Wednesday, April 06, 2016

သမ္မတ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို လက်မှတ်ရေးထိုး ပြီးသည်နှင့် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်အဖြစ် စတင်ဆောင်ရွက်နိုင်မည်


နိုင်ငံတော်အခြေခံဥပဒေ ပုဒ်မ ၁၀၅ အရ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်မှ ပေးပို့လာသည့် ပြည်ထောင်စု လွှတ်တော်မှအတည်ပြုသော သို့မဟုတ် ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် ဖြစ်သော ဥပဒေကြမ်းများကို လက်ခံရရှိသည့် နေ့၏ နောက်တနေ့မှ ၁၄ ရက်အတွင်း လက်မှတ်ထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရမည်။
သို့မဟုတ် ပြင်ဆင်ချက်အချို့ ပြုလုပ်ရန် သမ္မတက မှတ်ချက်ပေးပြီး လွှတ်တော်သို့ ပြန်လည်ပေးပို့နိုင်ချေသည်။

အဆိုပါ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြသည့် စစ်သားကိုယ်စားလှယ်များနှင့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များအနေဖြင့် အခြေခံဥပဒေ ခုံရုံးသို့ စိစစ်ပေးပါရန် တောင်းဆိုနိုင်သော်လည်း အဆိုပါ ဥပဒေမှာ အတည်ဖြစ်သည်။

အကယ်၍ ခြေဥခုံရုံးက အဆိုပါ ဥပဒေပါ အချက်အလက်အချို့ ကို ပြုပြင်ပြင်ဆင်ရန် မှတ်ချက်ပေးပါက လွှတ်တော်က ပြင်ဆင်ရမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အဆိုပါ ဥပဒေသည် အတည်ဖြစ်လျက်ရှိမည် ဖြစ်ပြီး အဆိုပါ ဥပဒေကို သမ္မတဦးထင်ကျော်က လက်မှတ်ရေးထိုးအတည်ပြု ပြီးပါက ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် တာဝန်ထမ်းဆောင်နိုင်ပြီ ဖြစ်သည်။

The Ladies News

No comments:

Post a Comment

My Blog List