Tuesday, April 05, 2016

လာဘ်ပေးလာဘ်ယူပပျောက်ရန် အစိုးရသစ်အတွက် လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုး ထုတ်ပြန်


လာဘ်ပေးလာဘ်ယူပ ပျောက်စေရန် ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင် လက်မှတ်ရေး ထိုး၍ အစိုးရအဖွဲ့သစ်အတွက်လက်ဆောင်ပစ္စည်းလက်ခံခြင်း နှင့်ပတ်သက်သော လမ်းညွှန်ချက်ကို အစိုးရအဖွဲ့စတင်တာဝန်ယူသည့် ခြောက်ရက်မြောက်နေ့တွင်ထုတ်ပြန်သည်။
အစိုးရအဖွဲ့ဝင်များနှင့် ၀န် ထမ်းများသည် မိမိရာထူးကြောင့် ပေးအပ် သည်ဟု ယူဆရသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များထံမှ ပေးအပ်သော လက်ဆောင်ပစ္စည်းများကို လက်ခံခြင်းမပြုရဟု သတ်မှတ်ပြီး ကျန်ပုဂ္ဂိုလ်အဖွဲ့အစည်း များကပေးလျှင်လည်း တစ်ကြိမ် လျှင် ကျပ် ၂၅,၀၀၀ ထက်မပိုဘဲ တစ်နှစ်လျှင် ကျပ်တစ်သိန်းထက်မပိုသော လက်ဆောင်ပစ္စည်းများနှင့် အခါကြီး ရက်ကြီးများတွင် ဂါရ၀ပြုပေးအပ်သည့် ကျပ်တစ်သိန်းထက်မပိုသော လက်ဆောင်ပစ္စည်းများကိုသာ ခြွင်းချက်အဖြစ် လက်ခံခွင့်ပြုကြောင်း သမ္မတရုံးက ဧပြီ ၄ ရက်တွင်ထုတ်ပြန်သော ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ‘‘လက်ဆောင်ပစ္စည်းလက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်၌ ပါရှိသည်။

မြန်မာနိုင်ငံတွင် အဂတိ လိုက်စားမှုများကြောင့်အကျင့်စာ ရိတ္တပျက်ပြားမှု များစွာဖြစ်ပေါ်နေ ပြီး နိုင်ငံတော်၏ လူမှုရေး၊ စီးပွား ရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကို ထိခိုက်နေသဖြင့် အဂတိလိုက်စား မှုအလေ့အထကို အချိန်တိုကာလ အတွင်း လုံးဝပျောက်သွားစေရန် ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင်လက်မှတ်ရေးထိုးထားသည့် လက်ဆောင်ပစ္စည်းလက်ခံခြင်း နှင့်ပတ်သက်သည့် လမ်းညွှန်ချက် များကို ဗဟိုရုံးများ၊ ပြည်ထောင်စု ၀န်ကြီးဌာနများ၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များထံ ဧပြီ ၁ ရက်တွင် ပေးပို့ထားကြောင်း နိုင်ငံတော် သမ္မတရုံးက ဧပြီ ၄ရက်၌ သတင်း ထုတ်ပြန်ထားသည်။

အစိုးရအဖွဲ့ဝင်များ၊ အစိုးရ က ဖွဲ့စည်းထားသော ကော်မရှင် အဖွဲ့ဝင်များ နှင့် ပြည်သူဝန်ထမ်း များ မိမိရာထူးလုပ်ပိုင်ခွင့်၏ အကျိုးခံစားနိုင်သည့် လုပ်ရပ်တစ်ရပ်ကို လိုလားတောင်းခံသော အဖွဲ့အစည်း/ပုဂ္ဂိုလ်၊ မိမိတာဝန် ယူရသောအဖွဲ့အစည်း၊ ကြီးကြပ်ကွပ်ကဲရသော အဖွဲ့အစည်းနှင့် စီးပွားရေး လုပ်ငန်း လုပ်ကိုင်သော၊ လုပ်ကိုင်ရန် ကြိုးပမ်းနေသော အဖွဲ့အစည်း/ လူပုဂ္ဂိုလ်၊ မိမိရာထူးတာဝန်အရ လုပ်ဆောင်ရမည့်ကိစ္စရပ်တစ်ခုကို လုပ်ဆောင်ခြင်းကြောင့် အကျိုးခံစားမှု ရရှိသွားမည့် အဖွဲ့အစည်း/ လူပုဂ္ဂိုလ်၊ မိမိရာထူးတာဝန်အရ လုပ်ဆောင်ရမည့်ကိစ္စရပ်တစ်ခုကို လုပ်ဆောင်ခြင်း မပြုရသဖြင့် အကျိုးခံစားခွင့်ရှိသွားမည့် အဖွဲ့အစည်း/လူပုဂ္ဂိုလ်များထံမှ လက်ဆောင်ပစ္စည်းများ လက်ခံခြင်းမပြုရန် ပိတ်ပင်တားမြစ်ထားခြင်းဖြစ် သည်။

