Wednesday, April 06, 2016

ဘယ်သူမှထင်မထားတဲ့ ကစားကွက်တစ်ခု သို့မဟုတ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်


မြန်မာနိုင်ငံရဲ့ ထိပ်တန်းသတင်းတွေကတော့ အဟုန်မပြတ်ဆက်လက်စီးဆင်းလို့နေပါတယ်။ နိုင်ငံတော် သမ္မတဦးထင်ကျော်နဲ့ ဒုသမ္မတတွေ၊ ဒေါ် အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုဝန်ကြီး တွေ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင် ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ကတိသစ္စာပြုတယ်။ ဒေါ် အောင်ဆန်းစုကြည် ကိုင်တွယ်မယ့် ဝန်ကြီးဌာနလေးခုကိုလည်း တရားဝင်ကြေညာပါတယ်။
နိုင်ငံတော်သမ္မတတာဝန်လွှဲပြောင်း တယ်။ ညစာစားပွဲလုပ်တယ်။ သမိုင်းဝင် နေ့ရက်အပြီး နောက်တစ်ရက်မှာပဲ ဒေါ် အောင်ဆန်းစုကြည်အား နိုင်ငံတော် ၏ အ တိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် အမြန်ဆုံးခန့်အပ် နိုင်ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းအား အမျိုးသား လွှတ်တော်က တင် တယ်။ နိုင်ငံတော်သမ္မတ ကတော် ဒေါ်စုစုလွင် နိုင်ငံတကာဆက်ဆံ ရေး ကော် မတီ တွင် ဥက္ကဋ္ဌကနေ ထွက်တယ်။

ဒုတိယအကြိမ်လွှတ်တော်ကိုမတက်ရောက် သေးတဲ့ ယခင် ဒုသမ္မတဟောင်း နှစ်ဦးက လည်း ကတိသစ္စာပြုတယ်။ နိုင်ငံပိုင်သတင်း စာတွေ ပုံစံပြောင်း တယ်။ ဒီတစ်ပတ်သတင်း တွေကတော့ သမိုင်းတွင်ခဲ့ပါတယ်။

သူတို့ ကတိ သစ္စာပြုကြလေပြီ
-------------------------------------
မတ် ၃ဝ ရက်ဖြစ်ပါတယ်။ နိုင်ငံ တော်သမ္မတဦးထင်ကျော်နဲ့ ဒုသမ္မတတွေ ပြည်ထောင်စုလွှတ်တော်နာယကရှေ့မှာ ကတိသစ္စာပြုပါတယ်။

ကတိသစ္စာပြုပြီးနောက် ပြည် ထောင်စုလွှတ်တော်ကို မိနစ် ၂ဝ နားပါ တယ်။ ဒါဟာ ကတိသစ္စာပြုပြီးနောက် နိုင်ငံ တော်သမ္မတဖြစ်လာတဲ့ ဦးထင်ကျော် ဟာ ချက်ချင်းဆိုသလို ကြေညာချက်တွေထုတ် နိုင်အောင် လုပ်ဆောင်ဖို့ အတွက် ဖြစ်ပါ တယ်။ ဒါမှလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု ဝန်ကြီးတွေ နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ကတိ သစ္စာ ပြုနိုင်မှာဖြစ်ပါတယ်။

အဲဒီနောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်မယ့် ဝန်ကြီးဌာနလေးခုအပါအ ဝင် ဝန်ကြီး ၁၈ ဦးကို တရားဝင် ကြေညာ ပါတယ်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပ ဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌစာရင်းလည်း ကြေညာပြီး နောက် ကတိသစ္စာပြုခဲ့ပါတယ်။

နိုင်ငံတော်သမ္မတသစ်ရဲ့ ပထမဆုံးမိန့်ခွန်း၊ အတိုဆုံးမိန့်ခွန်း
------------------------------------------------------------------
အဲဒီနောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သူ့ရဲ့ပထမဆုံးမိန့်ခွန်း၊ အ တိုဆုံးမိန့်ခွန်းကို ပြောပါတယ်။

