားကောင်းတဲ့ သိပ္ပံ တွေ့ရှိချက်တွေ တွေ့ထားတယ်လို့ WHO က ပြောပါတယ်။

ဇီကာဗိုင်းရပ်စ်ဟာ ဘင်္ဂလားဒေ့ရှ်၊ တောင်ကိုရီးယား၊ ထိုင်းနဲ့ တရုတ်နိုင်ငံ တွေမှာ ကူးစက်မှုရှိကြောင်း အတည်ပြုထားပြီးပါပြီ။

ဘရာဇီးလ်အစိုးရက နိုင်ငံတွင်း ဇီကာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ကိုယ်ဝန် ဆောင် မိခင်တွေကနေ ဦးခေါင်းသေးပြီး ဦးနှောက်ဖွံ့ဖြိုးမှု ပြဿ နာရှိတဲ့ ကလေးငယ် မွေးဖွားမှု အယောက် ၈၆၀ ကျော်တယ်လို့ အတည်ပြုထားပါ တယ်။ နောက်ထပ် ဦးခေါင်းသေးတဲ့ ကလေးငယ် သံသယရှိသူ အယောက် ၄၂၀၀ ကျော်ကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်။

DVB




No comments:

Post a Comment

My Blog List