Tuesday, April 05, 2016

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးဌာန ခုနစ်ခုဖြင့် ဖွဲ့စည်း


မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးဌာန ခုနစ်ခုထားရှိမည်ဖြစ် ပြီး ၀န်ကြီးအမည် စာရင်းများလွှတ်တော်သို့ တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များကလည်း သဘောတူသ ဖြင့် ၀န်ကြီးခြောက်ဦး ခန့်အပ်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ပထမပုံမှန်အစည်းအ ဝေး (န၀မနေ့) တွင် ၀န်ကြီးချုပ်က ရွေးကောက်ခံ ကိုယ်စားလှယ် လောင်းသုံးဦး၊ ပြင်ပမှ နှစ်ဦးနှင့် တပ်မတော်မှ အမည်စာရင်း ပေးပို့ခဲ့သည့် တပ်မတော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးမျိုးမင်းအောင် အား ၀န်ကြီးအဖြစ် ခန့်အပ်ရန် တင်ပြခဲ့ပြီး သဘောတူညီခဲ့သဖြင့် လွှတ်တော်တွင် အတည်ပြုခန့် အပ်ခဲ့သည်။
ဝန်ကြီးချုပ်က ၀န်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခဲ့သူများ သည် ဒေါက်တာစိုးသန်း ချမ်း အေးသာစံမြို့နယ် မဲဆန္ဒနယ်အ မှတ် (၂)၊ ဦးဇာနည်အောင် မဟာ အောင်မြေမြို့နယ် မဲဆန္ဒနယ်အ မှတ် (၁)၊ ဦးမျိုးသစ် မိုးကုတ်မြို့ နယ် မဲဆန္ဒနယ်အမှတ် (၁)၊ ပြင် ပမှ ဦးမြတ်သူ၊ ဒေါက်တာရဲလွင် နှင့် ဗိုလ်မှူးကြီး အောင်ကျော်မိုး တို့ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်အဖြစ် ဦးအောင်ဝင်း နှင့် စာရင်းစစ်ချုပ် အဖြစ် ဒေါ်ခင် အေးဆွေတို့အား ခန့်အပ်ရန် လွှတ်တော်ကိုယ်စားလှယ်များ က သဘောတူညီခဲ့ကြသည်။ ၀န်ကြီး အဖြစ် ခန့်အပ်ပေးရန် အမည်စာ ရင်းများတင်သွင်းခဲ့သော်လည်း ခန့်အပ်မည့်ဝန်ကြီးဌာနအမည်များ ထည့်သွင်း ကြေညာခြင်းမရှိပေ။

7Day News Journal

No comments:

Post a Comment

My Blog List