လာဘ်ပေးလာဘ်ယူမှုသည် ကနဦးအဆင့်တွင် လက်ဆောင် ပစ္စည်းပေး ရာမှစတင်နိုင်ပြီး လူမှု ရေးအရပေးသည့် လက်ဆောင် ပစ္စည်း (သို့မဟုတ်) တံစိုးလက် ဆောင်အဖြစ် ပေးအပ်သည့် ပ စ္စည်းခွဲခြားသတ်မှတ်နိုင်ရန် လမ်း ညွှန်ချက်ထုတ်ပြန်ခြင်းဖြစ်သည် ဟု ပါရှိသည်။

လက်ဆောင်ပစ္စည်းတွင်ငွေ ကြေးနှင့် တန်ဖိုးရှိသည့် ပစ္စည်းအ ပါအ၀င် ရွှေ၊ ငွေ၊ လေယာဉ်လက်မှတ်၊ အခမဲ့ တည်းခိုခ၊ အခမဲ့စားသောက်ခ၊ ဧည့်ခံကျွေး မွေးခြင်း၊ ဂေါက်သီး အသင်းဝင်ကြေး စသည်တို့သည် လက်ဆောင်ပစ္စည်း တွင် အကျူံးဝင်ကြောင်း ဖော်ပြထားသည်။

သို့သော် ကျပ်ငွေ ၂၅,၀၀၀ ထက် မပိုသော လက်ဆောင်ပစ္စည်း၊ (အဖွဲ့အစည်းတစ်ခု/လူပုဂ္ဂိုလ်တစ်ဦးထံမှ လက်ခံရယူသည့် လက်ဆောင်ပစ္စည်းသည်တစ်နှစ် လျှင် ငွေကျပ် တစ်သိန်းတန်ဖိုး ထက်မပိုစေရ)၊ မိသားစုဆက်ဆံ ရေးနှင့် ပုဂ္ဂိုလ်ရေး ခင်မင်မှုအရ (တားမြစ်ထားသည့်အဖွဲ့အစည်း လူပုဂ္ဂိုလ်များနှင့် အကျုံးဝင်သူ များ) ပေးသော လက်ဆောင်ပစ္စည်း၊ အခါကြီးရက်ကြီးများတွင် ဂါရ၀ပြုပေးအပ်သည့် ကျပ်ငွေ တစ်သိန်းထက် မပိုသော လက် ဆောင် ပစ္စည်းများကိုသာ ခြွင်း ချက်ဖြင့်လမ်းညွှန်ချက်က ခွင့်ပြု ထားသည်။

လမ်းညွှန်ချက်၏ အချက် (၇) ၌ လက်ခံခွင့်မရှိသော လက်ဆောင် ပစ္စည်းများ ခေါင်းစဉ်အောက်တွင် လက်ခံခွင့်မရှိသောလက်ဆောင်ပစ္စည်းများ ပေးအပ်လာပါက ပေးအပ်သော လက် ဆောင်ပစ္စည်းကို ပြန်လည်ပေး အပ်ရန်၊ ပစ္စည်းကိုလက်ခံလိုပါက ကာလပေါက်ဈေးကို ပေးအပ်သူ ထံ ပြန်လည်ပေးအပ်ရန်၊ ကြာ ရှည်အထားမခံသော ပစ္စည်းဖြစ် ပါက ဌာနတွင်းဝန်ထမ်းများအား ဖြန့်ဝေပေးရန်လည်း လမ်းညွှန် ထားသည်။

