Friday, April 08, 2016

ပြည်အကျဉ်းထောင်မှ လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးလွတ်






ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့၊အကျဉ်းထောင်မှ ပုဒ်မ(၁၈)ဖြင့်ပြစ်ဒဏ်ကျခံ နေရသော နိုင်ငံရေးအကျဉ်းသား တစ်ဦး လွတ်ရက်စေ့သဖြင့်ဧပြီလ(၈) ရက်နေ့ နံနက်(၇)နာရီခန့်က လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

လွတ်မြောက်လာသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုမျိုးသူထွဋ်ယခု လက်ရှိ ကျခံနေရသော အမှုမှာ PRစံနစ်အားကန့်ကွက်ဆန္ဒထုတ်ဖော်မှုဖြင့် ပုဒ်မ(၁၈)ဖြင့် ထောင်ဒဏ်လေးလကျခံရခြင်းဖြစ်ပြီး ပုဒ်မ(၁၈)ဖြင့်ဦးသန့် နှစ်(၄၀ပြည့်နှင့်ကျောင်းသားသမဂ္ဂအဆောက်အဦးပြန်လည်တည် ဆောက်ပေးရေးဆန္ဒထုတ်ဖော်မှုဖြင့် ထောင်ဒဏ်လေးလကျခံခဲ့ရပြီး လက်ရှိအချိန်တွင်ဒေါ်ခင်ဝင်း အသတ်ခံရမှုအတွက် ဆန္ဒထုတ်ဖော်ခဲ့သဖြင့် ပုဒ်မ(၁၈)တစ်မှုနှင့်တရုတ်ဘုံကျောင်းရှေ့တွင် သွားရောက်ဟောပြောမှုဖြင့် ပုဒ်မ(၁၈) တို့ကိုတရားရုံးတွင် အမှုရင်ဆိုင်လျှက်ရှိကြောင်းသိရသည်။

“ကျွန်တော်ကတော့ ကျွန်တော့်ပြစ်ဒဏ်ကျခံရတဲ့လွတ်ရက်စေ့လို့ပါ။ 

ကျွန်တော်နဲ့ လက်ရှိမှာ လုပ်ဖော်ကိုင် ဖက်ထဲက(၇)ယောက် လောက် ကျန်ပါသေးတယ်။အခြားထောင်အသီးသီးမှာကျွန်တော်တို့ရဲဘော်ရဲဘက် တွေအများကြီးရှိပါသေးတယ်။ကျွန်တော်အနေနဲ့ပြောချင်တာက ကျွန်တော် တို့ပြည်သူတွေတင်မြှောက်လိုက်တဲ့ ပြည်သူ့အစိုးရပေါ့နော်ပြည်သူ့သမ္မတ ကနေပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေ လုပ်ဖော်ကိုင်ဖက်တွေက
သူတို့ဒီနေရာမရောက်ခင်ကတည်းက အတူတူတိုက်ပွဲဝင်ခဲ့ကြတယ်။ရုံးကန် လှုပ်ရှားခဲ့ကြတယ်ပေါ့နော်။ အခုသူတို့ဒီနေရာတွေရောက်နေပြီ လုပ်ပိုင် ခွင့်တွေရှိနေပြီ ဆိုတော့ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို မေ့မသွားပါနဲ့ လို့။ကျွန်တော်တို့လုပ်ဖော်ကိုင်ဖက်တွေဟာ ထောင်ထဲမှာ ဒုက္ခသုက္ခတွေများ ပါတယ်။အဲဒါတွေကိုလုပ်ပိုင်ခွင့်ရှိတုန်း စာနာနားလည်စွာနဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့အခြား အလုပ်သမား၊ကျောင်းသား၊ လယ်သမားတွေကိုအမြန်ဆုံးလွှတ်ပေးနိုင်ပါစေလို့ တောင်းဆိုချင်ပါတယ်။”ဟု ကိုမျိုးသူထွဋ်ကပြောသည်။


လက်ရှိအချိန်တွင် ထွက်ပေါ်လျှက်ရှိသော ကောလာဟာလများကြောင့်ပဲခူးတိုင်းဒေသကြီး၊ ပြည်အကျဉ်းထောင်ရှေ့တွင် အကျဉ်းကျခံနေရသူများ၏လုပ်ဖော်ကိုင်ဖက်များ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများမှလာရောက်စောင့် ဆိုင်းမှုများ ရှိနေသော်လည်း လွတ်ရက်စေ့အကျဉ်းသား တစ်ဦးသာထွက် လာခဲ့သဖြင့် လူစုခွဲပြန်သွားကြကြောင်း သိရသည်။

“သိပ်တော့ မထင်ပေမယ့် လွတ်များလာမလားဆိုပြီးလာစောင့်တာပါ။သူတို့ မလွတ်တောင် ဒီနေ့က ရဲဖော်ရဲဖက်တစ်ဦးဖြစ်တဲ့ကိုမျိုးသူထွဋ်တော့ လွတ်ရက်စေ့နဲ့ထွက်လာမှာပါ။ ကိုယ်တို့လက်ရှိရင်ဆိုင်နေရတဲ့ အမှုတွေ လည်း ဘယ်လိုဖြစ်လာဦးမလည်းဆိုတာ မသိသေးပါဘူး။”ဟုထောင်ရှေ့ သို့ လာရောက် စောင့်ဆိုင်းနေသူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူဦးမြင့်အေး က ပြောသည်။

ကိုလေး(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List