Friday, April 08, 2016

စွမ်းအင်မလုံလောက်မှုကြောင့် စနေ၊တနင်္ဂနွေအပြင် သောကြာကိုပါ ဗင်နီဇွဲလားတွင် ရုံးပိတ်ရက်သတ်မှတ်


မီးမကြာခဏပြတ်တတ်တဲ့ နိုင်ငံ ဗင်နီဇွဲလားမှာ စွမ်းအင်ချွေတာဖို့ရန် အတွက် သောကြာနေ့ကိုပါ ရုံးပိတ်ရက်များအဖြစ် သတ်မှတ်မယ်လို့ သမ္မတ နီကိုလပ်စ်မာဒူရို က အမိန့်ကြေညာလိုက်တယ်ပါတယ်။ လာမယ့် ၂ လ အထိ ဒီကိစ္စက အကျုံးဝင်နေဦးမှာ ဖြစ်ပြီးတော့ အားလပ်ရက် များများရရှိမှာ ဖြစ်ပါတယ်လို့ မာဒူရို က ပြောကြားခဲ့ပါတယ်။
ရေအားလျှပ်စစ်ကို တိုင်းပြည်ရဲ့ လျှပ်စစ်လိုအပ်ချက် ၆၀ ရာခိုင်နူန်းမူတည် နေရတဲ့ ဗင်နီဇွဲလားမှာ မိုးခေါင်ခြင်း ကြောင့် လျှပ်စစ်ဓာတ်အား ပြတ်လပ် မှုတွေ ဖြစ်ပွါးနေပါတယ်။

ဗင်နီဇွဲလားဟာ ကမ္ဘာမှာ ရေနံထုတ်လုပ်မှုများတဲ့ နိုင်ငံဖြစ်ပြီး OPEC အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်ပါတယ်။

တိုင်းပြည်စီးပွါးရေးကျဆင်းနေချိန်မှာ လေးရက်ပဲ အလုပ်လုပ်ရမယ်ဆိုတဲ့ အစီအစဉ်ကို အတိုက်အခံတွေက ရှုတ်ချကြပါတယ်။

ဗင်နီဇွဲလားမှာ စားနပ်ရိက္ခာ၊ အခြေခံလူသုံးကုန်၊ ဆေးဝါး တို့ ပြတ်လပ်နေပြီး ငွေဖောင်းပွမှုနူန်းကလည်း သုံးဆရှိပါတယ်။

ဈေးဝယ်စင်တာတွေကိုလည်း မိမိတို့ဖာသာ မီးစက်သုံးပြီး ဖွင့်ကြဖို့နဲ့ ဆိုင်ဖွင့်ချိန်ကို လျှော့ဖို့လည်း အမိန့်ထုတ်ထားပါတယ်။

“မာဒူရို အတွက်ကတော့ တိုင်းပြည်အကျပ်အတည်းကို ဖြေရှင်းဖို့ဟာ ကုန်ထုတ်စွမ်းအားကို လျှော့ချဖို့ပဲလို့ တွေးတတ်တာပါ" လို့ ကရာကတ်စ် မြို့တော် ကောင်စီဝင် ဂျီးဆပ် အာမက်စ် က ဆိုပါတယ်။

နောက်နေတာထင်တယ်ဆိုပြီး ဒီမူဝါဒသစ်ကို ဗင်နီဇွဲလားပြည်သူတွေက ဝေဖန်နေကြပါတယ်။

ကျောင်းတွေ ၊ အစိုးရရုံးတွေ နဲ့ ဈေးတွေကို ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ လည်း မေးခွန်းထုတ်နေကြပါတယ်။

Ref:UPI
The Voice Weekly

No comments:

Post a Comment

My Blog List