ယခုအစိုးရသစ်အနေနဲ့ အမျိုး သားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ် ရေးကိုရှေးရှုတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ခု ပေါ်ပေါက်ရေးနဲ့၊ ပြည်သူလူထုအများစု၏ လူနေမှုဘဝ အဆင့်အတန်းတိုးတက်မြင့် မားရေးတို့ကို အကောင်အထည်ဖော်ဆောင် သွားမှာဖြစ်ပါတယ်လို့ မြန်မာနိုင်ငံရဲ့ ကိုး ဆက်မြောက်သမ္မတ အဖြစ်ဆက်ခံ တဲ့ နိုင်ငံ တော်သမ္မတ ဦးထင်ကျော်ကတော့ ပြည် ထောင်စုလွှတ်တော်မှာ ကတိသစ္စာပြုပြီး နောက် အခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ် ပါတယ်။

လေးမိနစ်လောက်သာကြာတဲ့ သူ့ရဲ့အတိုဆုံးမိန့်ခွန်းမှာ ထိရောက်တဲ့ Me-ssage တွေကိုပဲထည့်ပြောခဲ့ပါတယ်။

၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ရွေး ကောက်ပွဲရလဒ်ကြောင့် ဖြစ်ထွန်းလာတဲ့ ဒုတိယအကြိမ် လွှတ်တော်နဲ့အစိုးရအဖွဲ့များ ဟာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒ များနဲ့ ကိုက်ညီစွာ ဖွဲ့စည်းထားခြင်းဖြစ်ပါ တယ်လို့ ဒေါ်အောင်ဆန်းစုကြည် အမည် နာမကို လည်း ထုတ်ပြောခဲ့ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခေါင်းဆောင် ပိုင်းမှာရှိနေတယ်ဆိုတာကို တစ်နည်းတစ်ဖုံ ထုတ်ပြောလိုက် တာပဲဖြစ်ပါတယ်။

ယခု ပေါ်ပေါက်လာတဲ့ ပြည် ထောင်စုအစိုးရအဖွဲ့ဟာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်များ၊ ဆန္ဒများပြည့်ဝစေရန် မမှိတ်မသုန်ကြိုးပမ်းဆောင် ရွက်သွားမှာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကတော့ ကတိ ပေးသွားခဲ့တာတွေ့ရပါတယ်။

ဒီပွဲကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လည်း တက်ရောက်ပါတယ်။

NLD နာယကကြီး သူရဦးတင် ဦးနဲ့အဖွဲ့၊ သူရဦးရွှေမန်း၊ နိုင်ငံတကာမှဒီပ လိုမာများ၊ သမ္မတဦးထင်ကျော်မိသားစုများ၊ အနုပညာရှင်များ (စာရင်းအရ လေ့ လာသူ ၃ဝဝဝ ခန့် ) တက်ရောက်ခဲ့ပါတယ်။

သမိုင်းဝင်အပြောင်းအလဲ
-----------------------------
''ပြည်သူလူထုရဲ့ မျှော်လင့်ချက် များ၊ ဆန္ဒများပြည့်ဝစေရန် မမှိတ်မသုန် ကြိုး ပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သမ္မတ ဦးထင်ကျော်က ပြောသွား တယ်။ ဒါဟာ ဒီမိုကရေစီမှာ ပြည်သူတွေအတွက်ပဲ ဖြစ်ရ မယ်။ အဘအနေနဲ့ အရမ်းဝမ်းသာတာပေါ့ ဗျ''လို့ သူရဦးတင်ဦးကလည်း ပြောပါတယ်။

