Tuesday, April 05, 2016

ချင်းအမျိုးသားစာပေဖွံ့ဖြိုးရေး ဦးစားပေးလုပ်ဆောင်မည်ဟု မကွေးတိုင်း ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးပြောကြား


ချင်းအမျိုးသားစာပေဖွံ့ ဖြိုးရေး ပထမဦးစားပေး လုပ်ဆောင်မည်ဖြစ် ကြောင်း မကွေးတိုင်းဒေသကြီး ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှထွန်းကပြောသည်။‘‘လူမှုအဖွဲ့အစည်းတွေက ကချင်အမျိုးသားစာပေသင်တန်း တွေ ဖွင့်ပါတယ်။ တောင်တွင်း ကြီးမြို့နယ် ၁၁ ရွာမှာ ချင်းစာပေသင်တန်းပေးတဲ့ သင်တန်းဆင်းပွဲတွေကို တက်တယ်။ 
လိုအပ်တာတွေ ကူညီနိုင်ဖို့ လေ့လာဆွေးနွေး ပါတယ်။ စာသင်ကျောင်း အခြေအနေတွေရောပေါ့။ ကျောင်းမတက်နိုင်တဲ့ ကလေးတွေ ကျောင်းတက်နိုင်အောင်၊ ဒါတွေကို ပထမဆုံး လုပ်ဆောင်သွား ပါမယ်’’ဟု ဧပြီ ၄ ရက်က ကျင်းပမည့် မကွေးတိုင်းဒေသကြီးလွှတ်တော် န၀မအကြိမ်ပုံမှန်အစည်းအဝေးတွင် ချင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး အဖြစ် ခန့်အပ်ခံရသည့် ဦးလှထွန်းကပြောကြားသည်။

ထို့အပြင် ချင်းတိုင်းရင်းသား အများစုသည် နယ်စပ်ဒေသများ၊ တောင်ပေါ် များတွင် နေထိုင်ရ၍ မြေပြန့်ဒေသများကဲ့သို့ လယ်ယာ မြေများမရှိကြောင်း၊ ထို့ကြောင့် တောင်ပေါ်ဒေသနှင့် ကိုက်ညီ သည့် စိုက်ပျိုးသီးနှံများကို ၁၂ ရာသီ စိုက်ပျိုးနိုင်ပြီး လူမှုစီးပွား ဘ၀များ မြင့်တက်လာရန် လုပ် ဆောင်လို ကြောင်း ၎င်းကဆို သည်။

‘‘တိုင်းရင်းသားတွေက များ သောအားဖြင့် နယ်စပ်နဲ့ တောင် ပေါ်ဒေသတွေ မှာ နေကြတယ်။ လယ်ယာနဲ့ပတ်သက်ပြီး ရှားပါး နိမ့်ကျတယ်။ တောင်ပေါ် ဒေသမှာ စိုက်ပျိုးနိုင်တဲ့သီးနှံနဲ့ နိုင်ငံတကာအဆင့်မီတဲ့ နည်းပညာတွေ ရအောင် ကြိုးစားမယ်။ စိုက်ပျိုးနိုင်တဲ့ ၀ါး၊ မျှစ်လိုဟာမျိုးတွေပေါ့’’ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ တောင်ပေါ်ဒေသ နှင့် ကိုက်ညီသည့် ၀ါး၊ မျှစ်တို့အ ပြင် အခြား စိုက်ပျိုးနိုင်သော သီးနှံ ၁၁ မျိုးခန့် လိုအပ်ကြောင်း၊ သို့မှသာလျှင် ၁၂ ရာသီစိုက်ပျိုးသီးနှံ များရှိနေပြီး နိုင်ငံတကာစံချိန်စံနှုန်း များနှင့် ကိုက်ညီမည်ဖြစ်ကြောင်း နည်းပညာမျိုးစေ့များ ထောက်ပံ့ ကူညီနိုင်ပါမှ ချင်းတိုင်းရင်းသား များ၏လူမှုဘ၀ တဖြည်းဖြည်းတိုး တက်လာမည်ဖြစ် ကြောင်း ၀န်ကြီး ဦးလှထွန်းက ပြောကြား သည်။

၎င်းအနေဖြင့် မိမိလုပ်နိုင်သော အထက်ပါလုပ်ငန်းများကို စတင် လုပ်ဆောင် မည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးဌာန၏ ညွှန် ကြားချက်များကိုလည်း လိုက်နာ ညှိနှိုင်း ဆောင်ရွက်မည်ဖြစ် ကြောင်း ဦးလှထွန်းကဆက်လက် ပြောကြားသည်။

7Day News Journal

No comments:

Post a Comment

My Blog List