ထို့အပြင် နိုင်ငံခြားအစိုးရက ပေးအပ်သောလက်ဆောင်ပစ္စည်းများအနက် ငွေတန်ဖိုးကျပ် လေးသိန်းထက်မပိုသော လက် ဆောင်ပစ္စည်း၊ တရားဝင်ကိစ္စအ တွက် ခရီးသွားလာစရိတ်၊ ပညာ သင်ဆု၊ ဆေးဝါးကုသမှု စရိတ် များကိုသာ လက်ခံနိုင်ပြီး ထိုအ ချက်များနှင့် မကိုက်ညီသော်လည်း လက်ဆောင်ကို ငြင်းဆန်ခြင်းဖြင့် နှစ်ဖက် မျက်နှာပျက်ရမည့်ကိစ္စများတွင် လက်ဆောင်ပစ္စည်းကို လက်ခံနိုင်ပြီး ယင်းပစ္စည်းအား ၀န်ကြီးဌာန/ဌာနသို့ ပေးအပ်ရန်ဟု ယင်းလမ်းညွန်ချက်တွင်ပါရှိသည်။

အချက်ကိုးချက် ပါရှိသော ယင်းလမ်းညွှန်ချက်တွင် လက် ဆောင်ပစ္စည်း အဓိပ္ပာယ်ဖွင့်ဆို ချက်၊ လက်ခံခွင့်မရှိသောလက် ဆောင်ပစ္စည်းများ၊ နိုင်ငံခြားအစိုး ရမှ ပေးအပ်သောလက်ဆောင်ပ စ္စည်းများကို အသေးစိတ်ဖော်ပြ ထားသည်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လက်မှတ်ရေးထိုးထား သည့် လမ်းညွှန်ချက်၏ နောက် ဆုံးအချက်ဖြစ်သော အချက်(၉)တွင် အထွေထွေညွှန်ကြားချက်ပါ ရှိပြီး လက်ဆောင်ပစ္စည်းများကို သွယ်ဝိုက်၍လည်းကောင်း၊ တိုက် ရိုက်သော်လည်းကောင်းတောင်း ခံခြင်းမပြုရန်၊ မိမိရာထူးတာဝန် လုပ်ဆောင်မှုအပေါ် သြဇာလွှမ်း မိုးစေမည်ဟု ယူဆရသောကိစ္စ ရပ်များအတွက်မည်သည့်လက် ဆောင်ပစ္စည်းမျှ လက်ခံခြင်းမပြု ရန်၊ လက်ခံခွင့်ရှိသော လက် ဆောင်ပစ္စည်းကိုပင်အကြိမ်ကြိမ် လက်ခံခြင်းမပြုရန်၊ လက်ဆောင် ပစ္စည်းပေးအပ်လာပါကလက်ခံ သည်ဖြစ်စေ၊ ငြင်းပယ်သည်ဖြစ် စေ အထက်အကြီးအကဲထံ အ မြန်ဆုံးတင်ပြရန်၊ နိုင်ငံတော်သမ္မ တနှင့် ဒုတိယသမ္မတများအားပေး အပ်သည့် လက်ဆောင်ပစ္စည်း များကိစ္စကို ဦးစီးရုံးများ၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များက နိုင်ငံ တော်သမ္မတရုံးဝန်ကြီးထံအမြန် ဆုံးတင်ပြရန်ဟုပါရှိသည်။

အစိုးရသစ်တက်ပြီးနောက် ရက်ပိုင်းအတွင်း အဂတိလိုက်စားမှု တိုက်ဖျက် ရေးအတွက် ထုတ် ပြန်လိုက်သော ညွှန်ကြားချက်ကို ကြိုဆိုသော်လည်း ယင်းညွှန်ကြား ချက်အတိုင်း လိုက်နာဆောင်ရွက် ရန် အရေးကြီးကြောင်း နိုင်ငံရေး ဆောင်းပါးရေးသားသူဒေါက်တာ ရန်မျိုးသိမ်းကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အစိုးရသစ်တွင်ပါဝင်သည့် ပြည်ထောင်စု ၀န်ကြီးများ အနေ ဖြင့် လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းရန် လိုအပ်ကြောင်း ကို ဒေါ်အောင်ဆန်းစုကြည်က ယင်း လမ်းညွှန်ချက်များမထုတ်ပြန်မီကပင် ပြည်ထောင်စု ၀န်ကြီးများအား ခေါ်ကာ မှာကြားထားဖူးသည်။