''ကျွန်မအရမ်းဝမ်းသာနေပါတယ်။ ကျွန်မတို့တစ်တွေ အနှစ်နှစ်အလလ အပင် ပန်းခံ၊ အဆင်းရဲခံကြိုးစားခဲ့ရတာတွေ အခု တော့ ဒီမိုကရေစီလမ်း ကြောင်း ပေါ် စပြီး လျှောက်နေပြီဖြစ်ပါတယ်''ဟု ဒေါ်အောင် ဆန်းစုကြည် ရဲ့ ကိုယ်ရေးအရာရှိအဖြစ်ဆောင် ရွက်ခဲ့သူ ဒေါက်တာတင်မာအောင် က ပြော ပါတယ်။

''နိုင်ငံတော်အတွက် ပိုမိုကောင်း မွန်တဲ့ သမိုင်းဝင်အပြောင်းအလဲတစ်ခုဖြစ် တဲ့အတွက် ဝမ်းသာပါတယ်''လို့ သူရဦးရွှေ မန်းက သူ့ရဲ့လူမှုစာမျက်နှာကနေ ကောင်း ချီးပေးပါတယ်။

အဲဒီနောက်မှာ နိုင်ငံတော်သမ္မတ တာဝန်လွှဲပြောင်းပေးအပ်ခြင်းအခမ်းအ နားကို နိုင်ငံတော်သမ္မတအိမ်တော် သံတ မန်ဆောင် ဧည့်ခန်းမမှာ ကျင်းပခဲ့တာဖြစ် ပါတယ်။

ဒီအခမ်းအနားဟာ ၁ဝ မိနစ် လောက်သာကြာခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော်သမ္မတအသစ်အ ဖြစ်ရွေးချယ်ခြင်းခံထားရတဲ့ ဦးထင်ကျော် ထံ နိုင်ငံတော်သမ္မတရဲ့တာဝန်နဲ့ လုပ်ပိုင် ခွင့်တွေကို လွှဲပြောင်းပေးအပ်တဲ့ကြေညာ ချက်နဲ့ နိုင်ငံတော်သမ္မတ၏ အဆောင်အ ယောင် ရွှေစလွယ်ကို နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော်ထံ လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။ ဒီပွဲကို သမ္မတဟောင်း ဦးသိန်းစိန်ရဲ့အစိုးရ အဖွဲ့ဟောင်း နဲ့ သမ္မတသစ်ဦးထင်ကျော်ရဲ့ အစိုးရအဖွဲ့သစ်တို့ တက်ရောက်ပါတယ်။

ထူးခြားမှုအနေနဲ့ ဒီပွဲကို တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်လည်းတက်ရောက်ခဲ့ပြီး ဒေါ်အောင် ဆန်းစုကြည်နဲ့အတူ ခန်းမထဲဝင်ရောက်လာ တဲ့မြင်ကွင်းဟာလည်း အမျိုးသားရင်ကြား စေ့ရေး ကိုဦးတည်စေတဲ့ မြင်ကွင်းတစ်ခုဖြစ် ခဲ့ပါတယ်။ အကန့်အသတ်နဲ့ သတင်းရ ယူ ခွင့်ရခဲ့တဲ့မီဒီယာတွေကလည်း ဒါကို အမိ အရမှတ် တမ်းရယူနိုင် ခဲ့တာ တွေ့ရပါတယ်။