‘‘လာဘ်မစားနဲ့ အဂတိ မ လိုက်စားနဲ့။ လာဘ်စားရင်၊ အဂ တိလိုက်စားရင် ထောင်ပဲနော်။ ရဲဘော် ရဲဘက် အနေနဲ့တော့ ထောင်ဝင်စာ လာတွေ့မယ်။ ဒါအဓိက မှာကြားတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့တွင် ပါဝင်မည့် ၀န်ကြီးများအား အထူးမှာကြားထားသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးကျော်ဝင်းက 7Day Daily သတင်းစာအား ပြောထားဖူးသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၏ အတွင်းရေး မှူးအဖွဲ့ဝင် ဦးဝင်း ထိန်ကလည်း ၎င်းတို့ပါတီ၏ အ စိုးရအနေဖြင့် လာဘ်ပေး လာဘ် ယူမှု ကင်းရှင်းသောအစိုးရတစ် ရပ်ဖြစ်စေရန် လုပ်ဆောင်မည်ဖြစ် ကာ နိုင်ငံတွင် အမြစ်တွယ်နေသော အဂတိလိုက်စားမှုကိုတိုက်ဖျက်ရန်ကြိုး ပမ်းမည်ဟု ပြောထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် မြန်မာနိုင်ငံတွင်အဂတိ လိုက်စားမှုကို တိုက်ဖျက်ရေးအ တွက် ရွေးကောက်ပွဲ မတိုင်မီကာလကပင် ယင်းပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ ပိုင်ဆိုင်မှုကို ကောက်ခံထားသည်။

ယခင်အစိုးရ လက်ထက်တွင် သမ္မတဦးသိန်းစိန်က ၎င်း၏ အစိုးရ အဖွဲ့ဝင် များအား ကျပ်သုံးသိန်းထက် ပိုသော လက် ဆောင်ပစ္စည်းများကို မယူရန် ညွှန် ကြားထားခဲ့သော်လည်း လာဘ် ပေးလာဘ်ယူကိစ္စရပ်များနှင့်ပတ် သက်၍ အစိုးရအဖွဲ့ဟောင်းသည် ပြည်သူများ၏ ဝေဖန်မှုများကိုကြုံ တွေ့ခဲ့ရသည်။

မြန်မာနိုင်ငံသည် ခြစားမှု ဆန့်ကျင်ရေးအဖွဲ့ကြီးဖြစ်သည့် နိုင်ငံတကာ ပွင့်လင်းမြင်သာမှု (Transparency International) ကထုတ်ပြန်သော ၂၀၁၅ လာဘ် ပေးလာဘ်ယူခြစားမှုအဆင့်ညွှန်း ကိန်းတွင် ကမ္ဘာ့ခြစားမှုအဆိုးရွား ဆုံးနိုင်ငံများစာရင်းဝင်နေဆဲဖြစ် သည်။

နိုင်ငံတကာ ပွင့်လင်းမြင်သာ မှုအဖွဲ့၏ ထုတ်ပြန်သောနိုင်ငံ ပေါင်း ၁၆၈နိုင်ငံ အနက် မြန်မာက အဆင့် ၁၄၇၌ ရပ်တည်နေသည်။ ခြစားမှုအသန့်ရှင်းဆုံး အဆင့်(၁) နိုင်ငံမှာ ဒိန်းမတ်ဖြစ်ပြီး မြန်မာ အောက်၌ ဇင်ဘာဘွေ၊ ဟေတီ၊ ဆူဒန်၊ မြောက်ကိုရီးယား၊ ဆိုမာ လီယာအပါအ၀င်နိုင်ငံ ၂၀သာရှိ သည်။

7Day News Journal

No comments:

Post a Comment

My Blog List