သမိုင်းဝင်အခမ်းအနားတစ်ခု ကတော့ လှပစွာအဆုံးသတ်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ သမ္မတဟောင်း ဦးသိန်းစိန်က လည်း သူကတိခံထားတဲ့အတိုင်း နောင်အ စိုးရထံ အေးဆေးစွာလွှဲပေးခဲ့ပါတယ်။ မြန်မာ့ နိုင်ငံရေးသမိုင်း မှာတော့ သိမ်မွေ့ညင်သာ စွာနဲ့ အသွင်ကူးပြောင်းနိုင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
မတ် ၃၁ ရက် ဖြစ်ပါတယ်။ ဦး ဝင်းထိန်ပြောခဲ့သလို မထင်ရတဲ့အရာတွေ တွေ့ရမယ်။ စောင့်ကြည့်ပါဆိုတဲ့အတိုင်း ဘယ်သူမှမထင်ထားတဲ့ ကစား ကွက်တွေ ကို မြင်နေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အား
--------------------------------နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်အမြန်ဆုံးခန့်အပ်နိုင်ရေးအတွက် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း အား ဦးအောင် ကြည်ညွန့်က အမျိုးသား လွှတ်တော်ကို တင်ပါတယ်။ ဒီဥပဒေကြမ်း မှာ အခန်းငါးခန်းနဲ့ အပိုဒ်ရှစ်ပိုဒ်စာ ပါပါ တယ်။ ဖွဲ့စည်းပုံနဲ့လည်းမဆန့်ကျင်ဘဲ အ ရိုးရှင်းဆုံးသောဥပဒေကြမ်းပါ။ တစ်ပတ်အ တွင်း ပြဋ္ဌာန်းနိုင်မယ်။

အရင်ကလည်း ရပ် ကျေးဥပဒေကို ဒီလိုခပ်မြန်မြန်ပဲပြဋ္ဌာန်းခဲ့ တာလို့ ဦးအောင်ကြည်ညွန့်ကပြောပါတယ်။

(ဒီဥပဒေကြမ်းမှာ အခန်း(၁) အမည်နှင့်အဓိ ပ္ပာယ်ဖော်ပြချက်)

၁။ ဤဥပဒေကို နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစ ကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်။
(က) ''နိုင်ငံတော်'' ဆိုသည်မှာ ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုလို သည်။
(ခ) ''အတိုင်ပင်ခံပုဂ္ဂိုလ်''ဆိုသည်မှာ အခန်း (၂)ပါ ရည်ရွယ်ချက်များ အောင်မြင်စေရန် အတွက် ဤဥပဒေအရ တာဝန်ပေးအပ်ခြင်း ခံရသူကို ဆိုလိုသည်။
အခန်း(၂)ရည်ရွယ်ချက်များ
၃။ (က) ပါတီ စုံဒီမိုကရေစီစနစ်ထွန်းကားရေး။
(ခ) ဈေး ကွက်စီးပွားရေးစနစ်ပီပြင်ရေး။
(ဂ) ဖက်ဒ ရယ်ပြည်ထောင်စုနိုင်ငံတော်တည်ဆောက် ရေး။
(ဃ) ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး။

အခန်း(၃) တာဝန်ပေး အပ်ခြင်း

၎။ ၂ဝ၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ များ ၏ယုံကြည်အားကိုးမှုဖြင့် တစ်ခဲနက်ထောက်ခံ မဲရရှိခဲ့သည့် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ တော်၏အတိုင် ပင် ခံ ပုဂ္ဂိုလ်အဖြစ် ပြည်ထောင် စုလွှတ်တော်က တာဝန်ပေးအပ်သည်။

အ ခန်း(၄) တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့် များ၊

၅။ အတိုင်ပင်ခံပုဂ္ဂိုလ်၏တာဝန်၊ လုပ် ပိုင်ခွင့်နှင့်ရပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
(က) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်မဆန့်ကျင်စေဘဲ နိုင်ငံတော်နှင့်နိုင်ငံ သားများ၏ အကျိုးစီးပွားများအတွက် အကြံ ပြုချက်များ ပေးရမည်။
(ခ) အကြံပြုချက်များ ဆောင်ရွက်ချက်များ နှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် သို့ တာဝန်ခံရမည်။
(ဂ) အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဤဥပဒေပါ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်း များ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည်။
(ဃ) အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရာထူးအ လျောက်ရရှိသည့် လစဉ်ချီးမြှင့်ငွေစရိတ်၊ အဆောင်အယောင်နှင့် အခွင့်အရေးများ ကို ခံစားခွင့်ရှိသည်။
(င) အတိုင်ပင်ခံပုဂ္ဂိုလ်၏ ချီးမြှင့်ငွေစရိတ်
နှင့်အဆောင်အယောင်များအတွက် ပြည် ထောင်စု၏ဘဏ္ဍာငွေအရ အသုံး ဆိုင်ရာ ဥပဒေတွင် ခွဲဝေသတ်မှတ်ထားရှိရမည်။
အခန်း ၅ အထွေထွေ။
၆။ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက်တမ်း သည် နိုင်ငံတော် သမ္မတ၏ရာထူးသက်တမ်း အတိုင်း ဖြစ်သည်။ 
၇။ ဤဥပဒေသည် ဒုတိယအကြိမ် ပြည် ထောင်စုလွှတ်တော်သက်တမ်း ကာလ တွင် တာဝန်ထမ်းဆောင်သည့် နိုင်ငံတော်သမ္မတ ၏ သက်တမ်း ကာလ အတွက်သာ ဖြစ်စေ ရမည်။
၈။ ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေ ပါပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း ၍ လိုအပ် သောနည်းဥပဒေများကို ထုတ်ပြန်နိုင်သည် လို့ ဆိုထားပါတယ်။

ဒီဥပဒေကြမ်းအား လွှတ် တော်ကိုယ်စားလှယ်လေးဦးနှင့် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် သုံးဦးတို့က ဧပြီ ၁ ရက်မှာပြုလုပ်တဲ့ အမျိုးသား လွှတ် တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။ အခြေခံဥပ ဒေဖွဲ့စည်းပုံနဲ ညီညွတ်မှု မရှိဘူး။ တစ်စုံတစ် ဦးအတွက် ပြဋ္ဌာန်းဖို့မဖြစ်နိုင်ဘူးလို့ တပ်မ တော်သား လွှတ် တော် ကိုယ်စားလှယ်သုံး ဦးနဲ့ USDP က ကိုယ်စားလှယ်သုံးဦးတို့ က ကန့်ကွက်ခဲ့ပါတယ်။

ကျွန်တော်တို့လုပ်တာ အခြေခံ ဥပဒေဖွဲ့စည်းပုံနဲ့ ညီညွတ်မှုရှိပါတယ်။ပုဒ်မ ၂၁၇ အရ ဆောင်ရွက်တာဖြစ်ပါတယ်လို့ ဦးအောင်ကြည်ညွန့်က ပြောပါ တယ်။ (ပုဒ်မ ၂၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်မဆန့်ကျင် စေဘဲ ပြည်ထောင်စု ၏အုပ်ချုပ်မှုအာဏာသည် နိုင်ငံတော်သမ္မတ ၌ တည်ရှိ သည်။ ဤစကားရပ်ကြောင့် ပြည် ထောင်စုလွှတ်တော်သည် အာဏာပိုင်အ ဖွဲ့အစည်းတစ်ရပ်ရပ်အားလည်းကောင်း၊ အာဏာပိုင်ပုဂ္ဂိုလ်တစ်ဦးဦးအား လည်း ကောင်း တာဝန်နှင့်လုပ်ပိုင်ခွင့်များပေးအပ် ခြင်းမပြုနိုင်ဟုမမှတ်ယူရ။ ထို့အပြင် ယင်း စကားရပ်ကြောင့် တည်ဆဲဥပဒေများအရ သက်ဆိုင်ရာ အာဏာ ပိုင် အဖွဲ့အစည်းတစ် ရပ်ရပ်အားဖြစ်စေ၊ သက်ဆိုင်ရာ အာဏာ ပိုင်ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေ အပ်နှင်းထား သည့် တာဝန်နှင့်လုပ်ပိုင်ခွင့် များ ကို နိုင်ငံ တော်သမ္မတအား လွှဲပြောင်းပေးအပ်သည် ဟုလည်း မမှတ် ယူရ။)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုင်ရာဥပဒေကြမ်းသည် နိုင်ငံတော်နှင့် နိုင်ငံ သားတို့၏အကျိုးစီးပွားအလို့ငှာ ဆောလျင် စွာဆောင်ရွက်ရန် လိုအပ် နေပါတယ်လို့ဆို ပါတယ်။

ဒါကြောင့် အမျိုးသားလွှတ်တော် မှာ မဲခွဲဆုံးဖြတ်ရာမှာတော့ ထောက်ခံမဲ ၁၃၇ ၊ ကန့်ကွက်မဲ ၇ဝ ဖြင့် အတည်ပြုခဲ့ပါ တယ်။ ပြည်သူ့လွှတ်တော်မှာ ဆက်လက် ဆွေးနွေးမှာဖြစ်ပါတယ်။ ပြီးရင်တော့ ပြည် ထောင်စုလွှတ်တော် မှာ အတည်ပြုမှာဖြစ် ပါတယ်။

သုံးသပ်
-----------
မြန်မာနိုင်ငံရဲ့ ထိပ်တန်းသတင်း တွေကတော့ အဟုန်မပြတ် ဆက်လက်စီး ဆင်းလို့နေပါတယ်။ ဆက်လက်စီးဆင်းနေ မှာပဲဖြစ်ပါတယ်။

အစိုးရသက်တမ်းရက် ၁ဝဝ အတွင်းမှာ တာထွက်ကောင်းအောင်တော့ သမ္မတ ဦးထင်ကျော်ရဲ့အစိုးရအဖွဲ့နဲ့ ဒေါ် အောင်ဆန်းစုကြည်တို့ကတော့ အစွမ်းကုန် လုပ်ဆောင်ကြမယ်လို့တော့ ပြောလို့ရပါ တယ်။

အရပ်သားစစ်စစ် အစိုးရပေါ်ပေါက် လာခဲ့သည့် ယခု ၂ဝ၁၆ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံ၏ ရှေ့ခရီးဆက်ရာတွင်လည်း ပိုမိုကျယ်ပြန့်သောစီးပွား ရေး ဖွံ့ဖြိုးတိုးတက် စေရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး တို့ကို တိုးတက် အောင် ဖော်ဆောင်ခြင်းအ ပြင် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် လည်း အခွင့်အရေးနှင့်လွတ်လပ်မှုတို့အား တိုးမြှင့်ဆောင်ရွက်ခြင်းအပါအဝင် သိသာ ထင်ရှားသည့်စိန်ခေါ်မှုများကို ရင်ဆိုင်ရ မည်ဖြစ်ကြောင်း အမေရိကန် သမ္မတ အိုဘား မားကတော့ ချီးလည်း ချီးကျူးသတိပြုရမှာ တွေကို လည်း ထောက်ပြပြောခဲ့ပါတယ်။

အစိုးရသစ်တာဝန်ယူပြီးဖြစ်ပေ မယ့် မီဒီယာတွေနဲ့တွေ့ဆုံခြင်း၊ သတင်းစာ ရှင်းပွဲတွေမလုပ်ပေးခြင်းကလည်း သတင်း မီဒီယာတွေအတွက် စိန်ခေါ်မှု များဖြစ်နေ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ သလို သမ္မတအပေါ်မှာ ကျွန်မရှိတယ်ဆို တာကိုလည်း စောင့်ကြည့်ရမှာပါ။ ဒီအတွက် လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင် ရာဥပဒေက ဒေါ်အောင်ဆန်းစုကြည်အ တွက် လုပ်ပိုင်ခွင့်တွေရလာမှာဖြစ်ပါတယ်။

မထင်မှတ်ထားတာတွေ မြင်တွေ့ ရဦးမယ်လို့ ဦးဝင်းထိန်ပြောသလို သတင်း သမားတွေမသိတဲ့ အားလုံးက မသိနိုင်တဲ့ ကစားကွက်တွေ အခင်း အကျင်းသစ်တွေ က ဘယ်လိုလာဦးမလဲဆိုတာကတော့ စောင့် ကြည့်ရမှာ ဖြစ်ကြောင်းပါဗျာ။ ။

Flower News Journal

No comments:

Post a Comment

My Blog List